၁၇ႏွစ္သားေလး ဂရင္း၀ုဒ္ေၾကာင့္ ရာသီႀကိဳခရီးစဥ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနတဲ့ ယူႏိုက္တက္

Photo Credit

Photo Credit

ယူႏုိက္တက္ဟာ အင္တာေနရွင္နယ္ခ်န္ပီယံဖလား အဖြင့္ပြဲစဥ္အျဖစ္ စင္ကာပူမွာ စီးရီးေအအင္အားႀကီး အင္တာမီလန္နဲ႔ရင္ဆုိင္ခဲ့ရာ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔အတူ အႏုိင္ရရွိၿပီး ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္စံခ်ိန္ ဆက္ထိန္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ၾသစေၾတးလ်ႏိုင္ငံမွာ အိမ္ရွင္ကလပ္ ပါ့သ္ဂလုိရီနဲ႔ ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူႏုိက္တက္အသင္းတုိ႔ကို အသီးသီးဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးေနာက္ ဒီပြဲမွာလည္း လူငယ္ေတြရဲ႕အားနဲ႔ နည္းျပသစ္ကြန္တီ ဦးေဆာင္တဲ့အင္တာမီလန္ကို အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

Photo Credit

ဒီပြဲမွာ အႏုိင္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဂရင္း၀ုဒ္ကလည္း အခုမွ အသက္ ၁၇ႏွစ္ပဲရွိေသးၿပီး ဒီပဲြမွာ ဂိုးသြင္းႏုိင္ခဲ့တဲ့အျပင္ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့လုိ႔ ရာသီသစ္မွာ ပြဲထြက္ခြင့္ရဖုိ႔ အခြင့္အေရးရလာႏိုင္ပါတယ္။ ယူႏိုက္တက္ဟာ ဒီပဲြမွာလည္း ေျခစြမ္းအသာစီးနဲ႔ကစားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာကတည္းက အခြင့္အေရးေတြရခဲ့ေပမယ့္ ရက္ရွ္ဖုိ႔ဒ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ အသံုးမခ်ႏိုင္ခဲ့လုိ႔ ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ခဲ့တာပါ။

Photo Credit

ပြဲခ်ိန္ ၁၅မိနစ္မွာပဲ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ပင္နယ္တီဧရိယာဘယ္ဘက္ထိပ္နားေလာက္ကေန ဘယ္ေနာက္ခံလူ လုခ္ေရွာ ဘယ္ေျခနဲ႔မနားတမ္းကန္သြင္းတာ ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ကေန ကပ္ထြက္သြားလုိ႔ နစ္နာခဲ့ရပါတယ္။ ဒါ့အျပင္ ပဲြခ်ိန္ ၂၉မိနစ္မွာလည္း ဘယ္ေတာင္ပံကေန ဂိုးလြန္ေဘာမျဖစ္ခင္ လုခ္ေရွာ ဂိုးေရွ႕အသာခုတ္တင္ေပးလုိက္တာကို ဟန္ဒါႏိုဗစ္ ကာကြယ္တာ မထိသလို ေျပး၀င္ပိတ္သြင္းတဲ့ တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္လည္း ေခ်ာ္သြားလုိ႔ ယူႏုိက္တက္အသင္း အပိုင္အခြင့္အေရးလဲြေခ်ာ္သြားပါတယ္။

Photo Credit

အင္တာကေတာ့ ပြဲခ်ိန္ ၃၉မိနစ္ေရာက္မွ ပထမဆုံးအခြင့္အေရးရခ့ဲၿပီး ဒဲလ္ဘတ္ရဲ႕ေထာင့္ျဖတ္ေဘာက ဂိုးသမား ဒီဂီယာကို ေက်ာ္သြားေပမယ့္ အေ၀းတုိင္ေထာင့္ကေန ဒီအမ္ဘ႐ိုစီယို ေခါင္းတုိက္သြင္းတာ ဂိုးေပါက္နဲ႔လဲြေခ်ာ္သြားပါတယ္။ ပဲြခ်ိန္ ၇၆ မိနစ္မွာေတာ့ ယူႏုိက္တက္အသင္းအႏုိင္ဂုိးရရွိသြားခဲ့ၿပီး အက္ရွ္ေလယန္းရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္ ဂိုးသမား ပုတ္ထုတ္လုိ႔ ျပန္ထြက္လာတာကို ဂရင္း၀ုဒ္က ၿပိဳင္ဘက္ကစားသမားတစ္ဦးကို ညာေျခနဲ႔ ေျခေယာင္ျပလွည့္ထြက္ကာ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit ; Sky Sports

Unicode

၁၇နှစ်သားလေး ဂရင်းဝုဒ်ကြောင့် ရာသီကြိုခရီးစဉ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ အင်တာနေရှင်နယ်ချန်ပီယံဖလား အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူမှာ စီးရီးအေအင်အားကြီး အင်တာမီလန်နဲ့ရင်ဆိုင်ခဲ့ရာ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ အနိုင်ရရှိပြီး ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ သြစတြေးလျနိုင်ငံမှာ အိမ်ရှင်ကလပ် ပါ့သ်ဂလိုရီနဲ့ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းတို့ကို အသီးသီးဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဒီပွဲမှာလည်း လူငယ်တွေရဲ့အားနဲ့ နည်းပြသစ်ကွန်တီ ဦးဆောင်တဲ့အင်တာမီလန်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကလည်း အခုမှ အသက် ၁၇နှစ်ပဲရှိသေးပြီး ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့လို့ ရာသီသစ်မှာ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးရလာနိုင်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာလည်း ခြေစွမ်းအသာစီးနဲ့ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက အခွင့်အရေးတွေရခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာပါ။
ပွဲချိန် ၁၅မိနစ်မှာပဲ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် ပင်နယ်တီဧရိယာဘယ်ဘက်ထိပ်နားလောက်ကနေ ဘယ်နောက်ခံလူ လုခ်ရှော ဘယ်ခြေနဲ့မနားတမ်းကန်သွင်းတာ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ကနေ ကပ်ထွက်သွားလို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၂၉မိနစ်မှာလည်း ဘယ်တောင်ပံကနေ ဂိုးလွန်ဘောမဖြစ်ခင် လုခ်ရှော ဂိုးရှေ့အသာခုတ်တင်ပေးလိုက်တာကို ဟန်ဒါနိုဗစ် ကာကွယ်တာ မထိသလို ပြေးဝင်ပိတ်သွင်းတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်လည်း ချော်သွားလို့ ယူနိုက်တက်အသင်း အပိုင်အခွင့်အရေးလွဲချော်သွားပါတယ်။
အင်တာကတော့ ပွဲချိန် ၃၉မိနစ်ရောက်မှ ပထမဆုံးအခွင့်အရေးရခဲ့ပြီး ဒဲလ်ဘတ်ရဲ့ထောင့်ဖြတ်ဘောက ဂိုးသမား ဒီဂီယာကို ကျော်သွားပေမယ့် အဝေးတိုင်ထောင့်ကနေ ဒီအမ်ဘရိုစီယို ခေါင်းတိုက်သွင်းတာ ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်အသင်းအနိုင်ဂိုးရရှိသွားခဲ့ပြီး အက်ရှ်လေယန်းရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက် ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဂရင်းဝုဒ်က ပြိုင်ဘက်ကစားသမားတစ်ဦးကို ညာခြေနဲ့ ခြေယောင်ပြလှည့်ထွက်ကာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။