၁၅ပြဲဆက္အႏိုင္ဆိုတာထူးျခားေပမယ့္ မေတြးမိေအာင္ႀကိဳးစားမယ္…

 

PC ; Internet

လီဗာပူးရဲ႕ဂုဏ္ယူစရာ ပရီးမီးယားလိဂ္ ၁၅ပြဲဆက္အႏိုင္ရျခင္းနဲ႔ပတ္သက္ၿပီး ၀င့္ၾကြားဖို႔ နည္းျပဂ်ာဂင္ကေလာ့ပ္က ျငင္းဆန္လိုက္ပါတယ္။ႀကိဳးၾကာနီေတြဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးကို ၁-၂ ဂိုးနဲ႔အႏိုင္ရတာေၾကာင့္ ဒီရာသီရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈမွတ္တမ္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ ၁၅ပြဲဆက္အႏိုင္ရတဲ့ မွတ္တမ္းေကာင္းတစ္ရပ္ကိုလည္း ေရးထိုးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ဂ်ာမန္သားနည္းျပကေတာ့ ဒီေအာင္ျမင္မႈဟာ ထူးျခားေပမယ့္ သူတို႔အေနနဲ႔ အဲဒီအေၾကာင္းမေတြးဖို႔ ႀကိဳးစားသြားမွာပါလို႔ ေျပာဆိုလိုက္တာပါ။

PC ; Getty

“ ဒါက ထူးျခားပါတယ္။ဒါေပမဲ့ ကၽြန္ေတာ္တို႔ ဘာကိုေျပာႏိုင္မွာလဲ။ဒါကိုမေတြးဖို႔ ကၽြန္ေတာ္တို႔ႀကိဳးစားမွာပါ။ေနာက္ပြဲမွာ ဘာလုပ္မလဲ၊ဘယ္လိုတိုက္ပြဲ၀င္မလဲ၊အဲဒါပဲ လုပ္ရမွာပါ။အဲဒါဟာ စစ္မွန္ၿပီးခက္ခဲတဲ့အလုပ္အျဖစ္ အၿမဲတမ္းရွိေနမွာပါ” လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟသြားပါတယ္။ဒါ့အျပင္ ဂိုးသြင္းေပးခဲ့ၾကတဲ့ အာႏိုးနဲ႔ဖာမီႏိုအပါအ၀င္ က်န္တဲ့ကစားသမားအားလံုးရဲ႕ စြမ္းေဆာင္မႈကိုလည္း လီဗာပူးနည္းျပကခ်ီးက်ဴးခဲ့ပါတယ္။

PC ; Getty

“ သိပ္ကိုေကာင္းမြန္တဲ့ စြမ္းေဆာင္မႈပါ။အံ့အားသင့္စရာ ဂိုးႏွစ္ဂိုး ကၽြန္ေတာ္တို႔သြင္းႏိုင္ခဲ့တယ္။ဒီပြဲက သိပ္ၿပီးစိတ္လႈပ္ရွားစရာလည္းေကာင္းတယ္။ၿပိဳင္ဆိုင္မႈလည္း ျပင္းထန္ခဲ့တယ္။စစ္မွန္တဲ့ အလွည့္အေျပာင္းေတြနဲ႔တြန္းအားမေပးႏိုင္ရင္ ခ်ဲလ္ဆီးကြင္းမွာ ဘယ္ေတာ့မွအႏိုင္ရမွာ မဟုတ္ပါဘူး။အႏိုင္ရလဒ္နဲ႔ ကၽြန္ေတာ္တို႔ ထိုက္တန္တယ္ထင္ပါတယ္ ”လို႔ ဂ်ာမန္သားက ေျပာဆိုခဲ့ပါတယ္။

(unicode)

လီဗာပူးရဲ့ဂုဏ်ယူစရာ ပရီးမီးယားလိဂ် ၁၅ပွဲဆက်အနိုင်ရခြင်းနဲ့ပတ်သက်ပြီး ဝင့်ကြွားဖို့ နည်းပြဂျာဂင်ကလော့ပ်က ငြင်းဆန်လိုက်ပါတယ်။ကြိုးကြာနီတွေဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၁-၂ ဂိုးနဲ့အနိုင်ရတာကြောင့် ဒီရာသီရာနှုန်းပြည့်နိုင်ပွဲဆက်မှုမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို ပရီးမီးယားလိဂ် ၁၅ပွဲဆက်အနိုင်ရတဲ့ မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဂျာမန်သားနည်းပြကတော့ ဒီအောင်မြင်မှုဟာ ထူးခြားပေမယ့် သူတို့အနေနဲ့ အဲဒီအကြောင်းမတွေးဖို့ ကြိုးစားသွားမှာပါလို့ ပြောဆိုလိုက်တာပါ။“ ဒါက ထူးခြားပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ ဘာကိုပြောနိုင်မှာလဲ။ဒါကိုမတွေးဖို့ ကျွန်တော်တို့ကြိုးစားမှာပါ။နောက်ပွဲမှာ ဘာလုပ်မလဲ၊ဘယ်လိုတိုက်ပွဲဝင်မလဲ၊အဲဒါပဲ လုပ်ရမှာပါ။အဲဒါဟာ စစ်မှန်ပြီးခက်ခဲတဲ့အလုပ်အဖြစ် အမြဲတမ်းရှိနေမှာပါ” လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟသွားပါတယ်။ဒါ့အပြင် ဂိုးသွင်းပေးခဲ့ကြတဲ့ အာနိုးနဲ့ဖာမီနိုအပါအဝင် ကျန်တဲ့ကစားသမားအားလုံးရဲ့ စွမ်းဆောင်မှုကိုလည်း လီဗာပူးနည်းပြကချီးကျူးခဲ့ပါတယ်။“ သိပ်ကိုကောင်းမွန်တဲ့ စွမ်းဆောင်မှုပါ။အံ့အားသင့်စရာ ဂိုးနှစ်ဂိုး ကျွန်တော်တို့သွင်းနိုင်ခဲ့တယ်။ဒီပွဲက သိပ်ပြီးစိတ်လှုပ်ရှားစရာလည်းကောင်းတယ်။ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့တယ်။စစ်မှန်တဲ့ အလှည့်အပြောင်းတွေနဲ့တွန်းအားမပေးနိုင်ရင် ချဲလ်ဆီးကွင်းမှာ ဘယ်တော့မှအနိုင်ရမှာ မဟုတ်ပါဘူး။အနိုင်ရလဒ်နဲ့ ကျွန်တော်တို့ ထိုက်တန်တယ်ထင်ပါတယ် ”လို့ ဂျာမန်သားက ပြောဆိုခဲ့ပါတယ်။