၁၅ နှစ်ကျော်စောင့်ခဲ့ရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်က ပေးဂိုးမဲ့စွမ်းဆောင်ရည်အတွက် ကျတဲ့မျက်ရည်

photo-gettyimages

photo-gettyimages

ချဲလ်ဆီးနဲ့ပွဲအပြီးမှာ ကွင်းမြက်ခင်းပေါ် ခေါင်းစိုက်ပြီး ငိုကြွေးခဲ့သူကတော့ ဝက်စ်ဟမ်းဂိုးသမားဒေးဗစ်မာတင်ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက အားပေးလာတဲ့ဝက်စ်ဟမ်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ၁-၀ နဲ့အနိုင်ရအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်မာတင်ဟာ အင်္ဂလန်ရဲ့အဆင့်မြင့်ဆုံးအမှတ်ပေးပြိုင်ပွဲကြီးမှာ ပွဲဦးထွက်နိုင်ဖို့အတွက် ၁၅ နှစ်ကျော်တောင် စောင့်ခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၅ နှစ်ကျော်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ပေးဂိုးမရှိစွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါကြောင့်လည်း အဲဒီပွဲက စွမ်းဆောင်ရည်ဟာ သူ့အတွက် နှိုင်းဆလို့မရအောင် အဓ္ဓိပါယ်ရှိနေမှာပါ။

photo-gettyimages

လီဗာပူးကိုလည်း ရောက်ခဲ့သေးတဲ့ဒေးဗစ်မာတင်ဟာ သူ့ရဲ့ကစားသမားဘဝအချိန်အများစုကို အောက်တန်းအသင်းတွေမှာသာ ကျင်လည်ခဲ့ရပြီး ကစားခဲ့တဲ့အသင်းပေါင်း ၁၁ သင်းရှိခဲ့ကာ အဲဒီထဲမှာ သူအကြာဆုံးကစားခဲ့တဲ့အသင်းက အင်္ဂလန်တတိယတန်း လိဂ်-၁ က အမ်ကေဒွန်းဖြစ်ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ရောက်မှ ငယ်စဉ်ကတည်းက အားပေးလာတဲ့ဝက်စ်ဟမ်းအသင်းကို တတိယဂိုးသမားအဖြစ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမဲ့ ပထမဂိုးသမားဖေဘီယန်စကီးရဲ့ဒဏ်ရာပြသနာ၊ ဒုတိယဂိုးသမားရောဘတ်တိုရဲ့ဆိုးရွားလှတဲ့လက်စွမ်းတို့ကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်အခွင့်အရေးကို ရခဲ့တာပါ။

photo-social media

ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်ဆိုရအောင် ဒေးဗစ်မာတင်ဟာ အဲဒီပွဲမှာ ၆ ကြိမ်တိုင် ဂိုးပေါက်ကာကွယ်မှုပြုလုပ်ခဲ့ပြီး သူ့အသင်းရဲ့ ၈ ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်သွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးတော့ ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ သူ့ဖခင်ဆီလည်း သွားရောက်ပြီး ပွေ့ဖက်ခဲ့ကာ နှစ်ယောက်စလုံး မျက်ရည်စက်လက်နဲ့ဖြစ်ခဲ့ကြပါတယ်။ ဖခင်ဖြစ်သူအယ်ဗင်မာတင်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ဂန္ထဝင်ကစားတစ်ယောက်ဖြစ်လို့ ၃၃ နှစ်ရောက်မှ သားဖြစ်သူရဲ့အခုစွမ်းဆောင်မှုအတွက် မျက်ရည်ကျလောက်အောင် ဂုဏ်ယူမဆုံးဖြစ်ခဲ့ပါတယ်။

[Zawgyi]

၁၅ ႏွစ္ေက်ာ္ေစာင့္ခဲ့ရတဲ့ ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္က ေပးဂိုးမဲ့စြမ္းေဆာင္ရည္အတြက္ က်တဲ့မ်က္ရည္

