(၁၂)နှစ်အတွင်း FA ဖလားချန်ပီယံအများစု ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်ခဲ့တဲ့မှတ်တမ်းအရ လက်စတာကို ခက်ခက်ခဲခဲရင်ဆိုင်ရမယ့် မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၂ ဘောလုံးရာသီသစ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနဲ့ FA ဖလားချန်ပီယံလက်စတာအသင်းတို့ မနက်ဖြန်(စနေနေ့) မြန်မာစံတော်ချိန်ည(၁၀:၄၅)အချိန်ကျရင် ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ နည်းပြအရည်အသွေး၊ ကစားသမားစုဖွဲ့မှုအရ မန်စီးတီးက,သာသလိုဖြစ်နေပေမယ့် ပြီးခဲ့တဲ့ရာသီက FA ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာယူနိုက်တက်၊ ဗိုလ်လုပွဲမှာ ချယ်လ်ဆီးစတဲ့ထိပ်သီးအသင်းတွေကို အနိုင်ယူပြီး

၂၀၁၅-၁၆ ရာသီနောက်ပိုင်း အဓိကဆုဖလား၊ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် FA ဖလားချန်ပီယံဆုရခဲ့တဲ့ လက်စတာအသင်းကလည်း အဆိပ်ရှိတဲ့အသင်းဖြစ်လို့ လျှော့တွက်လို့တော့မရပါဘူး။

ဒ့ါအပြင် ပြီးခဲ့တဲ့(၁၂)နှစ်တာကာလအတွင်း ကွန်မြူနတီဒိုင်းချန်ပီယံဆုကို FA ဖလားချန်ပီယံအသင်းအများစု ဆွတ်ခူးခဲ့တဲ့မှတ်တမ်းအရလည်း လက်စတာအသင်းအတွက် အားတက်စရာဖြစ်နေတယ်လို့ ပြောရမှာပါ။

၂၀၀၉ ခုနှစ်ကစလို့ ပြီးခဲ့တဲ့နှစ်အထိ ကွန်မြူနတီဒိုင်းဖလားပွဲမှာ FA ချန်ပီယံအသင်းက (၆)ကြိမ်အထိအနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေက (၄)ကြိမ်သာအနိုင်ရခဲ့ပါတယ်။

၂၀၁၀ နဲ့ ၂၀၁၉ နှစ်ကြိမ်မှာတော့ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့ဟာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ FA ဖလားနှစ်ခုစလုံးဆွတ်ခူးနိုင်ခဲ့လို့ ပရီးမီးယားလိဂ်အဆင့်(၂)ရတဲ့အသင်းတွေနဲ့ဆုံတွေ့ခဲ့ရတဲ့အတွက် အဲဒီရလဒ်တွေကို ထည့်စဉ်းစားစရာမလိုပါဘူး။

ကွန်မြူနတီဒိုင်းချန်ပီယံဆုကို FA ချန်ပီယံတွေရယူခဲ့တာက ၂၀၀၉ ခုနှစ်မှာ ချယ်လ်ဆီး၊ ၂၀၁၄နဲ့ ၂၀၁၅ မှာ အာဆင်နယ်၊ ၂၀၁၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်၊ ၂၀၁၇နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အာဆင်နယ်အသင်းတို့ပဲဖြစ်ပြီး

မနှစ်ကကွန်မြူနတီဒိုင်းပွဲမှာ FA ဖလားချန်ပီယံအာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာပါ။

မန်စီးတီးအသင်းဟာ မကြာသေးခင်ကမှ အက်စတွန်ဗီလာကွင်းလယ်တိုက်စစ်ကစားသမားဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့ပြီး မနက်ဖြန်ပွဲကျရင် ဂရီးလစ်ရှ်ဟာ အသင်းသစ်အတွက် ပထမဆုံးပွဲထွက်ကစားဖို့ရှိနေပါတယ်။

လက်စတာအသင်းအတွက် ထိုးနှက်ချက်ကတော့ အားထားရတဲ့ နောက်ခံလူဖွန်ဖာနာဟာ ပြီးခဲ့တဲ့ဗီလာရီးယဲလ်နဲ့ခြေစမ်းပွဲမှာ ခြေထောက်ကျိုးတဲ့ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူရဖို့ရှိနေပြီး ကွန်မြူနတီဒိုင်းပွဲကို သေချာပေါက်လွဲချော်မှာဖြစ်လို့ ခံစစ်ပိုင်းအားနည်းချက်ရှိလာနိုင်ပါတယ်။

