(၁၈)နှစ်အကြာက ယူနိုက်တက်နဲ့ခရစ္စတီယာနိုတို့ရဲ့ ပွဲဦးထွက်အမှတ်တရပုံရိပ်တွေကို ပြန်လည်တူးဆွကြည့်ရအောင် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၀၃၊ သြဂုတ်လ(၁၆)ရက် . .၂၀၀၃-၀၄ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဘော်လ်တန်တို့ ကစားမယ့်ရက်ပေါ့။

အဲဒီအချိန်တုန်းက ကျွန်တော်က (၁၀)တန်းကျောင်းသားဘဝ။

ဟိုးငယ်ငယ်လေးကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို စွဲစွဲလမ်းလမ်းအားပေးခဲ့တာကြေင့် အသင်းရဲ့ပွဲတွေဆို တတ်နိုင်သလောက်မလွတ်တမ်းကြည့်ခဲ့တယ်၊ အခုပွဲကိုလည်း လမ်းထိပ်က ဘောလုံးပွဲပြတဲ့သူငယ်ချင်းအိမ်မှာ လူတွေကြားထဲတိုးဝှေ့ကြည့်ခဲ့ရဖူးတယ်။

အဲဒီတုန်းကလည်း အခုလို Facebook တွေ ၊ Sky Net တွေမရှိတော့ ဘောလုံးပွဲဝါသနာအိုးတွေအတွက် ပွဲပြတဲ့ရုံမှာ နေရာကောင်းရအောင် ပွဲမစခင်ကတည်းက ကြိုတင်နေရာယူရတာကလည်း ပျော်စရာကောင်းတဲ့အတိတ်တစ်ခုပါပဲ။

၂၀၀၃-၀၄ ရာသီမတိုင်ခင် ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး ဒေးဗစ်ဘက်ခမ် ရီးယဲလ်ရောက်သွားလို့ မကျေမနပ်တွေဖြစ်၊ ဖာဂီကြီးကို ပိုးစိုးပက်စက်တွေပြော၊ နံပါတ်(၇)ကို ဘယ်သူဝတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ခဲ့ရတယ်။

အဲဒါနဲ့ ယူနိုက်တက်နဲ့ဘော်လ်တန်ပွဲကို သွားကြည့်ခဲ့ပြီး ယူနိုက်တက်က (၃၅)မိနစ်မှာ ရိုင်ယန်ဂစ်ရဲ့ဖရီးကစ်ဂိုးနဲ့ ဦးဆောင်နေပေမယ့် ကစားပုံက အဲလောက်အကောင်းကြီးမဟုတ်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်ပေ့ါ။

ဒီလိုနဲ့ (၆၁)မိနစ်မှာ နစ်ကီဘတ်အစား ဘယ်ကမှန်းမသိတဲ့ ချာတိတ်တစ်ယောက် လူစားဝင်ကစားတယ်။

ဆံပင်က ကွေ့ကွေ့ကောက်ကောက်နဲ့ ကိုယ်တွေအချစ်တော် ဘက်ခမ်ရဲ့နံပါတ်(၇)ကိုလည်း ဝတ်ထားတယ်၊ နာမည်ကြည့်တော့လည်း ရော်နယ်လ်ဒိုဆိုပဲ။

အမှန်ပြောရရင် အဲဒီအချိန်က အခုလို သတင်းတွေမြန်မြန်ဆန်ဆန်မသိရသေးတဲ့အချိန်ဆိုတော့ ယူနိုက်တက် ဘယ်သူ့ကို ခေါ်လို့ခေါ်မှန်း သေချာမသိခဲ့ဘူး။

ဘယ်ကကောင်ကို နံပါတ်(၇)ပေးထားလဲမသိဘူးလို့ တွေးမိနေတုန်းမှာပဲ အဲဒီ ဆံပင်ကောက်ကောက်နဲ့ချာတိတ်က ကွင်းထဲဝင်လာတာနဲ့ ‘မြင်းကို ဇောင်းထဲက လွှတ်လိုက်သလို’ ပြေးလွှားကစား၊ ကိုယ်တွေတစ်ခါမှ မမြင်ဖူးခဲ့တဲ့ Tricks တွေနဲ့ ပလာတာရိုက်ပြဆိုတော့ နည်းနည်းတော့ ကြွေသွားတယ်။

