၁၂ မိနစ်အတွင်း ၄ ဂိုးသွင်းပြီး အယ်ခမာကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲမှ ယူနိုက်တက်ကစားသမားများ၏ စွမ်းဆောင်မှုနှုန်း သတ်မှတ်ချက်များ

ကြာသပတေးညက အိုးလ်ထရက်ဖို့ဒ်မှာ နယ်သာလန်ကလပ် အယ်ခမာကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ကို အုပ်စုပထမအနေနဲ့ တက်သွားခဲ့ပါတယ်။ ယူနိုက်တက်ရော၊ အယ်ခမာရေ နှစ်သင်းစလုံးဟာ ဒီပွဲမတိုင်မီကတည်းက ၃၂ သင်းအဆင့်ကို တက်ပြီးသား အသင်းတွေပါ။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဒီပွဲမှာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့နဲ့ အရံကစားသမားအချိုးကို ပွဲကစားမှုအတွေ့အကြုံပေးဖို့အတွက် အလုံးစုံနီးပါး အရံအသင်းကို ပွဲထုတ်အသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ၁၂ မိနစ်အတွင်း ၄ ဂိုးသွင်းပြီး အနိုင်ရခဲ့တာပါ။ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်က ၂ ဂိုးသွင်းခဲ့ပြီး အက်ရှ်လေယန်းနဲ့ မာတာတို့က ၁ ဂိုးစီသွင်းခဲ့တာပါ။ ယူနိုက်တက်ဟာ စပါးနဲ့ မန်စီးတီးလို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေကို အနိုင်ရခဲ့သလို အခုလည်း အယ်ခမာကို အနိုင်ရခဲ့လို့ ၈ ရက်အတွင်း ၃ ပွဲ အနိုင်ကစားခဲ့တာပါ။ ဒါဟာ တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ ကစားရမယ့်ပွဲအတွက်လည်း ယုံကြည်မှု ပိုမိုမြင့်တက်စေခဲ့ပါတယ်။

photo internet

ယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကို လာကစားရမယ့် အဲဗာတန်ဟာ လက်ရှိအချိန်မှာ နည်းပြလက်မဲ့ဖြစ်နေပြီး သူတို့ရဲ့ကစားသမားဟောင်း ဒန်ကန် ဖာဂူဆန်က ယာယီနည်းပြအဖြစ် ဦးဆောင်လာမှာပါ။ အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက် ဘယ်လိုကစားမှာလဲ? ဘယ်ကစားပွဲက ကစားသမားတွေရော အခွင့်အရေးရနိုင်မှာလဲဆိုတာနဲ့ ဘယ်ကစားပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဗြိတိန်အားကစားဝက်ဘ်ဆိုဒ်တွေက သတ်မှတ်ထားမှုကို ဖော်ပြလိုက်ရပါတယ်။

photo internet

ဆာဂျီယို ရိုမဲရိုး (၇)
အာဂျင်တီးနားသား ဂိုးသမား ဆာဂျီယို ရိုမဲရိုးဟာ လက်ရွေးစင်အသင်းမှာ ဦးစားပေး ဂိုးသမားဖြစ်နေပေမယ့် ယူနိုက်တက်မှာတော့ ဒီဂေးရဲ့ အရံပဲဖြစ်နေပါတယ်။ ယူနိုက်တက်မှာလည်း ဖလားပြိုင်ပွဲတွေပဲ တောက်လျှောက်ကစားခွင့်ရနေတာပါ။ သူ့ရဲ့အသင်းဟောင်း အယ်ခမာပွဲမှာတော့ ဒီရာသီ ယူရိုပါလိဂ် ၄ ပွဲမြောက် ဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ရိုမဲရိုးဟာ ထိထိရောက်ရောက် ကာကွယ်မှုတွေမလုပ်ခဲ့ရပါဘူး။ အထူးသဖြင့် ဒုတိယပိုင်းမှာပါ။ ၃၂ နှစ်ရှိ ရိုမဲရိုးဟာ မိနစ် ၉၀ တစ်ပွဲလုံးမှာ ဂိုးကာကွယ်မှု ၃ ကြိမ်ပဲ လုပ်ခဲ့ရတယ်။ သူ့ရဲ့စွမ်းဆောင်နိုင်မှုကိုတော့ ၁၀ မှာ ၇ သတ်မှတ်ကြပါတယ်။

