၁၁ယောက်ချင်း ကစားပြီး မော်ရင်ဟို ကို ပါးစပ်ပိတ်စေခဲ့တဲ့ မန်ယူရဲ့ ဂိုးပြတ်နိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပွဲမတိုင်ခင် စကားလုံးတိုက်ပွဲတွေ ဆင်နွှဲထားကြသလို ပထမအေကျာ့က (၁-၆) ရလဒ်ကြောင့်လည်း ပရိသတ်တွေ ပိုပြီး စိတ်ဝင်စားခဲ့ကြတဲ့ စပါ-မန်ယူပွဲမှာတော့ အဝေးကွင်းမှာ မန်ယူက (၁-၃)နဲ့ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ ပထမအကျော့တုန်းကလို မန်ယူဖက်က မာရှယ် အနီကဒ်နဲ့ထွက်ခဲ့ရလို့ တစ်ယောက်လျော့နဲ့ ယှဉ်ရတာမျိုးမဟုတ်ဘဲ ၁၁ယောက် ချင်းကစားတဲ့ပွဲမှာ မန်ယူက ခြေအသာစီးနဲ့ကစားပြီး ဂိုးပြတ်သွင်းပြလိုက်တဲ့အတွက် မော်ရင်ဟို ပါးစပ်ပိတ်သွားခဲ့ရတဲ့ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲမှာ အငြင်းပွားစရာတစ်ချက်ရှိခဲ့တာကတော့ ကာဗာနီစသွင်းတဲ့ ဦးဆောင်ဂိုးကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ဂိုးမပေးခဲ့တာပါပဲ။

ဒီဂိုးဖြစ်စေမယ့် ဆွန်ဟောင်မင်ဆီကနေ တွန်မီနေးလ် ဘောလုံးယှဉ်လုတဲ့အချိန်မှာ ဆွန်ရဲ့ မျက်နှာကို လက်နဲ့ ဖြတ်ရိုက်မိတယ်ဆိုပြီး ဂိုးမပေးခဲ့တာပါ။

ဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာ ဟယ်ရီကိန်း-မိုရာတွဲလုံးကနေ မိုရာဂိုးရှေ့ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင် ပိတ်သွင်းပြီး စပါးက ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဒုတိယပိုင်း ၅၇မိနစ်မှာတော့ ကာဗာနီကန်သွင်းတဲ့ဘောလုံးကို စပါးဂိုးသမားလိုရစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို ဖရက်ဒ်ပိတ်သွင်းပြီး (၁-၁) ဖြစ်စေခဲ့တာပါ။

ရှေ့တန်းမှာပွဲပန်ေနေတဲ့ ရက်ရှ်ဖို့ဒ်ကို ဂရင်းဝုဒ်နဲ့ လူစားလဲပြီး မန်ယူက တိုက်စစ်မြှင့်ခဲ့တာ မှန်ကန်ခဲ့ပါတယ်။

၇၉မိနစ်မှာ ဂရင်းဝုဒ် မတင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ ကာဗာနီက ဒိုင်ဗင်ထိုးပြီး ချိန်သားကိုက် ခေါင်းတိုက်သွင်းယူခဲ့တဲ့အတွက် မန်ယူဂိုးဆောင်ဂိုး စရခဲ့တာပါ။ ဒီဂိုးဟာ ကာဗာနီရဲ့ နေရာယူပုံနဲ့ အဆုံးသတ်ကောင်းတဲ့အချက်ေြ့ကာင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးဂိုးကိုတော့ ပွဲပြီးဖို့ နာကျင်အချိန်ပို စက္ကန့်ပိုင်းအလိုမှာ ၈ရင်းဝုဒ်က ကန်သွင်းသွားခဲ့တာပါ။

ထိပ်ဆုံးက မန်စီးတီး ရှုံးပွဲတွေ့တဲ့အချိန်မှာ မန်ယူက အနိုင်ရလိုက်တဲ့အတွက် အမှတ်ကွာဟချက် လျှော့ချနိုင်ခဲ့သလို ပွဲကျန် ၁ပွဲလည်း ရှိသေးတဲ့အတွက် ချန်ပီယံဆုပြိုင်ပွဲက နည်းနည်းပြန်လှုပ်လာဖို့ရှိတဲ့အချိန်မှာ မော်ရင်ဟိုကတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့တောင် မသေချာတော့တဲ့ အနေအထားကို ရင်ဆိုင်နေရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၁ေယာက္ခ်င္း ကစားၿပီး ေမာ္ရင္ဟို ကို ပါးစပ္ပိတ္ေစခဲ့တဲ့ မန္ယူရဲ႕ ဂိုးျပတ္ႏိုင္ပြဲ

