(၁)နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တဲ့အီတလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ချန်ပီယံအီတလီအသင်းဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး (၁)နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။

ဆွစ်ဇာလန်နဲ့ပွဲမှာ အီတလီအသင်းကွင်းလယ်လူဂျော်ဂျင်ဟို ပယ်နယ်တီအခွင့်အရေးရခဲ့ပေမယ့် ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲတုန်းက ပရိသတ်တွေသဘောကျလောက်အောင် လက်စွမ်းပြခဲ့တဲ့ ဆွစ်ဇာလန်ဂိုးသမားဆွမ်မာက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘူလ်ဂေးရီးယားအသင်းကို (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့် ၂၀၂၀၊ အောက်တိုဘာလတုန်းက UEFA Nations League ပွဲတွေဖြစ်တဲ့ ပိုလန်၊ နယ်သာလန်တို့နဲ့ ဆက်တိုက်သရေကျခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မန်စီနီရဲ့အီတလီအသင်းဟာ ဂုဏ်ယူစရာကောင်းတဲ့သမိုင်းဝင်စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အခုဆိုရင် ဘရာဇီးလ်၊ စပိန်တို့ကိုကျော်ဖြတ်ပြီးတော့ ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်၊ စပိန်အသင်းဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲစုံမှာ (၃၅)ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ခဲ့ကြတာဖြစ်ပြီး အီတလီအသင်းက ဘူလ်ဂေးရီးယားနဲ့သရေကျခဲ့တဲ့ပွဲမှာ အဲဒီစံချိန်ကို အမီလိုက်နိုင်ခဲ့သလို အခုတစ်ပွဲအသာနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

၂၀၁၈၊ စက်တင်ဘာလတုန်းက UEFA Nations League ပွဲအဖြစ် ပေါ်တူဂီအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက အီတလီအသင်း ရှုံးပွဲလုံးဝမရှိတော့ဘဲ (၂၉)ပွဲနိုင်၊ (၇)ပွဲသရေကျခဲ့ပြီး

အဲဒီကာလအတွင်း ၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အီတလီအသင်းအတွက် စိုးရိမ်စရာကောင်းတာက ယူရိုဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာ မိနစ်(၉၀)အတွင်းတစ်ပွဲမှအနိုင်မရခဲ့တာဖြစ်ပြီး

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းမှာ (၅)ပွဲကစား၊ (၃)ပွဲနိုင်၊ (၂)ပွဲသရေ (၁၁)မှတ်နဲ့ဦးဆောင်နေပေမယ့် ဒုတိယနေရာက ဆွစ်ဇာလန်အသင်းက (၃)ပွဲသာကစားရသေးသလို (၇)မှတ်ရယူထားတာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက် လာမယ့်ပွဲတွေကျရင် အမှားလုပ်လို့တော့မရပါဘူး။

အီတလီအသင်းခေါင်းဆောင်ချီလီနီက “အခုပွဲမှာ ကျွန်တော်တို့အသင်းဟာ နည်းစနစ်ပိုင်းအရရော၊ စိတ်ဓာတ်ပိုင်းမှာပါ ကောင်းမွန်ခဲ့ပြီး ဇွန်လတုန်းက ဆွစ်ဇာလန်အသင်းကို (၃-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲ(ယူရို)ထက်တောင် ခြေစွမ်းပိုကောင်းတယ်လို့ထင်ပါတယ်။

ဂိုးသွင်းဖို့ နည်းနည်းရုန်းကန်နေရပြီး အဲဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၁)ႏွစ္နီးပါးကာလအတြင္း ပထမဆုံးအႀကိမ္(၂)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့တဲ့အီတလီ