photo internet

ဘရန်ဒန်ဝီလျံ (၇)
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယူရိုပါလိဂ်မှာ လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုသလို ဒီပွဲမှာလည်း အသက် ၁၉ နှစ်သာရှိသေးတဲ့ ဘယ်အစွန်ခံစစ်မှူးလေး ဘရန်ဒန်ဝီလျံကို အသုံးပြုခဲ့ပါတယ်။ ဝီလျံဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားခွင့်ရခဲ့တာဖြစ်ပြီး အယ်ခမာရဲ့ ညာအစွန်တိုက်စစ်မှူး ယူကီနာရီ ဘာဂါဝါရာကို မလှုပ်နိုင်အောင် ထိန်းနိုင်ခဲ့တယ်။ ဘောလုံးကို ကြားဖြတ်လုယူမှု ၂ ကြိမ်နဲ့ ရှင်းထုတ်မှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့သလို လိမ်ခေါက်မှု ၁ ကြိမ်လုပ်နိုင်ခဲ့တယ်။ ဘောလုံးပေးပို့မှု ၉၅% တိကျခဲ့တာမို့ အထင်ကြီးစရာ ခြေစွမ်းကိုပြသနိုင်ခဲ့ပြီး ၁၀ မှာ ၇ အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

photo internet

ဟယ်ရီမက်ဂွိုင်းယား (၆)
အယ်ခမာကို ယူနိုက်တက်က တစ်ဖွဲ့လုံးထိန်းချုပ်ကစားနိုင်ခဲ့တာဟာ ကမ္ဘာ့ဈေးအကြီးဆုံးခံစစ်မှူး ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားက ယူနိုက်တက်နောက်တန်းမှာ တည်တည် ငြိမ်ငြိမ်ကစားသွားခဲ့လို့လည်းဖြစ်ပါတယ်။ ဒီဇင်ဘာပွဲကျပ်တွေရှိနေလို့ ၆၇ မိနစ်မှာ လူစားလဲခဲ့ပြီး မက်ဂွိုင်းယားရဲ့ စွမ်းဆောင်နိုင်မှုက ၆ ရှိပါတယ်။

photo internet

အေဇဲလ်တွမ်ဇီဘီ (၇)
မက်ဂွိုင်းယားလိုပဲ တွမ်ဇီဘီလည်း ယူနိုက်တက်ခံစစ်အတွက် ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် လုပ်စရာမလိုခဲ့ပါဘူး။ ဒါပေမယ့် အယ်ခမာက တိုက်စစ်ဆင်လာတိုင်းမှာတော့ တွမ်ဇီဘီက အရေးပါခဲ့ပါတယ်။ ၂၂ နှစ်ရှိ တွမ်ဇီဘီဟာ ဘောလုံးရှင်းထုတ်မှု ၃ ကြိမ်၊ ကြားဖြတ်ယူမှု ၁ ကြိမ်၊ ဘောလုံးပေးပို့မှု ၉၀.၆% တိကျခဲ့ပြီး စွမ်းဆောင်နိုင်မှုအဆင့် (၇)ရှိခဲ့ပါတယ်။

photo internet

အက်ရှ်လေယန်း (၈)
အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ အက်ရှ်လေယန်းဟာ ထိပ်တန်းကစားသမားအဆင့် ခြေစွမ်းမျိုးနဲ့ မကစားနိုင်တော့ဘူးလို့ အားလုံးလိုလိုက ယုံကြည်နေကြသလို ယူနိုက်တက်ကစားသမားတွေ ကိုယ်တိုင်က သိပ်မကြိုက်တော့ပါဘူး။ ဒါပေမယ့် ဒီရာသီအပြီးထိ ယူနိုက်တက်နဲ့စာချုပ် ရှိနေသေးတဲ့ အက်ရှ်လေယန်းဟာ ယူနိုက်တက်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားသွားခဲ့ပြီး ယူနိုက်တက်ရဲ့နိုင်ပွဲမှာ အဓိကကျခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ မာတစ်ဖန်တီးပေးတာကတစ်ဆင့် ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းနိုင်ခဲ့တဲ့ အက်ရှ်လေယန်းဟာ ဒီပွဲမှာ စွမ်းဆောင်နိုင်မှု အဆင့် ၈ အထိ ရှိခဲ့ပါတယ်။

photo internet

နီမန်ဂျာမာတစ် (၇.၅)
ဆားဗီးယားကွင်းလယ်လူ နီမန်ဂျာမာတစ်ဟာ တစ်ချိန်ကတော့ သူကစားတဲ့ကွင်းလယ်အတွင်းပိုင်း နေရာမှာ ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရသူပါ။ လက်ရှိ အချိန်မှာတော့ အက်ရှ်လေယန်းလိုပဲ အသက် ၃၁ နှစ်ရှိ မာတစ်ဟာ ယူနိုက်တက်မှာကစားဖို့ မထိုက်တန်တော့ဘူးလို့ ယူဆကြသူတွေများနေပါတယ်။ အယ်ခမာပွဲဟာ မာတစ်အတွက် ဒီရာသီ ယူနိုက်တက် ၆ ပွဲမြောက်ကစားခွင့်ရတာပါ။ မာတစ်ဟာ ပွဲအထနှေးခဲ့ပေမယ့် အပြေးလည်း ပိုကောင်းလာလို့ မိနစ် ၉၀ ပြည့်ကစားခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့မှု တိကျမှုရာခိုင်နှုန်းက ၉၂% အထိ ရှိခဲ့ပါတယ်။ စွမ်းဆောင်နိုင်မှုကတော့ အဆင့် ၇.၅ သတ်မှတ်ခံခဲ့ရပါတယ်။

