၁၂ ပွဲပြီးချိန်စွမ်းဆောင်မှုမှာ စီရော်နယ်ဒိုထက် ဒန်နီရယ်ဂျိမ်းစ် ပိုသာ

Photo- Internet
Photo- Internet

မန်ယူအသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ရဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲကစာပြီးချိန်စွမ်းဆောင်ရည်ဟာ စီရော်နယ်ဒို ၁၂ ပွဲကစားပြီးချိန် စွမ်းဆောင်ရည်ထက် ပိုပြီးသာလွန်နေတယ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ မကြာသေးခင်ကလည်း ကွင်းလယ်လူဟောင်း ရိုင်ယန်ဂစ်က ဂျိမ်းစ်ဟာ စီရော်နယ်ဒိုလိုဘဲ ကွင်းထဲမှာရဲရင့်စွာကစားတတ်တဲ့ သူလို့ဆိုခဲ့ပါသေးတယ်။

ဝေးလ်လက်ရွေးစင်ဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီကဆွမ်ဆီးကနေပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့လာပြီးနောက် မန်ယူအတွက်ဆက်တိုက်ခြေစွမ်းပြနေတဲ့သူပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ စီရော်နယ်ဒိုထက် မှတ်တမ်းကောင်းနေလို့ အံအားသင့်စရာတောင်ဖြစ်နေတာပါ။

Photo- Internet

သူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၃ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပြီး ဂိုးပေါက်တည့်အောင်ကန်ချက် ၈ ကြိမ်ရှိခဲ့ပါတယ်။ ၂၀၀၃ က စပို့တင်းလစ္စဘွန်းကနေပြောင်းရွှေ့လာတဲ့ စီရော်နယ်ဒိုဟာ မန်ယူအတွက်ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ဂိုးပေါက်ကန်ချက် ၇ ကြိမ်သာရှိခဲ့တာပါ။

Photo- Internet

ဒါပေမယ့် စီရော်နယ်ဒိုဟာ မန်ယူကိုရောက်ကာစမှာ အင်္ဂလိပ်ဘောလုံးလောကနဲ့ အံဝင်ဖို့ကြိုးစားရသေးလို့ ပွဲကစားချိန်မှတော့ ဂျိမ်းစ်ထက် ၃၇၅ မိနစ်လျော့နည်းခဲ့တာကိုတော့ ထည့်တွက်ရမယ်လို့ အဲဒီမှတ်တမ်းမှာဖော်ပြသွားပါတယ်။ ဂျိမ်းစ်ဟာ ဘရိုက်တန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဖန်တီးမှုတွေအများကြီးလုပ်ပေးခဲ့သေးပေမယ့် တိုက်စစ်မှူ းတွေ အဆုံးသတ်မကောင်းလို့ ဖန်တီးမှုရခဲ့တာပါ။

Photo- Internet

မန်ယူနည်းပြ ဆိုလ်ရှားကလည်း ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအတွက်အဓိက ကစားသမားဖြစ်လာတယ်လို့ ဝန်ခံခဲ့ပြီး ဂျိမ်းစ်ရဲ့ကစားပုံဟာ ရွိုင်ယန်ဂစ်ငယ်စဉ်ကအတိုင်းဘဲလို့ ချီးကျူ းသွားခဲ့ပါတယ်။

Photo- Internet

 

Zawgyi

၁၂ ပြဲၿပီးခ်ိန္စြမ္းေဆာင္မႈမွာ စီေရာ္နယ္ဒိုထက္ ဒန္နီရယ္ဂ်ိမ္းစ္ ပိုသာ

မန္ယူအသင္းေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ ပရီးမီးယားလိဂ္ ၁၂ ပြဲကစာၿပီးခ်ိန္စြမ္းေဆာင္ရည္ဟာ စီေရာ္နယ္ဒို ၁၂ ပြဲကစားၿပီးခ်ိန္ စြမ္းေဆာင္ရည္ထက္ ပိုၿပီးသာလြန္ေနတယ္လို႔ စစ္တမ္းတစ္ရပ္မွာ ေဖာ္ျပသြားခဲ့ပါတယ္။ မၾကာေသးခင္ကလည္း ကြင္းလယ္လူေဟာင္း ရိုင္ယန္ဂစ္က ဂ်ိမ္းစ္ဟာ စီေရာ္နယ္ဒိုလိုဘဲ ကြင္းထဲမွာရဲရင့္စြာကစားတတ္တဲ႔ သူလို႔ဆိုခဲ့ပါေသးတယ္။

ေ၀းလ္လက္ေရြးစင္ျဖစ္တဲ႔ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ႔ေႏြရာသီကဆြမ္ဆီးကေနေပါင္ ၁၅ သန္းနဲ႔ေျပာင္းေရႊ႕လာၿပီးေနာက္ မန္ယူအတြက္ဆက္တိုက္ေျခစြမ္းျပေနတဲ႔သူပါ။ ဒါေပမယ္႔ ပရီးမီးယားလိဂ္ ၁၂ ပြဲကစားၿပီးခ်ိန္မွာ စီေရာ္နယ္ဒိုထက္ မွတ္တမ္းေကာင္းေနလို႔ အံအားသင့္စရာေတာင္ျဖစ္ေနတာပါ။

သူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၃ ဂိုးသြင္းကာ ၂ ဂိုးဖန္တီးၿပီး ဂိုးေပါက္တည့္ေအာင္ကန္ခ်က္ ၈ ႀကိမ္ရွိခဲ့ပါတယ္။ ၂၀၀၃ က စပို႔တင္းလစၥဘြန္းကေနေျပာင္းေရႊ႕လာတဲ႔ စီေရာ္နယ္ဒိုဟာ မန္ယူအတြက္ပရီးမီးယားလိဂ္ ၁၂ ပြဲကစားၿပီးခ်ိန္မွာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး ဂိုးေပါက္ကန္ခ်က္ ၇ ႀကိမ္သာရွိခဲ့တာပါ။

ဒါေပမယ္႔ စီေရာ္နယ္ဒိုဟာ မန္ယူကိုေရာက္ကာစမွာ အဂၤလိပ္ေဘာလုံးေလာကနဲ႔ အံ၀င္ဖို႔ႀကိဳးစားရေသးလို႔ ပြဲကစားခ်ိန္မွေတာ႔ ဂ်ိမ္းစ္ထက္ ၃၇၅ မိနစ္ေလ်ာ႔နည္းခဲ့တာကိုေတာ႔ ထည့္တြက္ရမယ္လို႔ အဲဒီမွတ္တမ္းမွာေဖာ္ျပသြားပါတယ္။ ဂ်ိမ္းစ္ဟာ ဘရိုက္တန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာလည္း ဖန္တီးမႈေတြအမ်ားႀကီးလုပ္ေပးခဲ့ေသးေပမယ္႔ တိုက္စစ္မွဴ းေတြ အဆုံးသတ္မေကာင္းလို႔ ဖန္တီးမႈရခဲ့တာပါ။

မန္ယူနည္းျပ ဆိုလ္ရွားကလည္း ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအတြက္အဓိက ကစားသမားျဖစ္လာတယ္လို႔ ၀န္ခံခဲ့ၿပီး ဂိ်မ္းစ္ရဲ႕ကစားပုံဟာ ရြိဳင္ယန္ဂစ္ငယ္စဥ္ကအတိုင္းဘဲလို႔ ခ်ီးက်ဴ းသြားခဲ့ပါတယ္။