၁၉၅၈ တုန်းက ကြမ္မာဆိုးနဲ့ပြန်လည်ရင်မဆိုင်ရအောင် ကြိုးပမ်းရမယ့် အီတလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပထိပ်သီးအီတလီအသင်းဟာ ဒီနေ့ည(မြန်မာစံတော်ချိန် အင်္ဂါမနက် ၂:၁၅)မှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် မြောက်အိုင်ယာလန်အသင်းနဲ့အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အီတလီအသင်းအနေနဲ့ အုပ်စုတွင်း(၇)ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက ဆွစ်ဇာလန်နဲ့(၁၅)မှတ်ချင်းတူညီနေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ နောက်ဆုံးပွဲအထိအဆုံးအဖြတ်ခံရမှာပါ။

ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့အိမ်ကွင်းပွဲမှာ ကွင်းလယ်လူဂျော်ဂျင်ဟို နိုင်ပွဲရဖို့အပိုင်အခွင့်အရေးဖြစ်တဲ့ ပယ်နယ်တီလွဲချော်ခဲ့တာကြောင့်

အီတလီအသင်းလက်ကျန်ပွဲမတိုင်ခင် တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို မြောက်အိုင်ယာလန်ကို မဖြစ်မနေအနိုင်ကစားရတော့မှာဖြစ်ပါတယ်။

အီတလီအသင်းက ဂိုးကွာခြားချက်မှာ ဆွစ်ဇာလန်အသင်ကို အသာရထားတာကြောင့် နိုင်ပွဲရရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် ၁၉၅၈ ခုနှစ်တုန်းကလို ကြမ္မာဆိုးနဲ့ ပြန်လည်ရင်မဆိုင်ရအောင် ကြိုးစားရမှာဖြစ်ပါတယ်။

၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မြောက်အိုင်ယာလန်နဲ့အီတလီအသင်းတို့ဆုံတွေ့ခဲ့ချိန်မှာ မြောက်အိုင်ယာလန်အသင်းက

ကမ္ဘာ့ဖလားချန်ပီယံဟောင်း အီတလီအသင်းကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲ အနိုင်ယူခဲ့တာကြောင့် အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။

၁၉၅၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို Belfast မြို့မှာကစားခဲ့ရသလို အခုလာမယ့်ပွဲကလည်း Belfast မြို့က Windsor Park ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မြောက်အိုင်ယာလန်အသင်းက ခြေစစ်ပွဲကနေထွက်ခဲ့ရပြီဖြစ်ပေမယ့် အီတလီအသင်းကို ဒုက္ခပေးနိုင်ဖို့ကြိုးစားမှာဖြစ်ပြီး တကယ်လို့

အီတလီအသင်း မထင်မှတ်ဘဲ ရလဒ်ဆိုးရွားပြီးတော့ Play-off ဝင်ခွင့်သာရမယ်ဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ကံကြမ္မာဆိုးတစ်ပတ်ပြန်မလည်လာအောင် ကြိုးစားရဦးမှာပါ။

အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့ပါဘူး။

အဲဒါကြောင့် မန်စီနီက “၁၉၅၈ တုန်းကအဖြစ်ဆိုးကို ကျွန်တော် ကောင်းကောင်းသိထားတာကြောင့် အဲဒီလိုပြန်မဖြစ်ဖို့ မျှော်လင့်ပါတယ်။

တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ပြိုင်ဘက်ကို ဖိအားကင်းကင်းနဲ့ရင်ဆိုင်ကစားသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၉၅၈ တုန္းက ၾကမၼာဆိုးနဲ႔ျပန္လည္ရင္မဆိုင္ရေအာင္ ႀကိဳးပမ္းရမယ့္ အီတလီ

ဥေရာပထိပ္သီးအီတလီအသင္းဟာ ဒီေန႔ည(ျမန္မာစံေတာ္ခ်ိန္ အဂၤါမနက္ ၂:၁၅)မွာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲစဥ္အျဖစ္ ေျမာက္အိုင္ယာလန္အသင္းနဲ႔အေဝးကြင္းပြဲယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ အီတလီအသင္းအေနနဲ႔ အုပ္စုတြင္း(၇)ပြဲကစားၿပီးခ်ိန္မွာ ဒုတိယေနရာက ဆြစ္ဇာလန္နဲ႔(၁၅)မွတ္ခ်င္းတူညီေနၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ ေနာက္ဆုံးပြဲအထိအဆုံးအျဖတ္ခံရမွာပါ။

ၿပီးခဲ့တဲ့ ဆြစ္ဇာလန္နဲ႔အိမ္ကြင္းပြဲမွာ ကြင္းလယ္လူေဂ်ာ္ဂ်င္ဟို ႏိုင္ပြဲရဖို႔အပိုင္အခြင့္အေရးျဖစ္တဲ့ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာေၾကာင့္ အီတလီအသင္းလက္က်န္ပြဲမတိုင္ခင္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ့္အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ေျမာက္အိုင္ယာလန္ကို မျဖစ္မေနအႏိုင္ကစားရေတာ့မွာျဖစ္ပါတယ္။ အီတလီအသင္းက ဂိုးကြာျခားခ်က္မွာ ဆြစ္ဇာလန္အသင္ကို အသာရထားတာေၾကာင့္ ႏိုင္ပြဲရရင္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ေပမယ့္ ၁၉၅၈ ခုႏွစ္တုန္းကလို ၾကမၼာဆိုးနဲ႔ ျပန္လည္ရင္မဆိုင္ရေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။

၁၉၅၈ ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲအျဖစ္ ေျမာက္အိုင္ယာလန္နဲ႔အီတလီအသင္းတို႔ဆုံေတြ႕ခဲ့ခ်ိန္မွာ ေျမာက္အိုင္ယာလန္အသင္းက ကမာၻ႔ဖလားခ်န္ပီယံေဟာင္း အီတလီအသင္းကို (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲ အႏိုင္ယူခဲ့တာေၾကာင့္ အီတလီအသင္း ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္ခဲ့ပါဘူး။ ၁၉၅၈ ကမာၻ႔ဖလားေျခစစ္ပြဲကို Belfast ၿမိဳ႕မွာကစားခဲ့ရသလို အခုလာမယ့္ပြဲကလည္း Belfast ၿမိဳ႕က Windsor Park ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။

ေျမာက္အိုင္ယာလန္အသင္းက ေျခစစ္ပြဲကေနထြက္ခဲ့ရၿပီျဖစ္ေပမယ့္ အီတလီအသင္းကို ဒုကၡေပးႏိုင္ဖို႔ႀကိဳးစားမွာျဖစ္ၿပီး တကယ္လို႔ အီတလီအသင္း မထင္မွတ္ဘဲ ရလဒ္ဆိုး႐ြားၿပီးေတာ့ Play-off ဝင္ခြင့္သာရမယ္ဆိုရင္ ၂၀၁၈ ကမာၻ႔ဖလားတုန္းက ကံၾကမၼာဆိုးတစ္ပတ္ျပန္မလည္လာေအာင္ ႀကိဳးစားရဦးမွာပါ။

အီတလီအသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲ Play-off အဆင့္မွာ ဆြီဒင္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ၁၉၅၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံအႀကိမ္အျဖစ္ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ မန္စီနီက “၁၉၅၈ တုန္းကအျဖစ္ဆိုးကို ကြၽန္ေတာ္ ေကာင္းေကာင္းသိထားတာေၾကာင့္ အဲဒီလိုျပန္မျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး ၿပိဳင္ဘက္ကို ဖိအားကင္းကင္းနဲ႔ရင္ဆိုင္ကစားသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။