သူ မဝင်လာခင်က ယူနိုက်တက်တိုက်စစ်ကို အေးဆေးထိန်းကစားနိုင်တဲ့ ဘော်လ်တန်အသင်းလည်း ဒီကောင်လေးကျမှ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ သွေးရူးသွေးတန်းတွေဖြစ်ကုန်တော့တာပဲ။

ဘော်လ်တန်အသင်းရဲ့ကွင်းလယ်ကဆရာကြီး ကီဗင်နိုလန်လို တည်တည်ငြိမ်ငြိမ်နဲ့ကစားတတ်တဲ့သူမျိုးတောင် ဒီချာတိတ်ကို ပေါ်တင်ကြီး ဆွဲလှဲချလို့ အဝါကတ်ထိပြီး ပယ်နယ်တီပါပေးခဲ့ရတယ်။

ဒီပယ်နယ်တီကို အဲဒီအချိန်က ‘နွားကြီး’၊ ‘ကောက်စား’လို့ ပရိသတ်တွေက ချစ်စနိုးနဲ့နာမည်လှလှတွေပေးထားတဲ့ နစ္စတယ်ရွိုင်း ကန်ခဲ့ပေမယ့် ဘော်လ်တန်ဂိုးသမားယက်စကယ်လိုင်နန်က ပုတ်ထုတ်ခဲ့တယ်။

ယူနိုက်တက်ကစားသမားတွေကလည်း ဘောလုံးရတိုင်း အဲဒီနံပါတ်(၇)ကိုပဲ ဘောလုံးပေးကစားခဲ့ပြီး သူကလည်း ခြေထောက်နဲ့ဘောလုံးထိတိုင်း ပွဲကြည့်နေတဲ့ပရိသတ်တွေ ‘ဟာ’ခနဲ ‘ဟင်’ခနဲဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်။

အဲဒီပွဲမှာ ယူနိုက်တက်အသင်းက ရိုင်ယန်ဂစ်က နှစ်ဂိုးသွင်း၊ စခိုးလ်၊ နစ္စတယ်ရွိုင်းတို့ရဲ့ဂိုးတွေနဲ့ (၄)ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အဲဒီအချိန်က အားကစားဂျာနယ်မျက်နှာဖုံးတွေမှာ နံပါတ်(၇)အကြောင်းကိုပဲ ဝေဝေဆာဆာနဲ့ဖော်ပြတော့တာပဲ။

အဲဒီတော့မှ ဂျာနယ်တွေဖတ်ပြီး နာမည်အပြည့်အစုံက ‘ခရစ္စတီယာနိုရော်နယ်လ်ဒို’ပါလားဆိုတာ သိလိုက်ရပါတော့တယ်။

အဲဒီအချိန်ကတည်းက ကျွန်တော်ဟာ ယူနိုက်တက်သာမက စီရော်နယ်လ်ဒိုရဲ့ပရိသတ်တစ်ဦးဖြစ်လာခဲ့ပြီး ခရစ္စတီယာနိုကို ကြိုက်တာက စကစားကတည်းက ပွဲရှိန်မနေဘဲ လုံးဝယုံကြည်မှုအပြည့်နဲ့ ကစားခဲ့တာပဲ။

ဘော်လ်တန်နဲ့ပွဲမှာ သူနဲ့အတူ ကစားသမားသစ် ဂျမ်ဘာဂျမ်ဘာလည်းပါဝင်ခဲ့ပြီး ဂျမ်ဘာဂျမ်ဘာလည်း ကစားတာမဆိုးပေမယ့် နောက်ပိုင်းမှာ နေရာမရတာရော၊ ပုံမှန်ခြေစွမ်းမရှိတာနဲ့ မြင်ကွင်းထဲက ပျောက်သွားခဲ့ရတယ်။

ဒါပေမဲ့ ယူနိုက်တက်ကစားသမားဘဝ အစပိုင်းနှစ်တွေမှာ စီရော်နယ်လ်ဒိုကို ပလာတာများလို့ အရမ်းကြီးတော့မကြိုက်ခဲ့ဘူး။

၂၀၀၆ ကမ္ဘာ့ဖလားမှာ ရွန်နီနဲ့ပြဿနာတက်ပြီးနောက်ပိုင်းမှ စီရော်နယ်လ်ဒိုဟာ မထင်မှတ်လောက်အောင် ခြေစွမ်းပိုင်းက တိုးတက်လာပြီး ကျွန်တော်တို့ ယူနိုက်တက်ပရိသတ်အချစ်တော်ဖြစ်လာခဲ့တယ်။