ယူ႐ို-၂၀၂၀ ခ်န္ပီယံအီတလီအသင္းဟာ ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဂိုးမရွိသေရက်ခဲ့ၿပီး (၁)ႏွစ္နီးပါးကာလအတြင္း ပထမဆုံးအႀကိမ္(၂)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါၿပီ။ ဆြစ္ဇာလန္နဲ႔ပြဲမွာ အီတလီအသင္းကြင္းလယ္လူေဂ်ာ္ဂ်င္ဟို ပယ္နယ္တီအခြင့္အေရးရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲတုန္းက ပရိသတ္ေတြသေဘာက်ေလာက္ေအာင္ လက္စြမ္းျပခဲ့တဲ့ ဆြစ္ဇာလန္ဂိုးသမားဆြမ္မာက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။ အီတလီအသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဘူလ္ေဂးရီးယားအသင္းကို (၁-၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္ ၂၀၂၀၊ ေအာက္တိုဘာလတုန္းက UEFA Nations League ပြဲေတြျဖစ္တဲ့ ပိုလန္၊ နယ္သာလန္တို႔နဲ႔ ဆက္တိုက္သေရက်ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ (၂)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ မန္စီနီရဲ႕အီတလီအသင္းဟာ ဂုဏ္ယူစရာေကာင္းတဲ့သမိုင္းဝင္စံခ်ိန္တစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အခုဆိုရင္ ဘရာဇီးလ္၊ စပိန္တို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ၁၉၉၃ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္၊ စပိန္အသင္းဟာ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲစုံမွာ (၃၅)ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္တင္ခဲ့ၾကတာျဖစ္ၿပီး အီတလီအသင္းက ဘူလ္ေဂးရီးယားနဲ႔သေရက်ခဲ့တဲ့ပြဲမွာ အဲဒီစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့သလို အခုတစ္ပြဲအသာနဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

၂၀၁၈၊ စက္တင္ဘာလတုန္းက UEFA Nations League ပြဲအျဖစ္ ေပၚတူဂီအသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အီတလီအသင္း ရႈံးပြဲလုံးဝမရွိေတာ့ဘဲ (၂၉)ပြဲႏိုင္၊ (၇)ပြဲသေရက်ခဲ့ၿပီး အဲဒီကာလအတြင္း ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အီတလီအသင္းအတြက္ စိုးရိမ္စရာေကာင္းတာက ယူ႐ိုဆီမီးဖိုင္နယ္၊ ဗိုလ္လုပြဲအပါအဝင္ ၿပိဳင္ပြဲစုံေနာက္ဆုံး(၄)ပြဲမွာ မိနစ္(၉၀)အတြင္းတစ္ပြဲမွအႏိုင္မရခဲ့တာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုတြင္းမွာ (၅)ပြဲကစား၊ (၃)ပြဲႏိုင္၊ (၂)ပြဲသေရ (၁၁)မွတ္နဲ႔ဦးေဆာင္ေနေပမယ့္ ဒုတိယေနရာက ဆြစ္ဇာလန္အသင္းက (၃)ပြဲသာကစားရေသးသလို (၇)မွတ္ရယူထားတာေၾကာင့္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔အတြက္ လာမယ့္ပြဲေတြက်ရင္ အမွားလုပ္လို႔ေတာ့မရပါဘူး။

အီတလီအသင္းေခါင္းေဆာင္ခ်ီလီနီက “အခုပြဲမွာ ကြၽန္ေတာ္တို႔အသင္းဟာ နည္းစနစ္ပိုင္းအရေရာ၊ စိတ္ဓာတ္ပိုင္းမွာပါ ေကာင္းမြန္ခဲ့ၿပီး ဇြန္လတုန္းက ဆြစ္ဇာလန္အသင္းကို (၃-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲ(ယူ႐ို)ထက္ေတာင္ ေျခစြမ္းပိုေကာင္းတယ္လို႔ထင္ပါတယ္။ ဂိုးသြင္းဖို႔ နည္းနည္း႐ုန္းကန္ေနရၿပီး အဲဒီျပႆနာကို အျမန္ဆုံးေျဖရွင္းႏိုင္ေအာင္ႀကိဳးစားရမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။