photo internet

ဂျိမ်းစ်ဂါနာ (၆)
ဂျိမ်းစ်ဂါနာက ၁၈ နှစ်သာရှိသေးပြီး ဒီရာသီယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၅ ပွဲမြောက်နဲ့ ယူရိုပါလိဂ်မှာ ၄ ပွဲမြောက်ကစားခွင့်ရတာပါ။ ဒီကွင်းလယ်ခံစစ်ကစားသမားလေးဟာ ပရီးမီးယားလိဂ်မှာတော့ ပုံမှန်တစ်နေရာ မရသေးပါဘူး။ အယ်ခမာပွဲက ခြေစွမ်းအရတော့ ယူနိုက်တက်လူငယ်စီမံကိန်းကနေ ထွက်လာတဲ့ လူငယ်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်နေပြီး အနာဂတ်မှာမျှော်လင့်ရတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ အယ်ခမာပွဲမှာ ဂျိမ်းစ်ဂါနာရဲ့ စွမ်းဆောင်မှုက အဆင့် ၆ ရှိပါတယ်။

photo internet

ဂျူအန်မာတာ (၈)
စပိန်ကွင်းလယ်ကစားသမား ဂျူအန်မာတာဟာ သူ့ရဲ့အကောင်းဆုံးနှစ်တွေဆီက ခြေစွမ်းကို ပြန်မရတော့ပေမယ့် အယ်ခမာပွဲက ခြေစွမ်းကတော့ အတော်ကောင်းခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ချိတ်ဆက်ပေးတဲ့နေရာကနေ ကစားသွားခဲ့ပြီး ယူနိုက်တက်ရခဲ့တဲ့ ပင်နယ်တီကို ၆၂ မိနစ်မှာ သွင်းခဲ့ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေကိုလည်း မာတာက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ မာတာရဲ့ ဘောလုံးပေးပို့မှုကလည်း ၉၂.၇% အထိ ရှိလာခဲ့ပြီး အယ်ခမာပွဲက မာတာရဲ့စွမ်းဆောင်မှုက အဆင့် ၈ အထိ ရှိနေပါတယ်။

photo internet

မေဆင်ဂရင်းဝုဒ် (၉.၅)
အယ်ခမာပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ဟာ ၁၈ နှစ်သာရှိပါသေးတယ်။ ဒီပွဲမှာ အကောင်းဆုံး ကစားသမားဖြစ်ပြီး စွမ်းဆောင်နိုင်မှုအဆင့် ၉.၅ အထိ ရခဲ့ပါတယ်။ ရာသီမစမီကတည်းက မေဆင် ဂရင်းဝုဒ်ဟာ သူတွေ့မြင်ခဲ့ဖူးတဲ့သူတွေအနက်က အကောင်းဆုံး တိုက်စစ်အဆုံးသတ် ဂိုးသွင်းသူလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။ အယ်ခမာပွဲမှာ ဂရင်းဝုဒ်လုပ်ပြသွားတဲ့ စွမ်းဆောင်မှုတွေကို မြင်တွေ့ရပြီးနောက်မှာ ဂရင်းဝုဒ်ကို ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ကြတယ်ဆိုတာကလည်း ထင်ရှားသွားပါတယ်။ ပထမပိုင်းမှာ ခြေစွမ်းမပြနိုင်သလို ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂရင်းဝုဒ်က ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို မာတာသွင်းခဲ့တဲ့ ပင်နယ်တီကလည်း ဂရင်းဝုဒ်ကြောင့်ပဲ ရခဲ့တာပါ။ သူ့ရဲ့ ပထမသွင်းဂိုးဆိုရင် ဧရိယာအစပ်ကနေ သွင်းယူခဲ့တာဖြစ်ပြီး ကျွမ်းကျင်မှုကို ပြသသွားနိုင်ခဲ့ပါတယ်။

photo internet

အန်တိုနီမာရှယ် (၆)
မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းနိုင်ခဲ့ခြင်းနဲ့အတူ အယ်ခမာပွဲမှာ မာရှယ်ဟာ ဗဟိုတိုက်စစ်မှူး နေရာကနေ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အယ်ခမာပွဲမှာတော့ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကိုမပြနိုင်ခဲ့ပါဘူး။ ပွဲချိန် ၅၈ မိနစ်မှာ ဂရင်းဝုဒ်ဖန်တီးပေးတဲ့ အပိုင်အခွင့်အရေးကို ဂိုးပေါ်ကျော်ကန်ခဲ့ပြီးနောက် လူစားလဲခြင်းခံခဲ့ရကာ မာရှယ်ရဲ့ အယ်ခမာပွဲ စွမ်းဆောင်နိုင်မှုက အဆင့် ၆ ပဲရှိခဲ့ပါတယ်။