ဒီနေ့ဟာ ယူနိုက်တက်အသင်းမှာ စီရော်နယ်လ်ဒို ပွဲဦးထွက်ကစားခဲ့တဲ့ (၁၈)နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ ယူနိုက်တက်တို့ လမ်းခွဲသွားတာကြာပြီဆိုပေမယ့်လည်း အခုအချိန်အထိ နံပါတ်(၇)လို့ပြောလိုက်တာနဲ့ စီရော်နယ်လ်ဒိုကို ယူနိုက်တက်ပရိသတ်တွေပြေးမြင်နေဆဲပါပဲ။

ပရိသတ်ကြီးရေ . .ဒါက စီရော်နယ်လ်ဒို ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ပွဲက အမှတ်တရတွေကို ပြန်အောက်မေ့ဖော်ပြလိုက်တာပါ . . .

ပရိသတ်တွေထဲမှာလည်း အဲဒီတုန်းက ယူနိုက်တက်နဲ့ဘော်လ်တန်တို့ကစားခဲ့တဲ့ပွဲကို ကြည့်ဖူးခဲ့တဲ့သူတွေပါရင် ဘယ်လိုခံစားရလဲဆိုတာ ကိုယ့်အမြင်ကို Comment တွေရေးပေးခဲ့ပါလား . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

(၁၈)ႏွစ္အၾကာက ယူႏိုက္တက္နဲ႔ခရစၥတီယာႏိုတို႔ရဲ႕ ပြဲဦးထြက္အမွတ္တရပုံရိပ္ေတြကို ျပန္လည္တူးဆြၾကည့္ရေအာင္ . . .

၂၀၀၃၊ ၾသဂုတ္လ(၁၆)ရက္ . .၂၀၀၃-၀၄ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲကို အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေဘာ္လ္တန္တို႔ ကစားမယ့္ရက္ေပါ့။ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္က (၁၀)တန္းေက်ာင္းသားဘဝ။ ဟိုးငယ္ငယ္ေလးကတည္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို စြဲစြဲလမ္းလမ္းအားေပးခဲ့တာေၾကင့္ အသင္းရဲ႕ပြဲေတြဆို တတ္ႏိုင္သေလာက္မလြတ္တမ္းၾကည့္ခဲ့တယ္၊ အခုပြဲကိုလည္း လမ္းထိပ္က ေဘာလုံးပြဲျပတဲ့သူငယ္ခ်င္းအိမ္မွာ လူေတြၾကားထဲတိုးေဝွ႔ၾကည့္ခဲ့ရဖူးတယ္။ အဲဒီတုန္းကလည္း အခုလို Facebook ေတြ ၊ Sky Net ေတြမရွိေတာ့ ေဘာလုံးပြဲဝါသနာအိုးေတြအတြက္ ပြဲျပတဲ့႐ုံမွာ ေနရာေကာင္းရေအာင္ ပြဲမစခင္ကတည္းက ႀကိဳတင္ေနရာယူရတာကလည္း ေပ်ာ္စရာေကာင္းတဲ့အတိတ္တစ္ခုပါပဲ။

၂၀၀၃-၀၄ ရာသီမတိုင္ခင္ ကြၽန္ေတာ္တို႔ရဲ႕ အခ်စ္ေတာ္ႀကီး ေဒးဗစ္ဘက္ခမ္ ရီးယဲလ္ေရာက္သြားလို႔ မေက်မနပ္ေတြျဖစ္၊ ဖာဂီႀကီးကို ပိုးစိုးပက္စက္ေတြေျပာ၊ နံပါတ္(၇)ကို ဘယ္သူဝတ္မလဲဆိုတာ စိတ္ဝင္တစားနဲ႔ေစာင့္ၾကည့္ခဲ့ရတယ္။ အဲဒါနဲ႔ ယူႏိုက္တက္နဲ႔ေဘာ္လ္တန္ပြဲကို သြားၾကည့္ခဲ့ၿပီး ယူႏိုက္တက္က (၃၅)မိနစ္မွာ ႐ိုင္ယန္ဂစ္ရဲ႕ဖရီးကစ္ဂိုးနဲ႔ ဦးေဆာင္ေနေပမယ့္ ကစားပုံက အဲေလာက္အေကာင္းႀကီးမဟုတ္လို႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခ်ိန္ေပ့ါ။ ဒီလိုနဲ႔ (၆၁)မိနစ္မွာ နစ္ကီဘတ္အစား ဘယ္ကမွန္းမသိတဲ့ ခ်ာတိတ္တစ္ေယာက္ လူစားဝင္ကစားတယ္။ ဆံပင္က ေကြ႕ေကြ႕ေကာက္ေကာက္နဲ႔ ကိုယ္ေတြအခ်စ္ေတာ္ ဘက္ခမ္ရဲ႕နံပါတ္(၇)ကိုလည္း ဝတ္ထားတယ္၊ နာမည္ၾကည့္ေတာ့လည္း ေရာ္နယ္လ္ဒိုဆိုပဲ။

