၁၀ စီးပဲထုတ်မယ့်ကားအမျိုးအစားမှာ တစ်စီးရဲ့ပိုင်ရှင်ဖြစ်လာတဲ့ စီရော်နယ်ဒို

ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုက ကိုယ်ပိုင်အရည်အချင်းနဲ့ ပိုက်ဆံရှာပြီး၊ ငွေကိုရေလိုသုံးကာ သန့်သန့်ရှင်းရှင်း ဂုဏ်ဆာနိုင်သူပါ။ ဒါကြောင့် အားကျဖို့လည်း ကောင်းပါတယ်။ တချို့တွေလို မတရား ရယူထားတဲ့ အရာတွေနဲ့ မေတ္တာအစူးခံပြီး သုံးဖြုန်းနေတာမဟုတ်ပါဘူး။ အဲဒီသူတွေရဲ့ လုပ်ရပ်ကတော့ ရှုတ်ချစရာကောင်းတာပါ။

ဂျူဗင်တပ်စ် အသင်းရဲ့တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ သူ့ရဲ့အသက်(၃၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယူရို(၈)သန်းတန်ကြေးရှိတဲ့ Bugatti Centodieci ဇိမ်ခံကားကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါကားဟာ ၂.၄ စက္ကန့်အတွင်း ကီလိုမီတာ ဝ-၁၀၀ အထိ မောင်းနှင်နိုင်တဲ့ ဇိမ်ခံကားဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ တန်ဖိုးကြီးကားတွေကို စုဆောင်းတတ်သူဖြစ်ပြီး၊ ပေါ်တူဂီမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာကားတွေကို စုဆောင်းထားတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ Bugatti ရဲ့ပုံမှန်ဖောက်သည်လည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ကစားသမားဟာ ဖာရာရီ၊ ရိုးရွိုက်စ်နဲ့ လန်ဘော်ဂီနီ တို့လို နာမည်ကြီး ကားတွေကိုလည်း ပိုင်ဆိုင်ထားတာပါ။

ရော်နယ်‌ဒိုမှာ ဘန်တလေ၊ McLaren Senna တို့လို တန်ဖိုးကြီးကားတွေလည်းရှိကာ McLaren Senna ကိုတော့ ဇူလိုင်လအတွင်းမှာ ဝယ်ယူခဲ့ပြီး ပေါင်ခုနှစ်သိန်းခွဲပေးချေခဲ့ရတယ်လို့သိရပါတယ်။

ဒိုလေးရဲ့ချစ်သူ ဂျော်ဂျီနာကလည်း ပြီးခဲ့တဲ့ဒိုလေးရဲ့ (၃၅)နှစ်ပြည့်မွေးနေ့က မာစီဒီးစ် ဂျီဝက်ဂွန် ကားလက်ဆောင်ပေးခဲ့ပေမယ့် Bugatti ကတော့ အားလုံးထက်သာလွန်နေတာဖြစ်ပါတယ်။အဲဒီကားအမျိုးအစားကို (၁၀)စီးသာထုတ်မယ်လို့ ယုံကြည်ရပြီး အချက်အလက်အရ အဲဒီ(၁၀)စီးလုံးကို ရောင်းချပြီးသားဖြစ်သွားပြီလို့ သိရပါတယ်။

အဲဒီကားအမျိုးအစားကိုပြီးခဲ့တဲ့ရက်သတ္တပတ်တွေကမှ စတင်ထုတ်လုပ်နေတာကြောင့် စီးခွင့်ရဖို့အတွက်ဆိုရင် ၂၀၂၂ ခုနှစ်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ အခုကတော့ အကြိုဝယ်ယူထားတဲ့သဘောဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဝင်ငွေကြမ်းမှု၊ သုံးနိုင်မှုတွေကတော့ တကယ်ကို ကြောက်ဖွယ်လိလိပါပဲ။