photo internet

အန်ဒရီးယပ်စ် ပါရဲရား (၇.၅)
ဘရာဇီးကစားသမားလေး အန်ဒရီးယပ်စ် ပါရဲရားကတော့ အယ်ခမာပွဲမှာ ဘယ်တောင်ပံတိုက်စစ် ကနေ ကစားခဲ့ရတယ်။ ပါရဲရားရဲ့ ယူနိုက်တက်ကစားသမားဘဝကတော့ ခြေစွမ်းအတက်အကျ မမှန်ကန်မှုတွေနဲ့ ရောထွေးနေတယ်။ တစ်ခါတစ်ခါ အံ့သြလောက်အောင်ကောင်းပေမယ့် တစ်ခါတစ်ခါမှာ စိတ်ပျက်စရာကောင်းအောင် ခြေစွမ်းညံ့တာတွေနဲ့ ရောထွေးနေတယ်။ အယ်ခမာပွဲအစောပိုင်းမှာ ပါရဲရားရဲ့ကန်ချက်ကို အယ်ခမာ ဂိုးသမားက အလွယ်တကူကာကွယ်သွားခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက်အဖွင့်ဂိုးရခဲ့တာက ပါရဲရား အဓိကကျခဲ့တယ်။ ပါရဲရားက အယ်ခမာခံစစ်ကိုလိမ်ခေါက်ပြီး နေရာလွတ်ကိုချပေးလိုက်တဲ့ ဘောလုံးကို မာတာနဲ့ မာတစ်တို့က အပေးအယူလုပ်ပြီး အက်ရှ်လေယန်း ဂိုးသွင်းနိုင်အောင် ကြိုးစားပေးခဲ့ကြတာပါ။ ၂၃ နှစ်ရှိ ပါရဲရားဟာ အယ်ခမာပွဲမှာ ကန်ချက် ၅ ကြိမ်ပြုလုပ်ပြီး ၂ ကြိမ်ဂိုးပေါက်တည့်ခဲ့သလို အရေးပါတဲ့ ပေးပို့မှု ၁ ကြိမ်လုပ်နိုင်ခဲ့လို့ သူ့ရဲ့အဆင့် သတ်မှတ်ချက်က ၇.၅ အထိ ရှိခဲ့ပါတယ်။

လူစားဝင်ကစားသမားတွေထဲကတော့ တာဟစ်ချောင်က ၆.၅၊ ဖီးလ်ဂျုံးစ်က ၆၊ အီသန်လာ့ဒ်က ၆ ရှိခဲ့ပါတယ်။

photo internet

(Zawgyi Version)

၁၂ မိနစ္အတြင္း ၄ ဂုိးသြင္းၿပီး အယ္ခမာကုိ ဂုိးျပတ္အႏုိင္ယူခဲ့တဲ့ပြဲမွ ယူႏုိက္တက္ကစားသမားမ်ား၏ စြမ္းေဆာင္မႈႏႈန္း သတ္မွတ္ခ်က္မ်ား