အမွန္ေျပာရရင္ အဲဒီအခ်ိန္က အခုလို သတင္းေတြျမန္ျမန္ဆန္ဆန္မသိရေသးတဲ့အခ်ိန္ဆိုေတာ့ ယူႏိုက္တက္ ဘယ္သူ႔ကို ေခၚလို႔ေခၚမွန္း ေသခ်ာမသိခဲ့ဘူး။ ဘယ္ကေကာင္ကို နံပါတ္(၇)ေပးထားလဲမသိဘူးလို႔ ေတြးမိေနတုန္းမွာပဲ အဲဒီ ဆံပင္ေကာက္ေကာက္နဲ႔ခ်ာတိတ္က ကြင္းထဲဝင္လာတာနဲ႔ ‘ျမင္းကို ေဇာင္းထဲက လႊတ္လိုက္သလို’ ေျပးလႊားကစား၊ ကိုယ္ေတြတစ္ခါမွ မျမင္ဖူးခဲ့တဲ့ Tricks ေတြနဲ႔ ပလာတာ႐ိုက္ျပဆိုေတာ့ နည္းနည္းေတာ့ ေႂကြသြားတယ္။

သူ မဝင္လာခင္က ယူႏိုက္တက္တိုက္စစ္ကို ေအးေဆးထိန္းကစားႏိုင္တဲ့ ေဘာ္လ္တန္အသင္းလည္း ဒီေကာင္ေလးက်မွ ဘာလုပ္လို႔လုပ္ရမွန္းမသိေတာ့ဘဲ ေသြး႐ူးေသြးတန္းေတြျဖစ္ကုန္ေတာ့တာပဲ။ ေဘာ္လ္တန္အသင္းရဲ႕ကြင္းလယ္ကဆရာႀကီး ကီဗင္ႏိုလန္လို တည္တည္ၿငိမ္ၿငိမ္နဲ႔ကစားတတ္တဲ့သူမ်ိဳးေတာင္ ဒီခ်ာတိတ္ကို ေပၚတင္ႀကီး ဆြဲလွဲခ်လို႔ အဝါကတ္ထိၿပီး ပယ္နယ္တီပါေပးခဲ့ရတယ္။ ဒီပယ္နယ္တီကို အဲဒီအခ်ိန္က ‘ႏြားႀကီး’၊ ‘ေကာက္စား’လို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔နာမည္လွလွေတြေပးထားတဲ့ နစၥတယ္႐ြိဳင္း ကန္ခဲ့ေပမယ့္ ေဘာ္လ္တန္ဂိုးသမားယက္စကယ္လိုင္နန္က ပုတ္ထုတ္ခဲ့တယ္။

