
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆူဖာတီဟာ ဒူးဒဏ်ရာကြောင့် ၁၀လအကြာ နားခဲ့ရပြီးနောက် ပြန်ကစားတဲ့ လီဗန်တေးနဲ့ပွဲမှာ ဂိုး စသွင်းနိုင်ခဲ့ပါတယ်။
ဖာတီဟာ ပွဲပြီးဖို့ ၁၀ မိနစ်လောက်အလိုမှ လုခ်ဒီဂျောင် အစား လူစားဝင်ကစားခဲ့တာပါ။
လူစားဝင်ကစားပြီးနောက် ပွဲချိန် ၉၁ မိနစ်မှာ နောက်ခံလူ အဲရစ်ဂါစီယာကနေ စတင်လိုက်တဲ့ တိုက်စစ်ကတဆင့် ဖာတီက ပွဲသိမ်းအနိုင်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။
အနိုင်ဂိုးသွင်းပြီးနောက် ဖာတီဟာ ပွဲကြည့်စင်ပေါ် ပြေးတက်ပြီး ဘာစီလိုနာအသင်းဆရာဝန်ဆီ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။
သူ့အတွက်တော့ ကစားသမားဘဝအသက်ဆက်စေခဲ့တဲ့ ကျေးဇူးရှင်ဆိုရင်မမှားပါဘူး။
ဖာတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒူးဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ခွဲစိပ်ကုသမှုပေါင်း ၄ကြိမ်အထိ လုပ်ခဲ့ရပါတယ်။
ဒဏ်ရာကြောင့် ကာလကြာနားခဲ့ရရာကနေ ပြန်ကစားတဲ့ပွဲဟာ သူ့အတွက် ခက်ခဲခဲ့ပေမယ့် ကျေနပ်စရာဖြစ်ပါတယ်။
အထူးသဖြင့် အရင် မက်ဆီ ဝတ်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို ဝတ်ဆင်ပြီး ပထမဆုံးအကြိမ် ကစားခွင့်ရတာကြောင့် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဖာတီက”ဒီလို ပြန်လာနိုင်မယ်လို့ကို မထင်ခဲ့ပါဘူး။ နူးကမ့်ကွင်းမှာတော့ ဘယ်တော့မဆို မဖြစ်မနေ အနိုင်ကစားဖို့လိုပါတယ်။
နိုင်ပွဲကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမယ့် ဆက်လုပ်စရာ အများကြီး ကျန်ပါသေးတယ်။
ကျွန်တော့်အနေနဲ့ အသင်းဆရာဝန်တွေ၊ ကြံ့ခိုင်ရေးမှူးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကိုလည်း အတူတူပါပဲ။
နောက်ပြီး ကျောနံပါတ် ၁၀ ဝတ်ရတာဟာ ကျွန်တော့်အတွက် ပီတိဖြစ်စရာ၊ ဂုဏ်ယူစရာတစ်ခုပါ။
ဒီအတွက် ကလပ်အသင်းနဲ့အတူ အသင်းခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဖာတီက ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၁၀လအၾကာ နားခဲ့ရၿပီးေနာက္ ျပန္ကစားတဲ့ပြဲမွာ ဖာတီ ဂိုးစသြင္း
ဘာစီလိုနာလူငယ္ၾကယ္ပြင့္ အန္ဆူဖာတီဟာ ဒူးဒဏ္ရာေၾကာင့္ ၁၀လအၾကာ နားခဲ့ရၿပီးေနာက္ ျပန္ကစားတဲ့ လီဗန္ေတးနဲ႔ပြဲမွာ ဂိုး စသြင္းႏိုင္ခဲ့ပါတယ္။ ဖာတီဟာ ပြဲၿပီးဖို႔ ၁၀ မိနစ္ေလာက္အလိုမွ လုခ္ဒီေဂ်ာင္ အစား လူစားဝင္ကစားခဲ့တာပါ။
လူစားဝင္ကစားၿပီးေနာက္ ပြဲခ်ိန္ ၉၁ မိနစ္မွာ ေနာက္ခံလူ အဲရစ္ဂါစီယာကေန စတင္လိုက္တဲ့ တိုက္စစ္ကတဆင့္ ဖာတီက ပြဲသိမ္းအႏိုင္ဂိုး သြင္းခဲ့တာျဖစ္ပါတယ္။ အႏိုင္ဂိုးသြင္းၿပီးေနာက္ ဖာတီဟာ ပြဲၾကည့္စင္ေပၚ ေျပးတက္ၿပီး ဘာစီလိုနာအသင္းဆရာဝန္ဆီ သြားေရာက္ႏႈတ္ဆက္ခဲ့ပါတယ္။
သူ႔အတြက္ေတာ့ ကစားသမားဘဝအသက္ဆက္ေစခဲ့တဲ့ ေက်းဇူးရွင္ဆိုရင္မမွားပါဘူး။ ဖာတီဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ဒူးဒဏ္ရာအျပင္းအထန္ရခဲ့ၿပီး ခြဲစိပ္ကုသမႈေပါင္း ၄ႀကိမ္အထိ လုပ္ခဲ့ရပါတယ္။
ဒဏ္ရာေၾကာင့္ ကာလၾကာနားခဲ့ရရာကေန ျပန္ကစားတဲ့ပြဲဟာ သူ႔အတြက္ ခက္ခဲခဲ့ေပမယ့္ ေက်နပ္စရာျဖစ္ပါတယ္။ အထူးသျဖင့္ အရင္ မက္ဆီ ဝတ္ခဲ့တဲ့ ေက်ာနံပါတ္ ၁၀ကို ဝတ္ဆင္ၿပီး ပထမဆုံးအႀကိမ္ ကစားခြင့္ရတာေၾကာင့္ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ဖာတီက”ဒီလို ျပန္လာႏိုင္မယ္လို႔ကို မထင္ခဲ့ပါဘူး။ ႏူးကမ့္ကြင္းမွာေတာ့ ဘယ္ေတာ့မဆို မျဖစ္မေန အႏိုင္ကစားဖို႔လိုပါတယ္။ ႏိုင္ပြဲေၾကာင့္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ဒါေပမယ့္ ဆက္လုပ္စရာ အမ်ားႀကီး က်န္ပါေသးတယ္။
ကြၽန္ေတာ့္အေနနဲ႔ အသင္းဆရာဝန္ေတြ၊ ႀကံ့ခိုင္ေရးမႉးေတြကို အရမ္းေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြကိုလည္း အတူတူပါပဲ။ ေနာက္ၿပီး ေက်ာနံပါတ္ ၁၀ ဝတ္ရတာဟာ ကြၽန္ေတာ့္အတြက္ ပီတိျဖစ္စရာ၊ ဂုဏ္ယူစရာတစ္ခုပါ။ ဒီအတြက္ ကလပ္အသင္းနဲ႔အတူ အသင္းေခါင္းေဆာင္ေတြကိုလည္း ေက်းဇူးတင္ပါတယ္”လို႔ ဖာတီက ေျပာပါတယ္။