၀ီလ္ဆင္ကို အီဒါဆန္ ၾကမ္းတမ္းစြာဖ်က္ထုတ္မႈနဲ႔ပတ္သက္လုိ႔ VAR ဘယ္ေရာက္ေနလဲဆုိတာ ပရိသတ္ေတြ သိခ်င္သြား

Photo Credit

Photo Credit

စီးတီးအသင္းဂိုးသမား အီဒါဆန္ဟာ ဘုန္းေမာက္နဲ႔ကစားလ်က္ရွိတဲ့ပရီးမီးယားလိဂ္ပြဲမွာ အိမ္ရွင္တုိက္စစ္မွဴး ၀ီလ္ဆင္ကို ၾကမ္းတမ္းစြာကစားခဲ့ၿပီးေနာက္ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ VAR ျပန္ၾကည့္ၿပီး မဆုံးျဖတ္ခဲ့ျခင္းအေပၚ ေဘာလုံးပရိသတ္ေတြလည္း ေမးခြန္းထုတ္ေ၀ဖန္လ်က္ရွိပါတယ္။ ဘရာဇီးလက္ေရြးစင္ အီဒါဆန္ဟာ ပင္နယ္တီဧရိယာထဲကေန ထြက္လာၿပီး ကြင္းေဘးစည္းနားမွာ ေဘာလုံးရယူဖုိ႔ ႀကိဳးစားေနတဲ့ ၀ီလ္ဆင္ကို ၾကမ္းတမ္းစြာကစားခဲ့တာျဖစ္ၿပီး အဲဒီျဖစ္ရပ္ေၾကာင့္ အဂၤလန္လက္ေရြးစင္ ၀ီလ္ဆင္လည္း လြင့္ထြက္သြားပါတယ္။

Photo Credit

ဘုန္းေမာက္ပရိသတ္အမ်ားစုကေတာ့ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ အသက္ ၂၆ႏွစ္အရြယ္ရွိ အီဒါဆန္ တုိက္႐ိုက္အနီကတ္ျပသခံရသင့္တယ္လုိ႔ ယူဆေနၾကပါတယ္။ ကြင္းလယ္ဒိုင္ကေတာ့ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ အီဒါဆန္ကို အ၀ါကတ္ျပသသတိေပးခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ အရွိန္နဲ႔ေျပးလာတဲ့ၿပိဳင္ဘက္ကစားသမားကို ၾကမ္းတမ္းစြာကစားျခင္းက ပုံမွန္အားျဖင့္ တုိက္႐ိုက္အနီကတ္ျပသရမယ့္ဥပေဒျပင္ပတားဆီးမႈအျဖစ္ အမ်ားစုက ယုံၾကည္ေနၿပီး အထူးသျဖင့္ VAR နဲ႔ ျပန္ၾကည့္ကာ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲခ့ဲသင့္တယ္လုိ႔ ယူဆလ်က္ရွိပါတယ္။

Photo Credit

”အီဒါဆန္ေၾကာင့္ VAR နဲ႔ပတ္သက္လုိ႔ စီးတီးပရိသတ္တစ္ေယာက္တေလမွ ေစာဒကတက္မွာကို လုံး၀မၾကားခ်င္ေတာ့ဘူး”။ ”တကယ္လုိ႔ Outfield (ဂိုးသမားမွလြဲလုိ႔က်န္ကစားသမား)ကစားသမား ဘယ္သူပဲျဖစ္ျဖစ္ အီဒါဆန္လုိ ဖ်က္ထုတ္မႈမ်ိဳး ကြင္းရဲ႕ဘယ္ေနရာပဲျဖစ္ျဖစ္ ျပဳလုပ္ရင္ VAR နဲ႔ ျပန္ၾကည့္ၿပီး အနီကတ္ျပသခံရမွာ ေသခ်ာတယ္မဟုတ္လား”။

Photo Credit

”တကယ္လုိ႔ ေ၀ၚလ္ကာနဲ႔ အီဒါဆန္တုိ႔ ကြင္းထဲမွာ ဆက္ရွိေနေသးတယ္ဆုိရင္ေတာ့ VAR ကလည္း ဘာမွအသုံး၀င္မွာမဟုတ္ေတာ့ဘူး”။ ”ပုံမွန္အားျဖင့္ေတာ့ အသင္းႀကီးေတြဘက္ကို ဘက္လုိက္မႈေတြရွိပါတယ္။ အခုလို VAR ရွိေနခ်ိန္မွာ အီဒါဆန္ ဘယ္လုိျဖစ္လုိ႔မ်ားအနီကတ္ျပသမခံရတာလဲဆုိတာက အေတာ္ေလးရယ္စရာေကာင္းပါတယ္။ ဒါက ေဘာလုံးပြဲကို ေလွာင္ေျပာင္သေရာ္လုိက္တာပါပဲ”လုိ႔ ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္။

Photo Credit

အီဒါဆန္ရဲ႕ျဖစ္ရပ္မတုိင္ခင္ စီးတီးေနာက္ခံလူ ကိုင္လီေ၀ၚလ္ကာဟာ ဘုန္းေမာက္ေနာက္ခံလူ အကီးကို ၾကမ္းတမ္းစြာကစားခဲ့ၿပီး ပြဲအစ ၁၀မိနစ္အတြင္း ၂ႀကိမ္တိုင္တုိင္ ၾကမ္းတမ္းစြာကစားခဲ့ေပမယ့္ ေနာက္ျဖစ္ရပ္ေရာက္မွ အ၀ါကတ္ပဲ ျပသခံခဲ့ရပါတယ္။