ၾကာသပေတးညက အုိးလ္ထရက္ဖုိ႔ဒ္မွာ နယ္သာလန္ကလပ္ အယ္ခမာကုိ ၄-၀ နဲ႔ အႏုိင္ရခဲ့တဲ့ ယူႏုိက္တက္ဟာ ယူ႐ုိပါလိဂ္ ၃၂ သင္းအဆင့္ကုိ အုပ္စုပထမအေနနဲ႔ တက္သြားခဲ့ပါတယ္။ ယူႏုိက္တက္ေရာ၊ အယ္ခမာေရ ႏွစ္သင္းစလုံးဟာ ဒီပြဲမတုိင္မီကတည္းက ၃၂ သင္းအဆင့္ကုိ တက္ၿပီးသား အသင္းေတြပါ။ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားကလည္း ဒီပြဲမွာ လူငယ္ကစားသမားေတြကုိ အခြင့္အေရးေပးဖုိ႔နဲ႔ အရံကစားသမားအခ်ဳိးကုိ ပြဲကစားမႈအေတြ႕အႀကဳံေပးဖုိ႔အတြက္ အလုံးစုံနီးပါး အရံအသင္းကို ပြဲထုတ္အသုံးျပဳခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ပထမပုိင္းမွာ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ ဒုတိယပုိင္းမွာေတာ့ ၁၂ မိနစ္အတြင္း ၄ ဂုိးသြင္းၿပီး အႏုိင္ရခဲ့တာပါ။ လူငယ္တုိက္စစ္မွဴးေလး ဂရင္း၀ုဒ္က ၂ ဂုိးသြင္းခဲ့ၿပီး အက္ရွ္ေလယန္းနဲ႔ မာတာတုိ႔က ၁ ဂုိးစီသြင္းခဲ့တာပါ။ ယူႏုိက္တက္ဟာ စပါးနဲ႔ မန္စီးတီးလို ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္းေတြကုိ အႏုိင္ရခဲ့သလုိ အခုလည္း အယ္ခမာကုိ အႏုိင္ရခဲ့လုိ႔ ၈ ရက္အတြင္း ၃ ပြဲ အႏုိင္ကစားခဲ့တာပါ။ ဒါဟာ တနဂၤေႏြေန႔မွာ အဲဗာတန္နဲ႔ ကစားရမယ့္ပြဲအတြက္လည္း ယုံၾကည္မႈ ပုိမုိျမင့္တက္ေစခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ အုိးလ္ထရက္ဖုိ႔ဒ္ကုိ လာကစားရမယ့္ အဲဗာတန္ဟာ လက္ရွိအခ်ိန္မွာ နည္းျပလက္မဲ့ျဖစ္ေနၿပီး သူတုိ႔ရဲ႕ကစားသမားေဟာင္း ဒန္ကန္ ဖာဂူဆန္က ယာယီနည္းျပအျဖစ္ ဦးေဆာင္လာမွာပါ။ အဲဗာတန္နဲ႔ပြဲမွာ ယူႏုိက္တက္ ဘယ္လုိကစားမွာလဲ? ဘယ္ကစားပြဲက ကစားသမားေတြေရာ အခြင့္အေရးရႏုိင္မွာလဲဆုိတာနဲ႔ ဘယ္ကစားပြဲက ယူႏုိက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ႏုိင္မႈေတြကုိ ၿဗိတိန္အားကစား၀က္ဘ္ဆုိဒ္ေတြက သတ္မွတ္ထားမႈကုိ ေဖာ္ျပလုိက္ရပါတယ္။

ဆာဂ်ီယုိ ႐ုိမဲ႐ုိး (၇)
အာဂ်င္တီးနားသား ဂုိးသမား ဆာဂ်ီယုိ ႐ုိမဲ႐ုိးဟာ လက္ေရြးစင္အသင္းမွာ ဦးစားေပး ဂုိးသမားျဖစ္ေနေပမယ့္ ယူႏုိက္တက္မွာေတာ့ ဒီေဂးရဲ႕ အရံပဲျဖစ္ေနပါတယ္။ ယူႏုိက္တက္မွာလည္း ဖလားၿပိဳင္ပြဲေတြပဲ ေတာက္ေလွ်ာက္ကစားခြင့္ရေနတာပါ။ သူ႔ရဲ႕အသင္းေဟာင္း အယ္ခမာပြဲမွာေတာ့ ဒီရာသီ ယူ႐ုိပါလိဂ္ ၄ ပြဲေျမာက္ ၀င္ကစားခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ ႐ုိမဲ႐ုိးဟာ ထိထိေရာက္ေရာက္ ကာကြယ္မႈေတြမလုပ္ခဲ့ရပါဘူး။ အထူးသျဖင့္ ဒုတိယပုိင္းမွာပါ။ ၃၂ ႏွစ္ရွိ ႐ုိမဲ႐ုိးဟာ မိနစ္ ၉၀ တစ္ပြဲလုံးမွာ ဂုိးကာကြယ္မႈ ၃ ႀကိမ္ပဲ လုပ္ခဲ့ရတယ္။ သူ႔ရဲ႕စြမ္းေဆာင္ႏုိင္မႈကုိေတာ့ ၁၀ မွာ ၇ သတ္မွတ္ၾကပါတယ္။

