
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးဟာ ယခုရာသီမှာ အထူးဂိုးမြူးနေပြီး အသင်းအတွက် ၁၃ပွဲမှာပဲ ၁၈ဂိုးအထိသွင်းယူကာ ဘိုင်ယန်ကလည်း ပြည်တွင်းနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့ ကြိုးစားနေပါတယ်။
Photo Credit
သူဟာ ဒီကြားရက်မှာလည်း ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ဂရိမှာ အိုလံပီယာကို့စ်အသင်းကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုဂိုးမြူးနေတာကြောင့်လည်း အသက် ၃၁နှစ်ရှိနေပြီဖြစ်ပေမယ့် လီဝန်ဒေါစကီးကို ခေါ်ယူချင်သူတွေများပြားနေဆဲဖြစ်ပြီး သြဂုတ်လအတွင်း ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့တဲ့ဂျာမန်စူပါဖလားပွဲနောက်ပိုင်း အသင်းအတွက် နောက်ဆုံး ၁၂ပွဲဆက်ဂိုးသွင်းယူထားနိုင်ပါတယ်။
Photo Credit
အဲဒီအချိန်မှာ ရီးရဲလ်ကတော့ တိုက်စစ်ပိုင်းပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ချဲလ်ဆီးကနေ ပေါင်သန်း ၁၃၀ နဲ့ ခေါ်ယူထားတဲ့ ဟာဇက်က အခုချိန်ထိ ၁ဂိုးပဲသွင်းယူထားနိုင်သလို ဈေးကြီးပေးခေါ်ယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂျိုဗစ်ကလည်း အခုချိန်အထိ ဂိုးပေါက်ပျောက်နေဆဲပါပဲ။ ဒီအတွက်ကြောင့် စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ လာလီဂါမှာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတဲ့နည်းပြဇီဒန်းက ပိုလန်ဂိုးသွင်းမုဆိုးအတွက် ငွေသုံးစွဲဖို့ စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။
Photo Credit
ရီးရဲလ်ဟာ ငွေသားအပြင် ကစားသမားအလိုက်ပါပေးကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ဖရန့်ဖတ်တိုက်စစ်မှူးဟောင်း ဂျိုဗစ်နဲ့ ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်တို့ထဲက ဖြစ်နိုင်ခြေရှိကြောင်း သိရပါတယ်။ ဘိုင်ယန်က လီဝန်ဒေါစကီးရဲ့တန်ဖိုးကို ပေါင် ၆၅သန်းဝန်းကျင်သတ်မှတ်ထားပြီး သူ့အသက်အရွယ်အရ များပြားတယ်လု့ိ ဆိုနိုင်ပေမယ့် ကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုန်းကြောင့် ရီးရဲလ်က ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
Photo Credit
Zawgyi
၁၃ပြဲမွာ ၁၈ဂိုးသြင္းထားတဲ့ လီ၀န္ေဒါစကီးဘက္ ရီးရဲလ္ ျမားဦးျပန္လွည့္လာ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလအတြင္း ဘိုင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးကို ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ ပိုလန္လက္ေရြးစင္ လီ၀န္ေဒါစကီးဟာ ယခုရာသီမွာ အထူးဂိုးျမဴးေနၿပီး အသင္းအတြက္ ၁၃ပြဲမွာပဲ ၁၈ဂိုးအထိသြင္းယူကာ ဘုိင္ယန္ကလည္း ျပည္တြင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရရွိဖို႔ ႀကိဳးစားေနပါတယ္။
သူဟာ ဒီၾကားရက္မွာလည္း ေျခစြမ္းေကာင္းကို ဆက္ထိန္းႏိုင္ခဲ့ၿပီး ဂရိမွာ အုိလံပီယာကုိ႔စ္အသင္းကို ၂-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီလုိဂိုးျမဴးေနတာေၾကာင့္လည္း အသက္ ၃၁ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ လီ၀န္ေဒါစကီးကို ေခၚယူခ်င္သူေတြမ်ားျပားေနဆဲျဖစ္ၿပီး ၾသဂုတ္လအတြင္း ေဒါ့မြန္ကို ႐ံႈးနိမ့္ခဲ့တ့ဲဂ်ာမန္စူပါဖလားပြဲေနာက္ပိုင္း အသင္းအတြက္ ေနာက္ဆုံး ၁၂ပဲြဆက္ဂိုးသြင္းယူထားႏိုင္ပါတယ္။
အဲဒီအခ်ိန္မွာ ရီးရဲလ္ကေတာ့ တုိက္စစ္ပိုင္းျပႆနာေတြနဲ႔ရင္ဆုိင္ေနရၿပီး ခ်ဲလ္ဆီးကေန ေပါင္သန္း ၁၃၀ နဲ႔ ေခၚယူထားတဲ့ ဟာဇက္က အခုခ်ိန္ထိ ၁ဂိုးပဲသြင္းယူထားႏုိင္သလို ေစ်းႀကီးေပးေခၚယူခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဂ်ိဳဗစ္ကလည္း အခုခ်ိန္အထိ ဂိုးေပါက္ေပ်ာက္ေနဆဲပါပဲ။ ဒီအတြက္ေၾကာင့္ စပိန္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ လာလီဂါမွာ ဘာစီလုိနာကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းထားတဲ့နည္းျပဇီဒန္းက ပုိလန္ဂိုးသြင္းမုဆုိးအတြက္ ေငြသုံးစြဲဖို႔ စီစဥ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။
ရီးရဲလ္ဟာ ေငြသားအျပင္ ကစားသမားအလိုက္ပါေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဖရန္႔ဖတ္တုိက္စစ္မွဴးေဟာင္း ဂ်ိဳဗစ္နဲ႔ ေ၀းလ္ေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္တုိ႔ထဲက ျဖစ္ႏိုင္ေျခရွိေၾကာင္း သိရပါတယ္။ ဘုိင္ယန္က လီ၀န္ေဒါစကီးရဲ႕တန္ဖုိးကို ေပါင္ ၆၅သန္း၀န္းက်င္သတ္မွတ္ထားၿပီး သူ႕အသက္အရြယ္အရ မ်ားျပားတယ္လု႔ိ ဆုိႏုိင္ေပမယ့္ ေၾကာက္စရာေကာင္းတဲ့ဂိုးသြင္းႏႈန္းေၾကာင့္ ရီးရဲလ္က ကမ္းလွမ္းဖြယ္ရွိေနပါတယ္။