
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီ နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ ဒါဘီအသင်းဟာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအဖွဲ့လက်ထက်အပ်ခဲ့ရလို့ (၁၂)မှတ်လျှော့ပြစ်ဒဏ်ကျခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပေမယ့်
ရွန်နီကတော့ အခုအခြေအနေဆိုးတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
ဒါဘီအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အသင်းပိုင်ရှင်မဲလ်မောရစ်က အသင်းကိုရောင်းချဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေတာကြောင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအဖွဲ့လက်ထက် အပ်ခဲ့ရတာပါ။
အဲဒါကြောင့် အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့(EFL)က ပြဌာန်းထားတဲ့စည်းမျဉ်းတွေအရ ကလပ်အသင်းတစ်သင်းဟာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအဖွဲလက်ထက်အပ်ရမယ်ဆိုရင် (၁၂)မှတ်လျှော့ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ ဒါဘီအသင်းလည်း မကြာခင်မှာအမှတ်လျှော့ခံရဖို့ရှိနေပါပြီ။
ဒါဘီအသင်းဟာ အခုလောလောဆယ် လိဂ်ချန်ပီယံရှစ်ပွဲစဉ်(၈)အပြီးမှာ (၂)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၁၀)မှတ်နဲ့ အဆင့်(၁၂)နေရာမှာရပ်တည်နေပြီး တကယ်လို့ (၁၂)မှတ်လျှော့ခံရမယ်ဆိုရင် (-၂)မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးရောက်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ကနေ တန်းမဆင်းရဖို့အတွက်နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံပြီးမှ အသက်ဆက်ခွင့်ရခဲ့တဲ့ရွန်နီရဲ့ဒါဘီအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကစားသမားတိုင်းကို လစာငွေအပြည့်အဝမပေးချေနိုင်ပဲဖြစ်နေတာပါ။
အမှတ်လျှော့ပြစ်ဒဏ်ကျခံရမယ်ဆိုရင်တော့ ဒါဘီအသင်းရဲ့အခြေအနေက ပိုဆိုးသွားဖို့ရှိနေပြီး ရာသီကုန်ကျရင် ပထမတန်းကို တန်းဆင်းရဖို့ရာခိုင်နှုန်းပိုများသွားပါပြီ။ ဒါပေမဲ့လည်း ရွန်နီက အခုရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
ရွန်နီက “အမှတ်လျှော့ခံရမယ့်သတင်းကို ကျွန်တော် Sky ရုပ်သံမှာကြည့်လိုက်ရပါတယ်။
အဲဒီအတွက် အသင်းဘဏ္ဍာရေးအကြီးအကဲဖြစ်တဲ့ စတက်ဖင်ပီယာ့စ်နဲ့စကားပြောဆိုခဲ့ပြီး အသင်းပိုင်ရှင်မဲလ်မောရစ်နဲ့တော့ စကားမပြောဖြစ်သေးပါဘူး။
ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ သူစဉ်းစားထားပြီးဖြစ်လောက်မှာပါ။
ကျွန်တော်ကတော့ ကလပ်အသင်း၊ ကစားသမားတွေနဲ့ဝန်ထမ်းတွေအတွက် အပြည့်အဝအာရုံစိုက်ပြီး သူတို့ကို ကူညီပေးသွားဖို့ဆန္ဒရှိတာကြောင့် ဒီအခြေအနေဆိုးကြီးကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။
အကောင်းဆုံးဖြစ်အောင် အတူတူကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
ကျွန်တော့်ရဲ့အဓိကအလုပ်က တစ်ချိန်တုန်းကလို ဒါဘီအသင်းရဲ့ဂုဏ်သိက္ခာ ပြန်လည်ပိုင်ဆိုင်လာအောင်စွမ်းဆောင်ပေးဖို့ပါပဲ”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
(၁၂)မွတ္ေလွ်ာ့ခံရမယ့္အေရးနဲ႔ရင္ဆိုင္ေနရေပမယ့္ အေျခအေနဆိုးေတြကို ေက်ာ္လႊားႏိုင္မယ္လို႔ ႐ြန္နီႀကဳံးဝါး