ဘရန္ဒန္၀ီလ်ံ (၇)
ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားဟာ ယူ႐ုိပါလိဂ္မွာ လူငယ္ေတြကုိ ယုံယုံၾကည္ၾကည္နဲ႔ အသုံးျပဳသလုိ ဒီပြဲမွာလည္း အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဘယ္အစြန္ခံစစ္မွဴးေလး ဘရန္ဒန္၀ီလ်ံကုိ အသုံးျပဳခဲ့ပါတယ္။ ၀ီလ်ံဟာ ယူႏုိက္တက္အတြက္ ၿပိဳင္ပဲြစုံ ၁၀ ပြဲကစားခြင့္ရခဲ့တာျဖစ္ၿပီး အယ္ခမာရဲ႕ ညာအစြန္တုိက္စစ္မွဴး ယူကီနာရီ ဘာဂါ၀ါရာကုိ မလႈပ္ႏုိင္ေအာင္ ထိန္းႏုိင္ခဲ့တယ္။ ေဘာလုံးကုိ ၾကားျဖတ္လုယူမႈ ၂ ႀကိမ္နဲ႔ ရွင္းထုတ္မႈ ၁ ႀကိမ္ျပဳလုပ္ႏုိင္ခဲ့သလုိ လိမ္ေခါက္မႈ ၁ ႀကိမ္လုပ္ႏုိင္ခဲ့တယ္။ ေဘာလုံးေပးပုိ႔မႈ ၉၅% တိက်ခဲ့တာမုိ႔ အထင္ႀကီးစရာ ေျခစြမ္းကုိျပသႏုိင္ခဲ့ၿပီး ၁၀ မွာ ၇ အထိ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယား (၆)
အယ္ခမာကုိ ယူႏုိက္တက္က တစ္ဖြဲ႕လုံးထိန္းခ်ဳပ္ကစားႏုိင္ခဲ့တာဟာ ကမာၻ ့ေစ်းအႀကီးဆုံးခံစစ္မွဴး ျဖစ္တဲ့ ဟယ္ရီမက္ဂြိဳင္းယားက ယူႏုိက္တက္ေနာက္တန္းမွာ တည္တည္ ၿငိမ္ၿငိမ္ကစားသြားခဲ့လုိ႔လည္းျဖစ္ပါတယ္။ ဒီဇင္ဘာပြဲက်ပ္ေတြရွိေနလုိ႔ ၆၇ မိနစ္မွာ လူစားလဲခဲ့ၿပီး မက္ဂြိဳင္းယားရဲ႕ စြမ္းေဆာင္ႏုိင္မႈက ၆ ရွိပါတယ္။

ေအဇဲလ္တြမ္ဇီဘီ (၇)
မက္ဂြိဳင္းယားလုိပဲ တြမ္ဇီဘီလည္း ယူႏုိက္တက္ခံစစ္အတြက္ ထူးထူးျခားျခား ႀကီးႀကီးက်ယ္က်ယ္ လုပ္စရာမလုိခဲ့ပါဘူး။ ဒါေပမယ့္ အယ္ခမာက တုိက္စစ္ဆင္လာတုိင္းမွာေတာ့ တြမ္ဇီဘီက အေရးပါခဲ့ပါတယ္။ ၂၂ ႏွစ္ရွိ တြမ္ဇီဘီဟာ ေဘာလုံးရွင္းထုတ္မႈ ၃ ႀကိမ္၊ ၾကားျဖတ္ယူမႈ ၁ ႀကိမ္၊ ေဘာလုံးေပးပုိ႔မႈ ၉၀.၆% တိက်ခဲ့ၿပီး စြမ္းေဆာင္ႏုိင္မႈအဆင့္ (၇)ရွိခဲ့ပါတယ္။

အက္ရွ္ေလယန္း (၈)
အသက္ ၃၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ အက္ရွ္ေလယန္းဟာ ထိပ္တန္းကစားသမားအဆင့္ ေျခစြမ္းမ်ဳိးနဲ႔ မကစားႏုိင္ေတာ့ဘူးလုိ႔ အားလုံးလုိလုိက ယုံၾကည္ေနၾကသလုိ ယူႏုိက္တက္ကစားသမားေတြ ကုိယ္တုိင္က သိပ္မႀကိဳက္ေတာ့ပါဘူး။ ဒါေပမယ့္ ဒီရာသီအၿပီးထိ ယူႏုိက္တက္နဲ႔စာခ်ဳပ္ ရွိေနေသးတဲ့ အက္ရွ္ေလယန္းဟာ ယူႏုိက္တက္ကုိ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူကစားသြားခဲ့ၿပီး ယူႏုိက္တက္ရဲ႕ႏုိင္ပြဲမွာ အဓိကက်ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၄ မိနစ္မွာ မာတစ္ဖန္တီးေပးတာကတစ္ဆင့္ ဂုိးအေပၚေထာင့္ထဲကုိ ကန္သြင္းႏုိင္ခဲ့တဲ့ အက္ရွ္ေလယန္းဟာ ဒီပြဲမွာ စြမ္းေဆာင္ႏုိင္မႈ အဆင့္ ၈ အထိ ရွိခဲ့ပါတယ္။

နီမန္ဂ်ာမာတစ္ (၇.၅)
ဆားဗီးယားကြင္းလယ္လူ နီမန္ဂ်ာမာတစ္ဟာ တစ္ခ်ိန္ကေတာ့ သူကစားတဲ့ကြင္းလယ္အတြင္းပုိင္း ေနရာမွာ ကမာၻ ့အေကာင္းဆုံးလုိ႔ သတ္မွတ္ခံခဲ့ရသူပါ။ လက္ရွိ အခ်ိန္မွာေတာ့ အက္ရွ္ေလယန္းလုိပဲ အသက္ ၃၁ ႏွစ္ရွိ မာတစ္ဟာ ယူႏုိက္တက္မွာကစားဖုိ႔ မထုိက္တန္ေတာ့ဘူးလုိ႔ ယူဆၾကသူေတြမ်ားေနပါတယ္။ အယ္ခမာပြဲဟာ မာတစ္အတြက္ ဒီရာသီ ယူႏုိက္တက္ ၆ ပြဲေျမာက္ကစားခြင့္ရတာပါ။ မာတစ္ဟာ ပြဲအထေႏွးခဲ့ေပမယ့္ အေျပးလည္း ပုိေကာင္းလာလုိ႔ မိနစ္ ၉၀ ျပည့္ကစားခဲ့သလုိ သူ႔ရဲ႕ ေဘာလုံးေပးပုိ႔မႈ တိက်မႈရာခုိင္ႏႈန္းက ၉၂% အထိ ရွိခဲ့ပါတယ္။ စြမ္းေဆာင္ႏုိင္မႈကေတာ့ အဆင့္ ၇.၅ သတ္မွတ္ခံခဲ့ရပါတယ္။

