အမ်ဘာပေဟာ ပေးစ်ဒီကက်ဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာတစ်ပွဲထဲ
၅ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အမ်ဘာပေကတော့ ပြိုင်ဘက်က
အောက်တန်းအသင်းလေး ဖြစ်ပေမယ့်လည်း ဂိုးများစွာ
သွင်းနိုင်လို့ ပျော်ရွှင်စွာ ခုလို ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ ပျော်ပါတယ်။ ကျွန်တော်တို့ဟာ
နောက်တစ်ဆင့်တက်နိုင်ဖို့၊ ဒီအသင်းကို လေးစားမှုပေးဖို့
ဒီကိုလာခဲ့ကြတာပါ။ ဒါက ဘောလုံးပွဲတစ်ပွဲပါပဲ။
ကျွန်တော်တို့ ဒီအတွက် ပြင်ဆင်သွားရမယ်။
အရင်ဆုံး ရိမ်းစ်နဲ့ပွဲအတွက် စဉ်းစားထားပါတယ်။
အဲ့ဒါပြီးရင်တော့ မာဆေးနဲ့ပွဲကို စဉ်းစားရမှာပါ”လို့
အမ်ဘာပေက ဆိုပါတယ်။ တစ်ပွဲထဲ ၅ဂိုးသွင်းနိုင်တဲ့ ကလပ်ရဲ့
ပထမဆုံး ကစားသမား ဖြစ်လာတာဟာ အမ်ဘာပေ ချိုးခဲ့တဲ့
နောက်ဆုံး ပီအက်စ်ဂျီစံချိန် ဖြစ်ပါတယ်။ သူဟာ ဥရောပဖလားနဲ့
ချန်ပီယံလိဂ်မှာ ကလပ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီးသားပါ။
သူဟာ ချန်ပီယံလိဂ်မှာ ကလပ်ရဲ့ အသက်အငယ်ဆုံး
ဂိုးသွင်းရှင်လည်း ဖြစ်ပြီး ပီအက်စ်ဂျီအတွက် မယုံနိုင်ဖွယ်
၁၉၆ဂိုး သွင်းယူထားခဲ့ပြီးတဲ့နောက် ကလပ်ရဲ့ ထာဝရဂိုးသွင်း
အများဆုံးဆိုတဲ့ ကာဗာနီရဲ့ စံချိန်ကို လိုက်မီဖို့ ၄ဂိုးသာ
လိုအပ်တော့တာ ဖြစ်ပါတယ်။ တွစ်တာပေါ်က ပရိသတ်တွေကတော့
ဝေဖန်ထားကြပြီး ပရိသတ်တစ်ဦးဆိုရင် ၂၀၁၂ ခုနှစ်တုန်းက
လေဗာကူဆင်ကို ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ
ဘာစီလိုနာအတွက်မက်ဆီ ၅ ဂိုးအထိ သွင်းယူပေးခဲ့တာနဲ့
နှိုင်းယှဉ်ခဲ့ပါတယ်။ “လီယွန်နယ် မက်ဆီက ဥရောပချန်ပီယံလိဂ်
တရားဝင်ပွဲစဉ်မှာ ၅ ဂိုးသွင်းခဲ့ပြီးသား။ အဲဒီလိုလုပ်ဖို့က
လွယ်တယ်ထင်ရင် ဘိုင်ယန်မြူးနစ်နဲ့ပွဲကျရင် ၅ ဂိုး
သွင်းခိုင်းလိုက်လေ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး
နောက်တစ်ယောက်ကတော့ “ဘာမှ မထူးခြားဘူး အမ်ဘာပေက
၅ ဂိုးသွင်းနိုင်မှာပေါ့။ သူ ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်က ပြင်သစ်လိဂ်ရဲ့
ဆဌမတန်းက အပျော်တမ်းအသင်းလေးကိုး။
မက်ဆီက ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ
လေဗာကူဆန်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ၅ ဂိုးသွင်းနိုင်ခဲ့တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
zawgyi
၁ပွဲထဲ ၅ဂိုးသွင်းခဲ့ပေမယ့် မက်ဆီကို မမီဘူးလို့ အနှိမ်ခံရတဲ့ အမ်ဘာပေ