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီ နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့ ဒါဘီအသင္းဟာ ဘ႑ာေရးစီမံခန႔္ခြဲမႈအဖြဲ႕လက္ထက္အပ္ခဲ့ရလို႔ (၁၂)မွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရမယ့္အေျခအေနနဲ႔ရင္ဆိုင္ေနရေပမယ့္ ႐ြန္နီကေတာ့ အခုအေျခအေနဆိုးေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္မယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ ဒါဘီအသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရၿပီး အသင္းပိုင္ရွင္မဲလ္ေမာရစ္က အသင္းကိုေရာင္းခ်ဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပတာေၾကာင့္ ဘ႑ာေရးစီမံခန႔္ခြဲမႈအဖြဲ႕လက္ထက္ အပ္ခဲ့ရတာပါ။
အဲဒါေၾကာင့္ အဂၤလန္ေဘာလုံးလိဂ္အဖြဲ႕(EFL)က ျပဌာန္းထားတဲ့စည္းမ်ဥ္းေတြအရ ကလပ္အသင္းတစ္သင္းဟာ ဘ႑ာေရးစီမံခန႔္ခြဲမႈအဖြဲလက္ထက္အပ္ရမယ္ဆိုရင္ (၁၂)မွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရမွာျဖစ္လို႔ ဒါဘီအသင္းလည္း မၾကာခင္မွာအမွတ္ေလွ်ာ့ခံရဖို႔ရွိေနပါၿပီ။ ဒါဘီအသင္းဟာ အခုေလာေလာဆယ္ လိဂ္ခ်န္ပီယံရွစ္ပြဲစဥ္(၈)အၿပီးမွာ (၂)ပြဲႏိုင္၊ (၄)ပြဲသေရ၊ (၂)ပြဲရႈံး၊ ရမွတ္(၁၀)မွတ္နဲ႔ အဆင့္(၁၂)ေနရာမွာရပ္တည္ေနၿပီး တကယ္လို႔ (၁၂)မွတ္ေလွ်ာ့ခံရမယ္ဆိုရင္ (-၂)မွတ္နဲ႔ အမွတ္ေပးဇယားေအာက္ဆုံးေရာက္သြားမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက လိဂ္ခ်န္ပီယံရွစ္ကေန တန္းမဆင္းရဖို႔အတြက္ေနာက္ဆုံးပြဲအထိ အဆုံးအျဖတ္ခံၿပီးမွ အသက္ဆက္ခြင့္ရခဲ့တဲ့႐ြန္နီရဲ႕ဒါဘီအသင္းဟာ ဘ႑ာေရးအခက္အခဲေတြေၾကာင့္ ကစားသမားတိုင္းကို လစာေငြအျပည့္အဝမေပးေခ်ႏိုင္ပဲျဖစ္ေနတာပါ။ အမွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရမယ္ဆိုရင္ေတာ့ ဒါဘီအသင္းရဲ႕အေျခအေနက ပိုဆိုးသြားဖို႔ရွိေနၿပီး ရာသီကုန္က်ရင္ ပထမတန္းကို တန္းဆင္းရဖို႔ရာခိုင္ႏႈန္းပိုမ်ားသြားပါၿပီ။ ဒါေပမဲ့လည္း ႐ြန္နီက အခုရင္ဆိုင္ေနရတဲ့အခက္အခဲေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္မယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။
႐ြန္နီက “အမွတ္ေလွ်ာ့ခံရမယ့္သတင္းကို ကြၽန္ေတာ္ Sky ႐ုပ္သံမွာၾကည့္လိုက္ရပါတယ္။ အဲဒီအတြက္ အသင္းဘ႑ာေရးအႀကီးအကဲျဖစ္တဲ့ စတက္ဖင္ပီယာ့စ္နဲ႔စကားေျပာဆိုခဲ့ၿပီး အသင္းပိုင္ရွင္မဲလ္ေမာရစ္နဲ႔ေတာ့ စကားမေျပာျဖစ္ေသးပါဘူး။ ဒါေပမဲ့ ဘာလုပ္ရမလဲဆိုတာ သူစဥ္းစားထားၿပီးျဖစ္ေလာက္မွာပါ။ ကြၽန္ေတာ္ကေတာ့ ကလပ္အသင္း၊ ကစားသမားေတြနဲ႔ဝန္ထမ္းေတြအတြက္ အျပည့္အဝအာ႐ုံစိုက္ၿပီး သူတို႔ကို ကူညီေပးသြားဖို႔ဆႏၵရွိတာေၾကာင့္ ဒီအေျခအေနဆိုးႀကီးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ကြၽန္ေတာ္အတတ္ႏိုင္ဆုံးႀကိဳးစားသြားမွာျဖစ္ပါတယ္။ အေကာင္းဆုံးျဖစ္ေအာင္ အတူတူေက်ာ္ျဖတ္ႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။ ကြၽန္ေတာ့္ရဲ႕အဓိကအလုပ္က တစ္ခ်ိန္တုန္းကလို ဒါဘီအသင္းရဲ႕ဂုဏ္သိကၡာ ျပန္လည္ပိုင္ဆိုင္လာေအာင္စြမ္းေဆာင္ေပးဖို႔ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။