ခ်ဲလ္ဆီးနဲ႔ပြဲအၿပီးမွာ ကြင္းျမက္ခင္းေပၚ ေခါင္းစိုက္ၿပီး ငိုေၾကြးခဲ့သူကေတာ့ ၀က္စ္ဟမ္းဂိုးသမားေဒးဗစ္မာတင္ျဖစ္ပါတယ္။ သူဟာ ငယ္စဥ္ကတည္းက အားေပးလာတဲ့၀က္စ္ဟမ္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ၁-၀ နဲ႔အႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ေဒးဗစ္မာတင္ဟာ အဂၤလန္ရဲ႕အဆင့္ျမင့္ဆုံးအမွတ္ေပးၿပိဳင္ပြဲႀကီးမွာ ပြဲဦးထြက္ႏိုင္ဖို႔အတြက္ ၁၅ ႏွစ္ေက်ာ္ေတာင္ ေစာင့္ခဲ့ရပါတယ္။ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၁၅ ႏွစ္ေက်ာ္အတြင္း ပထမဆုံးပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ေပးဂိုးမရွိစြမ္းေဆာင္ႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း အဲဒီပြဲက စြမ္းေဆာင္ရည္ဟာ သူ႔အတြက္ ႏိႈင္းဆလုိ႔မရေအာင္ အဓိၶပါယ္ရွိေနမွာပါ။

လီဗာပူးကိုလည္း ေရာက္ခဲ့ေသးတဲ့ေဒးဗစ္မာတင္ဟာ သူ႔ရဲ႕ကစားသမားဘ၀အခ်ိန္အမ်ားစုကို ေအာက္တန္းအသင္းေတြမွာသာ က်င္လည္ခဲ့ရၿပီး ကစားခဲ့တဲ့အသင္းေပါင္း ၁၁ သင္းရွိခဲ့ကာ အဲဒီထဲမွာ သူအၾကာဆုံးကစားခဲ့တဲ့အသင္းက အဂၤလန္တတိယတန္း လိဂ္-၁ က အမ္ေကဒြန္းျဖစ္ပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ေရာက္မွ ငယ္စဥ္ကတည္းက အားေပးလာတဲ့၀က္စ္ဟမ္းအသင္းကို တတိယဂိုးသမားအျဖစ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာပါ။ ဒါေပမဲ့ ပထမဂိုးသမားေဖဘီယန္စကီးရဲ႕ဒဏ္ရာျပသနာ၊ ဒုတိယဂိုးသမားေရာဘတ္တိုရဲ႕ဆုိးရြားလွတဲ့လက္စြမး္တို႔ေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္အခြင့္အေရးကို ရခဲ့တာပါ။

ရတဲ့အခြင့္အေရးကို အေကာင္းဆုံးအသုံးခ်ႏိုင္ခ့ဲတယ္ဆုိရေအာင္ ေဒးဗစ္မာတင္ဟာ အဲဒီပြဲမွာ ၆ ႀကိမ္တိုင္ ဂိုးေပါက္ကာကြယ္မႈျပဳလုပ္ခဲ့ၿပီး သူ႔အသင္းရဲ႕ ၈ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈကို အဆုံးသတ္သြားေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။ ပြဲၿပီးေတာ့ ပြဲၾကည့္စင္ေပၚမွာရွိေနတဲ့ သူ႔ဖခင္ဆီလည္း သြားေရာက္ၿပီး ေပြ႕ဖက္ခဲ့ကာ ႏွစ္ေယာက္စလုံး မ်က္ရည္စက္လက္နဲ႔ျဖစ္ခဲ့ၾကပါတယ္။ ဖခင္ျဖစ္သူအယ္ဗင္မာတင္ဟာ ၀က္စ္ဟမ္းအသင္းရဲ႕ဂႏၳ၀င္ကစားတစ္ေယာက္ျဖစ္လို႔ ၃၃ ႏွစ္ေရာက္မွ သားျဖစ္သူရဲ႕အခုစြမ္းေဆာင္မႈအတြက္ မ်က္ရည္က်ေလာက္ေအာင္ ဂုဏ္ယူမဆုံးျဖစ္ခဲ့ပါတယ္။