ဂ်ိမ္းစ္ဂါနာ (၆)
ဂ်ိမ္းစ္ဂါနာက ၁၈ ႏွစ္သာရွိေသးၿပီး ဒီရာသီယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၅ ပြဲေျမာက္နဲ႔ ယူ႐ုိပါလိဂ္မွာ ၄ ပြဲေျမာက္ကစားခြင့္ရတာပါ။ ဒီကြင္းလယ္ခံစစ္ကစားသမားေလးဟာ ပရီးမီးယားလိဂ္မွာေတာ့ ပုံမွန္တစ္ေနရာ မရေသးပါဘူး။ အယ္ခမာပြဲက ေျခစြမ္းအရေတာ့ ယူႏုိက္တက္လူငယ္စီမံကိန္းကေန ထြက္လာတဲ့ လူငယ္ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ေနၿပီး အနာဂတ္မွာေမွ်ာ္လင့္ရတဲ့ ကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။ အယ္ခမာပြဲမွာ ဂ်ိမ္းစ္ဂါနာရဲ႕ စြမ္းေဆာင္မႈက အဆင့္ ၆ ရွိပါတယ္။

ဂ်ဴအန္မာတာ (၈)
စပိန္ကြင္းလယ္ကစားသမား ဂ်ဴအန္မာတာဟာ သူ႔ရဲ႕အေကာင္းဆုံးႏွစ္ေတြဆီက ေျခစြမ္းကုိ ျပန္မရေတာ့ေပမယ့္ အယ္ခမာပြဲက ေျခစြမ္းကေတာ့ အေတာ္ေကာင္းခဲ့ပါတယ္။ ယူႏုိက္တက္ကြင္းလယ္နဲ႔ တုိက္စစ္ပုိင္းကုိ ခ်ိတ္ဆက္ေပးတဲ့ေနရာကေန ကစားသြားခဲ့ၿပီး ယူႏုိက္တက္ရခဲ့တဲ့ ပင္နယ္တီကုိ ၆၂ မိနစ္မွာ သြင္းခဲ့ပါတယ္။ ဒီပြဲမွာ ၂ ဂုိးသြင္းခဲ့တဲ့ ဂရင္း၀ုဒ္ရဲ႕ သြင္းဂုိးေတြကိုလည္း မာတာက ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ မာတာရဲ႕ ေဘာလုံးေပးပုိ႔မႈကလည္း ၉၂.၇% အထိ ရွိလာခဲ့ၿပီး အယ္ခမာပြဲက မာတာရဲ႕စြမ္းေဆာင္မႈက အဆင့္ ၈ အထိ ရွိေနပါတယ္။

ေမဆင္ဂရင္း၀ုဒ္ (၉.၅)
အယ္ခမာပြဲမွာ ၂ ဂုိးသြင္းခဲ့တဲ့ ေမဆင္ဂရင္း၀ုဒ္ဟာ ၁၈ ႏွစ္သာရွိပါေသးတယ္။ ဒီပဲြမွာ အေကာင္းဆုံး ကစားသမားျဖစ္ၿပီး စြမ္းေဆာင္ႏုိင္မႈအဆင့္ ၉.၅ အထိ ရခဲ့ပါတယ္။ ရာသီမစမီကတည္းက ေမဆင္ ဂရင္း၀ုဒ္ဟာ သူေတြ႕ျမင္ခဲ့ဖူးတဲ့သူေတြအနက္က အေကာင္းဆုံး တုိက္စစ္အဆုံးသတ္ ဂုိးသြင္းသူလုိ႔ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက ခ်ီးက်ဴးခဲ့ပါတယ္။ အယ္ခမာပြဲမွာ ဂရင္း၀ုဒ္လုပ္ျပသြားတဲ့ စြမ္းေဆာင္မႈေတြကုိ ျမင္ေတြ႕ရၿပီးေနာက္မွာ ဂရင္း၀ုဒ္ကုိ ဘာေၾကာင့္ ကမာၻ ့အေကာင္းဆုံး လူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ၾကတယ္ဆုိတာကလည္း ထင္ရွားသြားပါတယ္။ ပထမပုိင္းမွာ ေျခစြမ္းမျပႏုိင္သလုိ ျဖစ္ခဲ့ေပမယ့္ ဒုတိယပုိင္းမွာေတာ့ ဂရင္း၀ုဒ္က ကုိယ္တုိင္ ၂ ဂုိးသြင္းခဲ့သလုိ မာတာသြင္းခဲ့တဲ့ ပင္နယ္တီကလည္း ဂရင္း၀ုဒ္ေၾကာင့္ပဲ ရခဲ့တာပါ။ သူ႔ရဲ႕ ပထမသြင္းဂုိးဆုိရင္ ဧရိယာအစပ္ကေန သြင္းယူခဲ့တာျဖစ္ၿပီး ကၽြမ္းက်င္မႈကုိ ျပသသြားႏုိင္ခဲ့ပါတယ္။

