

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုဟာ အူဒီးနိစ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ၁၅ ရာသီဆက်တိုက်အနည်းဆုံး ၁၀ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
သူဟာဒီပွဲမှာ ၉ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ ဂိုးတွေသွင်းယူခဲ့ပြီးနောက် ဒီရာသီမှာပြိုင်ပွဲအရပ်ရပ် ၁၁ ဂိုးပြည့်ခဲ့တာပါ။ ဒါကြောင့် စီရော်နယ်ဒိုဟာ ၂၀၀၅-၀၆ ဘောလုံးရာသီကစလို့ လက်ရှိအချိန်အထိရာသီတိုင်းမှာ အနည်းဆုံး ၁၀ ဂိုးပြည့်ခဲ့တဲ့ မှတ်တမ်းကိုရရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၅ ရာသီအတွင်းမှာ စီရော်နယ်ဒိုရဲ့မှတ်တမ်းကိုလိုက်မီတဲ့ ကစားသမားဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာမရှိပါဘူး။ သူဟာ ၂၀၀၅-၀၆ ဘောလုံးရာသီတုန်းက မန်ယူမှာရှိနေစဉ်ဖြစ်ပြီးအဲဒီတုန်းက ပြိုင်ပွဲအရပ်ရပ် ၁၂ ဂိုးသွင်းခဲ့တာပါ။ အဲဒီနောက်သူဟာ ၂၀၀၆-၀၇ မှာ ၂၃ ဂိုး၊ ၂၀၀၇-၀၈ မှာ ၄၂ ဂိုး၊ ၂၀၀၈-၀၉ မှာ ၂၆ ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့သွားခဲ့တာပါ။

ရီးရဲလ်ကိုရောက်ပြီးနောက် သူ့ရဲ့ပထမဆုံးရာသီဖြစ်တဲ့ ၂၀၀၉-၁၀ ဘောလုံးရာသီဟာ ရီးရဲလ်နဲ့လက်တွဲခဲ့တဲ့ ၉ နှစ်အတွင်းမှာ ရဂိုးအနည်းဆုံးဖြစ်ခဲ့ပြီး ၃၃ ဂိုးသာရခဲ့ပါတယ်။ ဒါပေမယ့်နောက်နှစ်မှာ ၄၂ ဂိုးသွင်းခဲ့ပြီး သူ့ရဲ့ဂိုးသွင်းအများဆုံးရာသီကတော့ ၂၀၁၄-၁၅ မှာ ၆၁ ဂိုးသွင်းယူခဲ့မှုဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းက ဂျူ ဗင်တပ်နဲ့ပထမဆုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၄၃ ပွဲကစားပြီး ၂၈ ဂိုးသွင်းခဲ့ပါတယ်။ အူဒီးနိစ်နဲ့ပွဲအပြီးမှာ ဂျူ ဗင်တပ်နည်းပြ ဆာရီက စီရော်နယ်ဒိုဟာအချိန်တိုင်းမှာ ကွဲပြားခြားနားမှုတွေကို လုပ်ပြနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောသွားပါတယ်။

Zawgyi
၁၅ ရာသီဆက္တိုက္အနည္းဆုံး ၁၀ ဂိုးသြင္ယူႏိုင္တဲ႔မွတ္တမ္းကို စီေရာ္နယ္ဒိုရရွိ
ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ အူဒီးနိစ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာ ၂ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ၁၅ ရာသီဆက္တိုက္အနည္းဆုံး ၁၀ ဂိုးသြင္းယူႏိုင္တဲ႔ ပထမဆုံးကစားသမားအျဖစ္ ရပ္တည္ခဲ့တယ္လို႔ သိရပါတယ္။
သူဟာဒီပြဲမွာ ၉ မိနစ္နဲ႔ ၃၇ မိနစ္တို႔မွာ ဂိုးေတြသြင္းယူခဲ့ၿပီးေနာက္ ဒီရာသီမွာၿပိဳင္ပြဲအရပ္ရပ္ ၁၁ ဂိုးျပည့္ခဲ့တာပါ။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ ၂၀၀၅-၀၆ ေဘာလုံးရာသီကစလို႔ လက္ရွိအခ်ိန္အထိရာသီတိုင္းမွာ အနည္းဆုံး ၁၀ ဂိုးျပည့္ခဲ့တဲ႔ မွတ္တမ္းကိုရရွိသြားခဲ့တာျဖစ္ပါတယ္။
အဲဒီ ၁၅ ရာသီအတြင္းမွာ စီေရာ္နယ္ဒိုရဲ႕မွတ္တမ္းကိုလိုက္မီတဲ႔ ကစားသမားဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာမရွိပါဘူး။ သူဟာ ၂၀၀၅-၀၆ ေဘာလုံးရာသီတုန္းက မန္ယူမွာရွိေနစဥ္ျဖစ္ၿပီးအဲဒီတုန္းက ၿပိဳင္ပြဲအရပ္ရပ္ ၁၂ ဂိုးသြင္းခဲ့တာပါ။ အဲဒီေနာက္သူဟာ ၂၀၀၆-၀၇ မွာ ၂၃ ဂိုး၊ ၂၀၀၇-၀၈ မွာ ၄၂ ဂိုး၊ ၂၀၀၈-၀၉ မွာ ၂၆ ဂိုးသြင္းယူခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေရႊ႕သြားခဲ့တာပါ။
ရီးရဲလ္ကိုေရာက္ၿပီးေနာက္ သူ႔ရဲ႔ပထမဆုံးရာသီျဖစ္တဲ႔ ၂၀၀၉-၁၀ ေဘာလုံးရာသီဟာ ရီးရဲလ္နဲ႔လက္တြဲခဲ့တဲ႔ ၉ ႏွစ္အတြင္းမွာ ရဂိုးအနည္းဆုံးျဖစ္ခဲ့ၿပီး ၃၃ ဂိုးသာရခဲ့ပါတယ္။ ဒါေပမယ္႔ေနာက္ႏွစ္မွာ ၄၂ ဂိုးသြင္းခဲ့ၿပီး သူ႔ရဲ႕ဂိုးသြင္းအမ်ားဆုံးရာသီကေတာ႔ ၂၀၁၄-၁၅ မွာ ၆၁ ဂိုးသြင္းယူခဲ့မႈျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ႔ရာသီတုန္းက ဂ်ဴ ဗင္တပ္နဲ႔ပထမဆုံးရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ၄၃ ပြဲကစားၿပီး ၂၈ ဂိုးသြင္းခဲ့ပါတယ္။ အူဒီးနိစ္နဲ႔ပြဲအၿပီးမွာ ဂ်ဴ ဗင္တပ္နည္းျပ ဆာရီက စီေရာ္နယ္ဒိုဟာအခ်ိန္တုိင္းမွာ ကြဲျပားျခားနားမႈေတြကို လုပ္ျပႏိုင္တဲ႔ ကစားသမားျဖစ္တယ္လို႔ ေျပာသြားပါတယ္။