Zawgyi

၁၀ စီးပဲထုတ္မယ့္ကားအမ်ိဳးအစားမွာ တစ္စီးရဲ႕ပိုင္ရွင္ျဖစ္လာတဲ့ စီေရာ္နယ္ဒို

ကမာၻေက်ာ္ ေဘာလုံးသမား ေရာ္နယ္ဒိုက ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ပိုက္ဆံရွာၿပီး၊ ေငြကိုေရလိုသုံးကာ သန႔္သန႔္ရွင္းရွင္း ဂုဏ္ဆာႏိုင္သူပါ။ ဒါေၾကာင့္ အားက်ဖို႔လည္း ေကာင္းပါတယ္။ တခ်ိဳ႕ေတြလို မတရား ရယူထားတဲ့ အရာေတြနဲ႔ ေမတၱာအစူးခံၿပီး သုံးျဖဳန္းေနတာမဟုတ္ပါဘူး။ အဲဒီသူေတြရဲ႕ လုပ္ရပ္ကေတာ့ ရႈတ္ခ်စရာေကာင္းတာပါ။ ဂ်ဴဗင္တပ္စ္ အသင္းရဲ႕တိုက္စစ္ကစားသမား ေရာ္နယ္ဒို ဟာ သူ႔ရဲ႕အသက္(၃၆)ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ယူ႐ို(၈)သန္းတန္ေၾကးရွိတဲ့ Bugatti Centodieci ဇိမ္ခံကားကို ဝယ္ယူလိုက္တယ္လို႔ သိရပါတယ္။အဆိုပါကားဟာ ၂.၄ စကၠန႔္အတြင္း ကီလိုမီတာ ၀-၁၀၀ အထိ ေမာင္းႏွင္ႏိုင္တဲ့ ဇိမ္ခံကားျဖစ္ပါတယ္။

​ေရာ္နယ္ဒိုဟာ တန္ဖိုးႀကီးကား​ေတြကို စု​ေဆာင္းတတ္သူျဖစ္ၿပီး၊ ေပၚတူဂီမွာရွိတဲ့ သူ႔ရဲ႕ေနအိမ္မွာကားေတြကို စုေဆာင္းထားတာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ Bugatti ရဲ႕ပုံမွန္ေဖာက္သည္လည္းျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္ ကစားသမားဟာ ဖာရာရီ၊ ႐ိုး႐ြိဳက္စ္နဲ႔ လန္ေဘာ္ဂီနီ တို႔လို နာမည္ႀကီး ကားေတြကိုလည္း ပိုင္ဆိုင္ထားတာပါ။ေရာ္နယ္‌ဒိုမွာ ဘန္တေလ၊ McLaren Senna တို႔လို တန္ဖိုးႀကီးကားေတြလည္းရွိကာ McLaren Senna ကိုေတာ့ ဇူလိုင္လအတြင္းမွာ ဝယ္ယူခဲ့ၿပီး ေပါင္ခုႏွစ္သိန္းခြဲေပးေခ်ခဲ့ရတယ္လို႔သိရပါတယ္။

ဒို​ေလးရဲ႕ခ်စ္သူ ​ေဂ်ာ္ဂ်ီနာကလည္း ၿပီးခဲ့တဲ့ဒို​​ေလးရဲ႕ (၃၅)ႏွစ္ျပည့္ေမြးေန႔က မာစီဒီးစ္ ဂ်ီဝက္ဂြန္ ကားလက္ေဆာင္ေပးခဲ့ေပမယ့္ Bugatti ကေတာ့ အားလုံးထက္သာလြန္ေနတာျဖစ္ပါတယ္။အဲဒီကားအမ်ိဳးအစားကို (၁၀)စီးသာထုတ္မယ္လို႔ ယုံၾကည္ရၿပီး အခ်က္အလက္အရအဲ ဒီ(၁၀)စီးလုံးကို ေရာင္းခ်ၿပီးသားျဖစ္သြားၿပီလို႔ သိရပါတယ္။

အဲဒီကားအမ်ိဳးအစားကိုၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကမွ စတင္ထုတ္လုပ္ေနတာေၾကာင့္ စီးခြင့္ရဖို႔အတြက္ဆိုရင္ ၂၀၂၂ ခုႏွစ္အထိ ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။ အခုက​ေတာ့ အႀကိဳဝယ္ယူထားတဲ့သေဘာျဖစ္ပါတယ္။ ​ေရာ္နယ္ဒိုရဲ႕ ၀င္​ေငြၾကမ္းမႈ၊ သုံးႏိုင္မႈ​ေတြက​ေတာ့ တကယ္ကို ​ေၾကာက္ဖြယ္လိလိပါပဲ။ ​