ဒီပြဲမတိုင္ခင္ စကားလုံးတိုက္ပြဲေတြ ဆင္ႏႊဲထားၾကသလို ပထမေအက်ာ့က (၁-၆) ရလဒ္ေၾကာင့္လည္း ပရိသတ္ေတြ ပိုၿပီး စိတ္ဝင္စားခဲ့ၾကတဲ့ စပါ-မန္ယူပြဲမွာေတာ့ အေဝးကြင္းမွာ မန္ယူက (၁-၃)နဲ႔ ျပန္ၿပီး အႏိုင္ရခဲ့ပါတယ္။ ပထမအေက်ာ့တုန္းကလို မန္ယူဖက္က မာရွယ္ အနီကဒ္နဲ႔ထြက္ခဲ့ရလို႔ တစ္ေယာက္ေလ်ာ့နဲ႔ ယွဥ္ရတာမ်ိဳးမဟုတ္ဘဲ ၁၁ေယာက္ ခ်င္းကစားတဲ့ပြဲမွာ မန္ယူက ေျခအသာစီးနဲ႔ကစားၿပီး ဂိုးျပတ္သြင္းျပလိုက္တဲ့အတြက္ ေမာ္ရင္ဟို ပါးစပ္ပိတ္သြားခဲ့ရတဲ့ပြဲလည္းျဖစ္ပါတယ္။

ဒီပြဲမွာ အျငင္းပြားစရာတစ္ခ်က္ရွိခဲ့တာကေတာ့ ကာဗာနီစသြင္းတဲ့ ဦးေဆာင္ဂိုးကို ကြင္းလယ္ဒိုင္က VAR ျပန္ၾကည့္ၿပီး ဂိုးမေပးခဲ့တာပါပဲ။ ဒီဂိုးျဖစ္ေစမယ့္ ဆြန္ေဟာင္မင္ဆီကေန တြန္မီေနးလ္ ေဘာလုံးယွဥ္လုတဲ့အခ်ိန္မွာ ဆြန္ရဲ႕ မ်က္ႏွာကို လက္နဲ႔ ျဖတ္႐ိုက္မိတယ္ဆိုၿပီး ဂိုးမေပးခဲ့တာပါ။ ဒီျဖစ္ရပ္အၿပီး သိပ္မၾကာခင္မွာ ဟယ္ရီကိန္း-မိုရာတြဲလုံးကေန မိုရာဂိုးေရွ႕ ျပန္ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္ ပိတ္သြင္းၿပီး စပါးက ဦးေဆာင္ဂိုးရခဲ့ပါတယ္။

ဒုတိယပိုင္း ၅၇မိနစ္မွာေတာ့ ကာဗာနီကန္သြင္းတဲ့ေဘာလုံးကို စပါးဂိုးသမားလိုရစ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို ဖရက္ဒ္ပိတ္သြင္းၿပီး (၁-၁) ျဖစ္ေစခဲ့တာပါ။ ေရွ႕တန္းမွာပြဲပန္ေေနတဲ့ ရက္ရွ္ဖို႔ဒ္ကို ဂရင္းဝုဒ္နဲ႔ လူစားလဲၿပီး မန္ယူက တိုက္စစ္ျမႇင့္ခဲ့တာ မွန္ကန္ခဲ့ပါတယ္။ ၇၉မိနစ္မွာ ဂရင္းဝုဒ္ မတင္ေပးလိုက္တဲ့ ေဘာလုံးကို ဂိုးဧရိယာထဲမွာ ကာဗာနီက ဒိုင္ဗင္ထိုးၿပီး ခ်ိန္သားကိုက္ ေခါင္းတိုက္သြင္းယူခဲ့တဲ့အတြက္ မန္ယူဂိုးေဆာင္ဂိုး စရခဲ့တာပါ။ ဒီဂိုးဟာ ကာဗာနီရဲ႕ ေနရာယူပုံနဲ႔ အဆုံးသတ္ေကာင္းတဲ့အခ်က္ေျ့ကာင့္ ရခဲ့တာလည္း ျဖစ္ပါတယ္။
ေနာက္ဆုံးဂိုးကိုေတာ့ ပြဲၿပီးဖို႔ နာက်င္အခ်ိန္ပို စကၠန႔္ပိုင္းအလိုမွာ ၈ရင္းဝုဒ္က ကန္သြင္းသြားခဲ့တာပါ။

ထိပ္ဆုံးက မန္စီးတီး ရႈံးပြဲေတြ႕တဲ့အခ်ိန္မွာ မန္ယူက အႏိုင္ရလိုက္တဲ့အတြက္ အမွတ္ကြာဟခ်က္ ေလွ်ာ့ခ်ႏိုင္ခဲ့သလို ပြဲက်န္ ၁ပြဲလည္း ရွိေသးတဲ့အတြက္ ခ်န္ပီယံဆုၿပိဳင္ပြဲက နည္းနည္းျပန္လႈပ္လာဖို႔ရွိတဲ့အခ်ိန္မွာ ေမာ္ရင္ဟိုကေတာ့ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔ေတာင္ မေသခ်ာေတာ့တဲ့ အေနအထားကို ရင္ဆိုင္ေနရပါၿပီ။