၁၄ႏွစ္အရြယ္တုိက္စစ္မွဴးေလးက ယူ-၁၉ပြဲေတြမွာ ဂိုးျမဴးေနတဲ့ ေဒါ့မြန္ရဲ႕ ၁၄ ႏွစ္အရြယ္တိုက္စစ္မွဴးေလး

Photo Credit

 

Photo Credit ; PA

ေဒါ့မြန္အသင္းရဲ႕အသက္ ၁၄ႏွစ္အရြယ္ တုိက္စစ္မွဴးေလး မူကုိကိုအတြက္ ယူ-၁၅၊ ၁၇ ပြဲေတြက မလုံေလာက္ေတာ့ဘဲ အခုဆုိရင္ ယူ-၁၉ အဆင့္မွာလည္း ေျခစြမ္းျပဂိုးျမဴးေနပါတယ္။

Photo Credit

၂၀၁၆ ခုႏွစ္က စိန္႔ေပၚလီအသင္းကေန ေဒါ့မြန္ကို ေရာက္ရွိလာတဲ့ မူကိုကုိဟာ ေဒါ့မြန္ယူ-၁၅အသင္းနဲ႔ ယူ-၁၅လိဂ္မွာ တစ္ရာသီပါ၀င္ကစားခဲ့ၿပီး ၂၁ပဲြမွာ ၃၃ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ယူ-၁၇အသင္းဆီ ေရာက္သြားခဲ့ကာ အဲဒီယူ-၁၇ ၿပိဳင္ပြဲမွာလည္း စံခ်ိန္တင္ဂိုးသြင္းမွတ္တမ္းအျဖစ္ ၂၈ပြဲကစား ဂိုး ၅၀အထိသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

အဲဒီေနာက္ မူကိုကိုဟာ ယူ-၁၉ အသင္းဆီ ေရာက္သြားၿပီး ေဒါ့မြန္ယူ-၁၉အသင္းအတြက္ ပြဲဦးထြက္မွာပဲ တစ္ေယာက္တည္း ဂိုးဒါဇင္၀က္သြင္းယူခဲ့ၿပီး ယခုရက္သတၱပတ္အကုန္က အာမီနီးယားအသင္းကို ၆-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ၈မိနစ္အတြင္း ဟက္ထရစ္သြင္းယူကာ သူ႕ထက္ အသက္ ၅ႏွစ္ေလာက္ႀကီးတဲ့အဆင့္မွာ ဂုိးသြင္းစြမ္းရည္ကို ဆက္လက္ျပသႏုိင္ခဲ့ပါတယ္။

Photo Credit

မူကုိကိုဟာ ပြဲခ်ိန္ ၂၅ မိနစ္မွာပဲ ပထမဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂၈မိနစ္နဲ႔ ၃၂ မိနစ္ေတြမွာ ဂိုးေတြဆက္တိုက္သြင္းယူႏိုင္ခဲ့တာပါ။ အရင္တုန္းကေလာက္ အသက္ငယ္ငယ္ေလးနဲ႔ အထူးေျခစြမ္းျပေနတဲ့ မူကုိကိုရဲ႕အသက္အရြယ္နဲ႔ပတ္သက္လု႔ိ သံသယေမးခြန္းေတြထြက္ေပၚခဲ့ပါတယ္။

Photo Credit

ေဒါ့မြန္လူငယ္အသင္းနည္းျပျဖစ္သူက မူကုိကုိအေနနဲ႔ ေမြးသကၠရာဇ္ထက္ တကယ့္အသက္က ပိုႀကီးေနမလားဆုိတာ သူကိုယ္တိုင္လည္း ေသခ်ာမသိေၾကာင္း ၀န္ခံခဲ့ဖူးေပမယ့္ ေဒါ့မြန္လူငယ္အသင္းအႀကီးအကဲျဖစ္သူ လားစ္ရစ္ကင္ကေတာ့ ၂၀၁၇ ခုႏွစ္အတြင္း မူကိုကိုဘက္ကေန ကာကြယ္မႈေတြျပဳလုပ္ခဲ့သလုိ ဖခင္ျဖစ္သူကလည္း အဲဒီသံသယေမးခြန္းေတြကုိ ပယ္ခ်ခဲ့ပါတယ္။