ယူႏိုက္တက္ကစားသမားေတြကလည္း ေဘာလုံးရတိုင္း အဲဒီနံပါတ္(၇)ကိုပဲ ေဘာလုံးေပးကစားခဲ့ၿပီး သူကလည္း ေျခေထာက္နဲ႔ေဘာလုံးထိတိုင္း ပြဲၾကည့္ေနတဲ့ပရိသတ္ေတြ ‘ဟာ’ခနဲ ‘ဟင္’ခနဲျဖစ္ေအာင္ လုပ္ျပႏိုင္ခဲ့တယ္။ အဲဒီပြဲမွာ ယူႏိုက္တက္အသင္းက ႐ိုင္ယန္ဂစ္က ႏွစ္ဂိုးသြင္း၊ စခိုးလ္၊ နစၥတယ္႐ြိဳင္းတို႔ရဲ႕ဂိုးေတြနဲ႔ (၄)ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္ အဲဒီအခ်ိန္က အားကစားဂ်ာနယ္မ်က္ႏွာဖုံးေတြမွာ နံပါတ္(၇)အေၾကာင္းကိုပဲ ေဝေဝဆာဆာနဲ႔ေဖာ္ျပေတာ့တာပဲ။ အဲဒီေတာ့မွ ဂ်ာနယ္ေတြဖတ္ၿပီး နာမည္အျပည့္အစုံက ‘ခရစၥတီယာႏိုေရာ္နယ္လ္ဒို’ပါလားဆိုတာ သိလိုက္ရပါေတာ့တယ္။ အဲဒီအခ်ိန္ကတည္းက ကြၽန္ေတာ္ဟာ ယူႏိုက္တက္သာမက စီေရာ္နယ္လ္ဒိုရဲ႕ပရိသတ္တစ္ဦးျဖစ္လာခဲ့ၿပီး ခရစၥတီယာႏိုကို ႀကိဳက္တာက စကစားကတည္းက ပြဲရွိန္မေနဘဲ လုံးဝယုံၾကည္မႈအျပည့္နဲ႔ ကစားခဲ့တာပဲ။

ေဘာ္လ္တန္နဲ႔ပြဲမွာ သူနဲ႔အတူ ကစားသမားသစ္ ဂ်မ္ဘာဂ်မ္ဘာလည္းပါဝင္ခဲ့ၿပီး ဂ်မ္ဘာဂ်မ္ဘာလည္း ကစားတာမဆိုးေပမယ့္ ေနာက္ပိုင္းမွာ ေနရာမရတာေရာ၊ ပုံမွန္ေျခစြမ္းမရွိတာနဲ႔ ျမင္ကြင္းထဲက ေပ်ာက္သြားခဲ့ရတယ္။ ဒါေပမဲ့ ယူႏိုက္တက္ကစားသမားဘဝ အစပိုင္းႏွစ္ေတြမွာ စီေရာ္နယ္လ္ဒိုကို ပလာတာမ်ားလို႔ အရမ္းႀကီးေတာ့မႀကိဳက္ခဲ့ဘူး။ ၂၀၀၆ ကမာၻ႔ဖလားမွာ ႐ြန္နီနဲ႔ျပႆနာတက္ၿပီးေနာက္ပိုင္းမွ စီေရာ္နယ္လ္ဒိုဟာ မထင္မွတ္ေလာက္ေအာင္ ေျခစြမ္းပိုင္းက တိုးတက္လာၿပီး ကြၽန္ေတာ္တို႔ ယူႏိုက္တက္ပရိသတ္အခ်စ္ေတာ္ျဖစ္လာခဲ့တယ္။ ဒီေန႔ဟာ ယူႏိုက္တက္အသင္းမွာ စီေရာ္နယ္လ္ဒို ပြဲဦးထြက္ကစားခဲ့တဲ့ (၁၈)ႏွစ္ျပည့္အထိမ္းအမွတ္ေန႔ျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုနဲ႔ ယူႏိုက္တက္တို႔ လမ္းခြဲသြားတာၾကာၿပီဆိုေပမယ့္လည္း အခုအခ်ိန္အထိ နံပါတ္(၇)လို႔ေျပာလိုက္တာနဲ႔ စီေရာ္နယ္လ္ဒိုကို ယူႏိုက္တက္ပရိသတ္ေတြေျပးျမင္ေနဆဲပါပဲ။

ပရိသတ္ႀကီးေရ . .ဒါက စီေရာ္နယ္လ္ဒို ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားခဲ့တဲ့ပြဲက အမွတ္တရေတြကို ျပန္ေအာက္ေမ့ေဖာ္ျပလိုက္တာပါ . .ပရိသတ္ေတြထဲမွာလည္း အဲဒီတုန္းက ယူႏိုက္တက္နဲ႔ေဘာ္လ္တန္တို႔ကစားခဲ့တဲ့ပြဲကို ၾကည့္ဖူးခဲ့တဲ့သူေတြပါရင္ ဘယ္လိုခံစားရလဲဆိုတာ ကိုယ့္အျမင္ကို Comment ေတြေရးေပးခဲ့ပါလား . . .