ပြည်တွင်းပြိုင်ပွဲတွေမှာ ဒီနှစ်သင်းနောက်ဆုံး(၁၀)ကြိမ်ဆုံတွေ့ခဲ့တဲ့မှတ်တမ်းမှာတော့ မန်စီးတီးအသင်းက (၈)ကြိမ်အထိအနိုင်ရယူပြီး ပြတ်ပြတ်သားသားအသာစီးရထားပေမယ့် မနှစ်က ပရီးမီးယားလိဂ်ရာသီအစပို်င်းမှာ လက်စတာအသင်း မန်စီးတီးကို အစ်တီဟတ်ကွင်းမှာ (၅-၂)ဂိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့တာကို သတိပြုရမှာပါ။

အဲဒါကြောင့် ပရီးမီးယားလိဂ်ရာသီကန့်လန့်ကာအဖွင့်ပွဲအဖြစ်ကစားမယ့် ကွန်မြူနတီဒိုင်းပွဲမှာ လက်စတာအသင်းက အနိုင်ယူပြီးတော့ FA ဖလားချန်ပီယံတွေရလဒ်ကောင်းရယူလေ့ရှိတဲ့မှတ်တမ်းကို ဆက်ထိန်းမလား …

မန်စီးတီးအသင်းကပဲ လက်စတာအသင်းနဲ့ဆုံတွေ့တိုင်း အမြဲလိုလို အသာရယူနိုင်ခဲ့တဲ့မှတ်တမ်းကောင်းကို ဆက်လက်ပိုင်ဆိုင်နိုင်မလားဆိုတာ မနက်ဖြန်ကစားမယ့်ပွဲမှာအဖြေထွက်လာမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

(၁၂)ႏွစ္အတြင္း FA ဖလားခ်န္ပီယံအမ်ားစု ကြန္ျမဴနတီဒိုင္းခ်န္ပီယံျဖစ္ခဲ့တဲ့မွတ္တမ္းအရ လက္စတာကို ခက္ခက္ခဲခဲရင္ဆိုင္ရမယ့္ မန္စီးတီး

၂၀၂၁-၂၂ ေဘာလုံးရာသီသစ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းပြဲအျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးနဲ႔ FA ဖလားခ်န္ပီယံလက္စတာအသင္းတို႔ မနက္ျဖန္(စေနေန႔) ျမန္မာစံေတာ္ခ်ိန္ည(၁၀:၄၅)အခ်ိန္က်ရင္ ဝင္ဘေလကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။ ဒီႏွစ္သင္းရဲ႕ နည္းျပအရည္အေသြး၊ ကစားသမားစုဖြဲ႕မႈအရ မန္စီးတီးက,သာသလိုျဖစ္ေနေပမယ့္ ၿပီးခဲ့တဲ့ရာသီက FA ဖလားၿပိဳင္ပြဲ ကြာတားဖိုင္နယ္အဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္၊ ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးစတဲ့ထိပ္သီးအသင္းေတြကို အႏိုင္ယူၿပီး ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း အဓိကဆုဖလား၊ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ FA ဖလားခ်န္ပီယံဆုရခဲ့တဲ့ လက္စတာအသင္းကလည္း အဆိပ္ရွိတဲ့အသင္းျဖစ္လို႔ ေလွ်ာ့တြက္လို႔ေတာ့မရပါဘူး။

ဒ့ါအျပင္ ၿပီးခဲ့တဲ့(၁၂)ႏွစ္တာကာလအတြင္း ကြန္ျမဴနတီဒိုင္းခ်န္ပီယံဆုကို FA ဖလားခ်န္ပီယံအသင္းအမ်ားစု ဆြတ္ခူးခဲ့တဲ့မွတ္တမ္းအရလည္း လက္စတာအသင္းအတြက္ အားတက္စရာျဖစ္ေနတယ္လို႔ ေျပာရမွာပါ။ ၂၀၀၉ ခုႏွစ္ကစလို႔ ၿပီးခဲ့တဲ့ႏွစ္အထိ ကြန္ျမဴနတီဒိုင္းဖလားပြဲမွာ FA ခ်န္ပီယံအသင္းက (၆)ႀကိမ္အထိအႏိုင္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းေတြက (၄)ႀကိမ္သာအႏိုင္ရခဲ့ပါတယ္။ ၂၀၁၀ နဲ႔ ၂၀၁၉ ႏွစ္ႀကိမ္မွာေတာ့ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းတို႔ဟာ တစ္ရာသီအတြင္း ပရီးမီးယားလိဂ္နဲ႔ FA ဖလားႏွစ္ခုစလုံးဆြတ္ခူးႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္အဆင့္(၂)ရတဲ့အသင္းေတြနဲ႔ဆုံေတြ႕ခဲ့ရတဲ့အတြက္ အဲဒီရလဒ္ေတြကို ထည့္စဥ္းစားစရာမလိုပါဘူး။