အန္တုိနီမာရွယ္ (၆)
မန္စီးတီးကုိ အႏုိင္ရခဲ့တဲ့ပြဲမွာ ၁ ဂုိးသြင္းႏုိင္ခဲ့ျခင္းနဲ႔အတူ အယ္ခမာပြဲမွာ မာရွယ္ဟာ ဗဟုိတုိက္စစ္မွဴး ေနရာကေန ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ အယ္ခမာပြဲမွာေတာ့ သူ႔ရဲ႕အေကာင္းဆုံး ေျခစြမ္းကုိမျပႏုိင္ခဲ့ပါဘူး။ ပြဲခ်ိန္ ၅၈ မိနစ္မွာ ဂရင္း၀ုဒ္ဖန္တီးေပးတဲ့ အပုိင္အခြင့္အေရးကုိ ဂုိးေပၚေက်ာ္ကန္ခဲ့ၿပီးေနာက္ လူစားလဲျခင္းခံခဲ့ရကာ မာရွယ္ရဲ႕ အယ္ခမာပြဲ စြမ္းေဆာင္ႏုိင္မႈက အဆင့္ ၆ ပဲရွိခဲ့ပါတယ္။

အန္ဒရီးယပ္စ္ ပါရဲရား (၇.၅)
ဘရာဇီးကစားသမားေလး အန္ဒရီးယပ္စ္ ပါရဲရားကေတာ့ အယ္ခမာပြဲမွာ ဘယ္ေတာင္ပံတုိက္စစ္ ကေန ကစားခဲ့ရတယ္။ ပါရဲရားရဲ႕ ယူႏုိက္တက္ကစားသမားဘ၀ကေတာ့ ေျခစြမ္းအတက္အက် မမွန္ကန္မႈေတြနဲ႔ ေရာေထြးေနတယ္။ တစ္ခါတစ္ခါ အံ့ၾသေလာက္ေအာင္ေကာင္းေပမယ့္ တစ္ခါတစ္ခါမွာ စိတ္ပ်က္စရာေကာင္းေအာင္ ေျခစြမ္းညံ့တာေတြနဲ႔ ေရာေထြးေနတယ္။ အယ္ခမာပြဲအေစာပုိင္းမွာ ပါရဲရားရဲ႕ကန္ခ်က္ကုိ အယ္ခမာ ဂုိးသမားက အလြယ္တကူကာကြယ္သြားခဲ့တယ္။ ဒါေပမယ့္ ယူႏိုက္တက္အဖြင့္ဂုိးရခဲ့တာက ပါရဲရား အဓိကက်ခဲ့တယ္။ ပါရဲရားက အယ္ခမာခံစစ္ကုိလိမ္ေခါက္ၿပီး ေနရာလြတ္ကုိခ်ေပးလုိက္တဲ့ ေဘာလုံးကုိ မာတာနဲ႔ မာတစ္တုိ႔က အေပးအယူလုပ္ၿပီး အက္ရွ္ေလယန္း ဂုိးသြင္းႏုိင္ေအာင္ ႀကိဳးစားေပးခဲ့ၾကတာပါ။ ၂၃ ႏွစ္ရွိ ပါရဲရားဟာ အယ္ခမာပြဲမွာ ကန္ခ်က္ ၅ ႀကိမ္ျပဳလုပ္ၿပီး ၂ ႀကိမ္ဂုိးေပါက္တည့္ခဲ့သလုိ အေရးပါတဲ့ ေပးပို႔မႈ ၁ ႀကိမ္လုပ္ႏုိင္ခဲ့လုိ႔ သူ႔ရဲ႕အဆင့္ သတ္မွတ္ခ်က္က ၇.၅ အထိ ရွိခဲ့ပါတယ္။

လူစား၀င္ကစားသမားေတြထဲကေတာ့ တာဟစ္ေခ်ာင္က ၆.၅၊ ဖီးလ္ဂ်ဳံးစ္က ၆၊ အီသန္လာ့ဒ္က ၆ ရွိခဲ့ပါတယ္။