Photo Credit

”သူ႕ကို ေမြးဖြားၿပီးတာနဲ႔ ကင္မရြန္းႏုိင္ငံ၊ ၿမိဳ႕ေတာ္ယုိအန္ဒီရွိ ဂ်ာမန္ေကာင္စီမွာ မွတ္ပုံတင္စာရင္းသြားလုပ္ခဲ့ပါတယ္။ သူ႕အေမေၾကာင့္လည္း ဒီကေလးက ဘယ္လုိမွအသက္မႀကီးႏိုင္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႕အေမကလည္း အခုမွ အသက္ ၂၈ႏွစ္ပဲရွိေသးလုိ႔ပါ”လုိ႔ ဖခင္ျဖစ္သူက ေျပာပါတယ္။

Photo Credit

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ အဲဒီလူငယ္တုိက္စစ္မွဴးေလးကို ၂၀၂၂ အထိရွိမယ့္စာခ်ပ္ခ်ဳပ္ဆုိထားၿပီး Nike နဲ႔ တစ္ႏွစ္ ေဒၚလာ ၁သန္းတန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးျဖစ္သလုိ ေဒၚလာ ဂဏန္း ၇လုံးခန္႔လည္း ခ်က္ခ်င္းရရွိထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

သူဟာ မၾကာခင္ ဘြန္ဒက္စ္လီဂါမွာ ေတာက္ပလာႏိုင္တဲ့ၾကယ္ပြင့္အျဖစ္ အမ်ားစုရဲ႕သတ္မွတ္ျခင္းခံထားရေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့ ဒီထက္ပုိျမင့္မားတဲ့ရည္မွန္းခ်က္ထားရွိထားၿပီး Ballon d’Or ဆုရွင္ျဖစ္လာဖို႔ ပစ္မွတ္ထားေနပါတယ္။

Photo Credit

”အ႐ိုးသားဆုံးေျပာရရင္ ေဒါ့မြန္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရရွိၿပီး Ballon d’Or ဆုရဖို႔က ကၽြန္ေတာ့္ရဲ႕ရည္မွန္းခ်က္ျဖစ္ပါတယ္”လုိ႔ သူက ေျပာပါတယ္။

Photo Credit

Unicode

၁၄နှစ်အရွယ်တိုက်စစ်မှူးလေးက ယူ-၁၉ပွဲတွေမှာ ဂိုးမြူးနေတဲ့ ဒေါ့မွန်ရဲ့ ၁၄ နှစ်အရွယ်တိုက်စစ်မှူးလေး