ကြန္ျမဴနတီဒိုင္းခ်န္ပီယံဆုကို FA ခ်န္ပီယံေတြရယူခဲ့တာက ၂၀၀၉ ခုႏွစ္မွာ ခ်ယ္လ္ဆီး၊ ၂၀၁၄နဲ႔ ၂၀၁၅ မွာ အာဆင္နယ္၊ ၂၀၁၆ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္၊ ၂၀၁၇နဲ႔ ၂၀၂၀ ခုႏွစ္ေတြမွာ အာဆင္နယ္အသင္းတို႔ပဲျဖစ္ၿပီး မႏွစ္ကကြန္ျမဴနတီဒိုင္းပြဲမွာ FA ဖလားခ်န္ပီယံအာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးလ္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တာပါ။ မန္စီးတီးအသင္းဟာ မၾကာေသးခင္ကမွ အက္စတြန္ဗီလာကြင္းလယ္တိုက္စစ္ကစားသမားဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)နဲ႔ေခၚယူခဲ့ၿပီး မနက္ျဖန္ပြဲက်ရင္ ဂရီးလစ္ရွ္ဟာ အသင္းသစ္အတြက္ ပထမဆုံးပြဲထြက္ကစားဖို႔ရွိေနပါတယ္။

လက္စတာအသင္းအတြက္ ထိုးႏွက္ခ်က္ကေတာ့ အားထားရတဲ့ ေနာက္ခံလူဖြန္ဖာနာဟာ ၿပီးခဲ့တဲ့ဗီလာရီးယဲလ္နဲ႔ေျခစမ္းပြဲမွာ ေျခေထာက္က်ိဳးတဲ့ဒဏ္ရာရရွိခဲ့တာေၾကာင့္ ကာလရွည္အနားယူရဖို႔ရွိေနၿပီး ကြန္ျမဴနတီဒိုင္းပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္လို႔ ခံစစ္ပိုင္းအားနည္းခ်က္ရွိလာႏိုင္ပါတယ္။ ျပည္တြင္းၿပိဳင္ပြဲေတြမွာ ဒီႏွစ္သင္းေနာက္ဆုံး(၁၀)ႀကိမ္ဆုံေတြ႕ခဲ့တဲ့မွတ္တမ္းမွာေတာ့ မန္စီးတီးအသင္းက (၈)ႀကိမ္အထိအႏိုင္ရယူၿပီး ျပတ္ျပတ္သားသားအသာစီးရထားေပမယ့္ မႏွစ္က ပရီးမီးယားလိဂ္ရာသီအစပို္င္းမွာ လက္စတာအသင္း မန္စီးတီးကို အစ္တီဟတ္ကြင္းမွာ (၅-၂)ဂိုးနဲ႔ဂိုးျပတ္အႏိုင္ရခဲ့တာကို သတိျပဳရမွာပါ။

အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ရာသီကန႔္လန႔္ကာအဖြင့္ပြဲအျဖစ္ကစားမယ့္ ကြန္ျမဴနတီဒိုင္းပြဲမွာ လက္စတာအသင္းက အႏိုင္ယူၿပီးေတာ့ FA ဖလားခ်န္ပီယံေတြရလဒ္ေကာင္းရယူေလ့ရွိတဲ့မွတ္တမ္းကို ဆက္ထိန္းမလား .. မန္စီးတီးအသင္းကပဲ လက္စတာအသင္းနဲ႔ဆုံေတြ႕တိုင္း အၿမဲလိုလို အသာရယူႏိုင္ခဲ့တဲ့မွတ္တမ္းေကာင္းကို ဆက္လက္ပိုင္ဆိုင္ႏိုင္မလားဆိုတာ မနက္ျဖန္ကစားမယ့္ပြဲမွာအေျဖထြက္လာမွာပဲျဖစ္ပါတယ္။