
photo-gettyimages
pholto-gettyimages
တိုက္စစ္မႈးအလက္ဆစ္ဆန္းခ်က္ဇ္ဟာ ကလပ္အတြက္ ပြဲထြက္ဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္း အင္တာမီလန္နညး္ျပကြန္တီက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီခ်ီလီသားဟာ ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက မန္ယူကို အင္တာကို တစ္ရာသီအငွားနဲ႔သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕စီးရီးေအတစ္ေက်ာ့ျပန္ကစားသမားဘ၀ဟာ ထင္ထားသေလာက္ မေခ်ာေမြ႕ေသးဘဲ ဒီရာသီမွာ အင္တာအတြက္ ၁၀ မိနစ္သာ ကစားခြင့္ရပါေသးတယ္။
photo-gettyimages
ဆန္းခ်က္ဇ္ဟာ ၾကားျဖတ္ႏိုင္ငံတကာပြဲေတြအၿပီး ကစားခဲ့တဲ့အူဒီးနိစ္နဲ႔ပြဲမွာ ေနာက္ဆုံး ၁၀ မိနစ္ကို လူစား၀င္အျဖစ္ ၀င္ေရာက္ကစားခဲ့တာပါ။ အဲဒီအခ်ိန္ေလးမွာ သူဟာ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ အင္တာမီလန္အတြက္ သူ႔ရဲ႕ပထမဆုံးဂိုးအျဖစ္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ေနာက္ပြဲေတြျဖစ္တဲ့ ဆလာဗီးယားပရက္နဲ႔ခ်န္ပီယံလိဂ္၊ မီလန္ဒါဘီပြဲေတြမွာေတာ့ ဆန္းခ်က္ဇ္ဟာ လူစား၀င္ခြင့္ေတာင္ မရေတာ့ပါဘူး။
photo-gettyimages
လာဇီယုိနဲ႔ၾကားရက္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ကြန္တီက”အားလုံးအတြက္ ကၽြန္ေတာ္ေျပာတာေတြက သူ႔အတြက္လည္း တန္ဖိုးရွိမွာပါ။ အသင့္ျဖစ္ၿပီလို႔ ကၽြန္ေတာ္ျမင္တာနဲ႔ အဲဒီကစားသမားေတြဟာ ပြဲထြက္စာရင္းထဲမွာ ထည့္သြင္းခံရမွာပါ။ ကၽြန္ေတာ္ဟာ အင္တာရဲ႕အက်ိဳးစီးပြားအတြက္ အလုပ္လုပ္ရမွာပါ။ တစ္ဦးတစ္ေယာက္အတြက္ မဟုတ္ပါဘူး”လို႔ ဆန္းခ်က္ဇ္နဲ႔ပတ္သက္ၿပီး ေျပာသြားခဲ့တာပါ။ ဆန္းခ်က္ဇ္ဟာ မန္ယူကစားသမားဘ၀တုန္းကလည္း ပြဲအနည္းငယ္သာကစားခြင့္ရခဲ့သလုိ စုစုေပါင္း ၅ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။
[Unicode]
တိုက်စစ်မှုးအလက်ဆစ်ဆန်းချက်ဇ်ဟာ ကလပ်အတွက် ပွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း အင်တာမီလန်နည်းပြကွန်တီက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီချီလီသားဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက မန်ယူကို အင်တာကို တစ်ရာသီအငှားနဲ့သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စီးရီးအေတစ်ကျော့ပြန်ကစားသမားဘဝဟာ ထင်ထားသလောက် မချောမွေ့သေးဘဲ ဒီရာသီမှာ အင်တာအတွက် ၁၀ မိနစ်သာ ကစားခွင့်ရပါသေးတယ်။
ဆန်းချက်ဇ်ဟာ ကြားဖြတ်နိုင်ငံတကာပွဲတွေအပြီး ကစားခဲ့တဲ့အူဒီးနိစ်နဲ့ပွဲမှာ နောက်ဆုံး ၁၀ မိနစ်ကို လူစားဝင်အဖြစ် ဝင်ရောက်ကစားခဲ့တာပါ။ အဲဒီအချိန်လေးမှာ သူဟာ အပိုင်အခွင့်အရေးရခဲ့ပေမယ့် အင်တာမီလန်အတွက် သူ့ရဲ့ပထမဆုံးဂိုးအဖြစ် အသုံးမချနိုင်ခဲ့ပါဘူး။ နောက်ပွဲတွေဖြစ်တဲ့ ဆလာဗီးယားပရက်နဲ့ချန်ပီယံလိဂ်၊ မီလန်ဒါဘီပွဲတွေမှာတော့ ဆန်းချက်ဇ်ဟာ လူစားဝင်ခွင့်တောင် မရတော့ပါဘူး။
လာဇီယိုနဲ့ကြားရက်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက”အားလုံးအတွက် ကျွန်တော်ပြောတာတွေက သူ့အတွက်လည်း တန်ဖိုးရှိမှာပါ။ အသင့်ဖြစ်ပြီလို့ ကျွန်တော်မြင်တာနဲ့ အဲဒီကစားသမားတွေဟာ ပွဲထွက်စာရင်းထဲမှာ ထည့်သွင်းခံရမှာပါ။ ကျွန်တော်ဟာ အင်တာရဲ့အကျိုးစီးပွားအတွက် အလုပ်လုပ်ရမှာပါ။ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါဘူး”လို့ ဆန်းချက်ဇ်နဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။ ဆန်းချက်ဇ်ဟာ မန်ယူကစားသမားဘဝတုန်းကလည်း ပွဲအနည်းငယ်သာကစားခွင့်ရခဲ့သလို စုစုပေါင်း ၅ ဂိုးသာသွင်းနိုင်ခဲ့တာပါ။