Photo Credit

Unicode

ဝီလ်ဆင်ကို အီဒါဆန် ကြမ်းတမ်းစွာဖျက်ထုတ်မှုနဲ့ပတ်သက်လို့ VAR ဘယ်ရောက်နေလဲဆိုတာ ပရိသတ်တွေ သိချင်သွား

စီးတီးအသင်းဂိုးသမား အီဒါဆန်ဟာ ဘုန်းမောက်နဲ့ကစားလျက်ရှိတဲ့ပရီးမီးယားလိဂ်ပွဲမှာ အိမ်ရှင်တိုက်စစ်မှူး ဝီလ်ဆင်ကို ကြမ်းတမ်းစွာကစားခဲ့ပြီးနောက် အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ VAR ပြန်ကြည့်ပြီး မဆုံးဖြတ်ခဲ့ခြင်းအပေါ် ဘောလုံးပရိသတ်တွေလည်း မေးခွန်းထုတ်ဝေဖန်လျက်ရှိပါတယ်။ ဘရာဇီးလက်ရွေးစင် အီဒါဆန်ဟာ ပင်နယ်တီဧရိယာထဲကနေ ထွက်လာပြီး ကွင်းဘေးစည်းနားမှာ ဘောလုံးရယူဖို့ ကြိုးစားနေတဲ့ ဝီလ်ဆင်ကို ကြမ်းတမ်းစွာကစားခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အင်္ဂလန်လက်ရွေးစင် ဝီလ်ဆင်လည်း လွင့်ထွက်သွားပါတယ်။
ဘုန်းမောက်ပရိသတ်အများစုကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အသက် ၂၆နှစ်အရွယ်ရှိ အီဒါဆန် တိုက်ရိုက်အနီကတ်ပြသခံရသင့်တယ်လို့ ယူဆနေကြပါတယ်။ ကွင်းလယ်ဒိုင်ကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အီဒါဆန်ကို အဝါကတ်ပြသသတိပေးခဲ့ပါတယ်။
ဒါပေမဲ့ အရှိန်နဲ့ပြေးလာတဲ့ပြိုင်ဘက်ကစားသမားကို ကြမ်းတမ်းစွာကစားခြင်းက ပုံမှန်အားဖြင့် တိုက်ရိုက်အနီကတ်ပြသရမယ့်ဥပဒေပြင်ပတားဆီးမှုအဖြစ် အများစုက ယုံကြည်နေပြီး အထူးသဖြင့် VAR နဲ့ ပြန်ကြည့်ကာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သင့်တယ်လို့ ယူဆလျက်ရှိပါတယ်။
”အီဒါဆန်ကြောင့် VAR နဲ့ပတ်သက်လို့ စီးတီးပရိသတ်တစ်ယောက်တလေမှ စောဒကတက်မှာကို လုံးဝမကြားချင်တော့ဘူး”။ ”တကယ်လို့ Outfield (ဂိုးသမားမှလွဲလို့ကျန်ကစားသမား)ကစားသမား ဘယ်သူပဲဖြစ်ဖြစ် အီဒါဆန်လို ဖျက်ထုတ်မှုမျိုး ကွင်းရဲ့ဘယ်နေရာပဲဖြစ်ဖြစ် ပြုလုပ်ရင် VAR နဲ့ ပြန်ကြည့်ပြီး အနီကတ်ပြသခံရမှာ သေချာတယ်မဟုတ်လား”။
”တကယ်လို့ ဝေါ်လ်ကာနဲ့ အီဒါဆန်တို့ ကွင်းထဲမှာ ဆက်ရှိနေသေးတယ်ဆိုရင်တော့ VAR ကလည်း ဘာမှအသုံးဝင်မှာမဟုတ်တော့ဘူး”။ ”ပုံမှန်အားဖြင့်တော့ အသင်းကြီးတွေဘက်ကို ဘက်လိုက်မှုတွေရှိပါတယ်။ အခုလို VAR ရှိနေချိန်မှာ အီဒါဆန် ဘယ်လိုဖြစ်လို့များအနီကတ်ပြသမခံရတာလဲဆိုတာက အတော်လေးရယ်စရာကောင်းပါတယ်။ ဒါက ဘောလုံးပွဲကို လှောင်ပြောင်သရော်လိုက်တာပါပဲ”လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ရေးသားခဲ့ကြပါတယ်။
အီဒါဆန်ရဲ့ဖြစ်ရပ်မတိုင်ခင် စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာဟာ ဘုန်းမောက်နောက်ခံလူ အကီးကို ကြမ်းတမ်းစွာကစားခဲ့ပြီး ပွဲအစ ၁၀မိနစ်အတွင်း ၂ကြိမ်တိုင်တိုင် ကြမ်းတမ်းစွာကစားခဲ့ပေမယ့် နောက်ဖြစ်ရပ်ရောက်မှ အဝါကတ်ပဲ ပြသခံခဲ့ရပါတယ်။