၁၆ သင်းအဆင့်မှာ မော်ရင်ညိုနဲ့တွေ့ဆုံဖိ့ု မျှော်လင့်နေတဲ့ ဆာရီ

Photo Credit

Photo Credit

ဂျူဗင်တပ်စ်နည်းပြ ဆာရီက မကြာသေးခင်ကမှ စပါးအသင်းကို ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ညိုနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ မျှော်လင့်နေပြီး သူနဲ့တွေ့ဆုံမှုက အရမ်းကို ကြီးကျယ်ခမ်းနားလာနိုင်ကြောင်း ဆိုလိုက်ပါတယ်။

Photo Credit

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ၆ ပွဲကစားပြီးချိန်မှာ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ နောက်တစ်ဆင့်အတွက် မဲခွဲပွဲမှာ မော်ရင်ညိုရဲ့ စပါးအသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit

မော်ရင်ညိုကတော့ ဥရောပဘောလုံးလောကမှာ ပေါ်တို၊ အင်တာမီလန်အသင်းတို့နဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ၊ ဆုဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့ပြီး ယခုလည်း အင်္ဂလန်ကလပ်တွေကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ဆက်လက်ရှာဖွေနေပေမယ့် ထင်သလောက် ခရီးမပေါက်သေးတာ ဖြစ်ပါတယ်။

Photo Credit

ပေါ်တူဂီသား မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်နေစဉ် ၂၀၁၈-၁၉ ရာသီက ဆာရီက ချဲလ်ဆီးအသင်းကို တစ်ရာသီ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဆာရီနဲ့ မော်ရင်ညိုတို့ဟာ နောက်ထပ်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံဖို့ အလားအလာရှိနေပြီး ဆာရီကတော့ အဆိုပါ ဖြစ်တန်စွမ်းအတွက် စိတ်လှုပ်ရှားနေပါတယ်။

Photo Credit

လေဗာကူဆင်ကို ၂-ဝနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်အပြီးမှာ ဆာရီက “ကျွန်တော် မော်ရင်ညိုကို ကောင်းကောင်းသိပြီး အရမ်းကို လေးစားပါတယ်။ သူက ဖြတ်ထိုးဉာဏ်အလွန်ကောင်းပြီး တခြားနည်းပြတွေနဲ့ မတူညီဘဲ ထူးခြားတဲ့ နည်းပြတစ်ဦးပါ။ မော်ရင်ညိုနဲ့ တွေ့ဆုံရမှာ တကယ်ကို ဝမ်းသာမိပါတယ်။ သူကိုင်တွယ်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူနဲ့တွေ့ဆုံရမှာတော့ ခမ်းနားကြီးကျယ်လွန်းလှပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

Zawgyi

၁၆ သင္းအဆင့္မွာ ေမာ္ရင္ညိဳနဲ႔ေတြ႕ဆံုဖိ႔ု ေမွ်ာ္လင့္ေနတဲ့ ဆာရီ

ဂ်ဴဗင္တပ္စ္နည္းျပ ဆာရီက မၾကာေသးခင္ကမွ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္း ေမာ္ရင္ညိဳနဲ႔ ထိပ္တိုက္ေတြ႕ဆံုဖို႔ ေမွ်ာ္လင့္ေနၿပီး သူနဲ႔ေတြ႕ဆံုမႈက အရမ္းကို ႀကီးက်ယ္ခမ္းနားလာႏိုင္ေၾကာင္း ဆိုလိုက္ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ၆ ပြဲကစားၿပီးခ်ိန္မွာ ၅ ပြဲႏိုင္ ၁ ပြဲသေရနဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ေနာက္တစ္ဆင့္အတြက္ မဲခဲြပြဲမွာ ေမာ္ရင္ညိဳရဲ႕ စပါးအသင္းနဲ႔ ေတြ႔ဆံုဖြယ္ရွိေနတာ ျဖစ္ပါတယ္။
ေမာ္ရင္ညိဳကေတာ့ ဥေရာပေဘာလံုးေလာကမွာ ေပၚတို၊ အင္တာမီလန္အသင္းတို႔နဲ႔ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ၊ ဆုဖလားေတြ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ယခုလည္း အဂၤလန္ကလပ္ေတြကို ကိုင္တြယ္ၿပီး ေအာင္ျမင္မႈေတြ ဆက္လက္ရွာေဖြေနေပမယ့္ ထင္သေလာက္ ခရီးမေပါက္ေသးတာ ျဖစ္ပါတယ္။
ေပၚတူဂီသား မန္ခ်က္စတာယူႏိုက္တက္အသင္းကို ကိုင္တြယ္ေနစဥ္ ၂၀၁၈-၁၉ ရာသီက ဆာရီက ခ်ဲလ္ဆီးအသင္းကို တစ္ရာသီ ကိုင္တြယ္ခဲ့တာ ျဖစ္ပါတယ္။ ဆာရီနဲ႔ ေမာ္ရင္ညိဳတို႔ဟာ ေနာက္ထပ္တစ္ၾကိမ္ ထိပ္တိုက္ေတြ႔ဆံုဖို႔ အလားအလာရွိေနၿပီး ဆာရီကေတာ့ အဆိုပါ ျဖစ္တန္စြမ္းအတြက္ စိတ္လႈပ္ရွားေနပါတယ္။
ေလဗာကူဆင္ကို ၂-၀နဲ႔ အႏိုင္ရရွိတဲ့ ပြဲစဥ္အၿပီးမွာ ဆာရီက “ကၽြန္ေတာ္ ေမာ္ရင္ညိဳကို ေကာင္းေကာင္းသိၿပီး အရမ္းကို ေလးစားပါတယ္။ သူက ျဖတ္ထိုးဉာဏ္အလြန္ေကာင္းၿပီး တျခားနည္းျပေတြနဲ႔ မတူညီဘဲ ထူးျခားတဲ့ နည္းျပတစ္ဦးပါ။ ေမာ္ရင္ညိဳနဲ႔ ေတြ႕ဆံုရမွာ တကယ္ကို ဝမ္းသာမိပါတယ္။ သူကိုင္တြယ္တဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူနဲ႔ေတြ႔ဆံုရမွာေတာ့ ခမ္းနားႀကီးက်ယ္လြန္းလွပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။