ဒေါ့မွန်အသင်းရဲ့အသက် ၁၄နှစ်အရွယ် တိုက်စစ်မှူးလေး မူကိုကိုအတွက် ယူ-၁၅၊ ၁၇ ပွဲတွေက မလုံလောက်တော့ဘဲ အခုဆိုရင် ယူ-၁၉ အဆင့်မှာလည်း ခြေစွမ်းပြဂိုးမြူးနေပါတယ်။
၂၀၁၆ ခုနှစ်က စိန့်ပေါ်လီအသင်းကနေ ဒေါ့မွန်ကို ရောက်ရှိလာတဲ့ မူကိုကိုဟာ ဒေါ့မွန်ယူ-၁၅အသင်းနဲ့ ယူ-၁၅လိဂ်မှာ တစ်ရာသီပါဝင်ကစားခဲ့ပြီး ၂၁ပွဲမှာ ၃၃ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယူ-၁၇အသင်းဆီ ရောက်သွားခဲ့ကာ အဲဒီယူ-၁၇ ပြိုင်ပွဲမှာလည်း စံချိန်တင်ဂိုးသွင်းမှတ်တမ်းအဖြစ် ၂၈ပွဲကစား ဂိုး ၅၀အထိသွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် မူကိုကိုဟာ ယူ-၁၉ အသင်းဆီ ရောက်သွားပြီး ဒေါ့မွန်ယူ-၁၉အသင်းအတွက် ပွဲဦးထွက်မှာပဲ တစ်ယောက်တည်း ဂိုးဒါဇင်ဝက်သွင်းယူခဲ့ပြီး ယခုရက်သတ္တပတ်အကုန်က အာမီနီးယားအသင်းကို ၆-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၈မိနစ်အတွင်း ဟက်ထရစ်သွင်းယူကာ သူ့ထက် အသက် ၅နှစ်လောက်ကြီးတဲ့အဆင့်မှာ ဂိုးသွင်းစွမ်းရည်ကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။
မူကိုကိုဟာ ပွဲချိန် ၂၅ မိနစ်မှာပဲ ပထမဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၈မိနစ်နဲ့ ၃၂ မိနစ်တွေမှာ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာပါ။ အရင်တုန်းကလောက် အသက်ငယ်ငယ်လေးနဲ့ အထူးခြေစွမ်းပြနေတဲ့ မူကိုကိုရဲ့အသက်အရွယ်နဲ့ပတ်သက်လု့ိ သံသယမေးခွန်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒေါ့မွန်လူငယ်အသင်းနည်းပြဖြစ်သူက မူကိုကိုအနေနဲ့ မွေးသက္ကရာဇ်ထက် တကယ့်အသက်က ပိုကြီးနေမလားဆိုတာ သူကိုယ်တိုင်လည်း သေချာမသိကြောင်း ဝန်ခံခဲ့ဖူးပေမယ့် ဒေါ့မွန်လူငယ်အသင်းအကြီးအကဲဖြစ်သူ လားစ်ရစ်ကင်ကတော့ ၂၀၁၇ ခုနှစ်အတွင်း မူကိုကိုဘက်ကနေ ကာကွယ်မှုတွေပြုလုပ်ခဲ့သလို ဖခင်ဖြစ်သူကလည်း အဲဒီသံသယမေးခွန်းတွေကို ပယ်ချခဲ့ပါတယ်။
”သူ့ကို မွေးဖွားပြီးတာနဲ့ ကင်မရွန်းနိုင်ငံ၊ မြို့တော်ယိုအန်ဒီရှိ ဂျာမန်ကောင်စီမှာ မှတ်ပုံတင်စာရင်းသွားလုပ်ခဲ့ပါတယ်။ သူ့အမေကြောင့်လည်း ဒီကလေးက ဘယ်လိုမှအသက်မကြီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေကလည်း အခုမှ အသက် ၂၈နှစ်ပဲရှိသေးလို့ပါ”လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ အဲဒီလူငယ်တိုက်စစ်မှူးလေးကို ၂၀၂၂ အထိရှိမယ့်စာချပ်ချုပ်ဆိုထားပြီး Nike နဲ့ တစ်နှစ် ဒေါ်လာ ၁သန်းတန်စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးဖြစ်သလို ဒေါ်လာ ဂဏန်း ၇လုံးခန့်လည်း ချက်ချင်းရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။
သူဟာ မကြာခင် ဘွန်ဒက်စ်လီဂါမှာ တောက်ပလာနိုင်တဲ့ကြယ်ပွင့်အဖြစ် အများစုရဲ့သတ်မှတ်ခြင်းခံထားရပေမယ့် ကာယကံရှင်ဖြစ်သူကတော့ ဒီထက်ပိုမြင့်မားတဲ့ရည်မှန်းချက်ထားရှိထားပြီး Ballon d’Or ဆုရှင်ဖြစ်လာဖို့ ပစ်မှတ်ထားနေပါတယ်။
”အရိုးသားဆုံးပြောရရင် ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိပြီး Ballon d’Or ဆုရဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက်ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။