၀မ်းနည်းနေတဲ့ ဒင်ဟိုရဲ့ထောင်တွင်းအခြေအနေကို ပြောပြလာတဲ့ပါရာဂွေးတိုက်စစ်မှုးဟောင်း

photo-the sun

photo-AP

ရော်နယ်ဒင်ဟိုဟာ ထောင်ထဲမှာ ဝမ်းနည်းနေကြောင်း အဲဒီဘရာဇီးဂန္ထဝင်နဲ့အတူ ထောင်ထဲမှာ ဆယ်လ်ဖီဆွဲခဲ့တဲ့ ပါရာဂွေးတိုက်စစ်မှုးဟောင်းက ပြောကြားလိုက်ပါတယ်။ အဲဒီပါရာဂွေးတိုက်စစ်မှုးဟောင်းကပဲ ရော်နယ်ဒင်ဟိုရဲ့ထောင်တွင်းအခြေအနေကို ပြောကြားခဲ့ပါသေးတယ်။

photo-gettyimages

ရော်နယ်ဒင်ဟိုဟာ ပက်စ်ပို့အတုနဲ့ ပါရာဂွေးနိုင်ငံထဲဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရကာ ထောင်ထဲကနေ တရားရင်ဆိုင်နေရတာပါ။ အာဂျင်တီးနားကလပ်ရေးဗားပလိတ်တိုက်စစ်မှုးဟောင်းဖြစ်တဲ့နယ်လ်ဆင်ကူးဗက်စ်ဟာ အဲဒီဘောလုံးအိုင်ကွန်ဆီကို သွားရောက်လည်ပတ်ခဲ့ပြီး အားပေးစကားပြောခဲ့တာပါ။ အဲဒီနောက် အာဂျင်တီးနားသတင်းစာတစ်စောင်နဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ ကူးဗက်စ်က”သူ ဝမ်းနည်းနေတာပါ။ မကြာခင်မှာ အဲဒီကနေ သူထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေအတွက် သူဝမ်းနည်းနေတာပါ။ သူ့ရှေ့နေတွေကတော့ ကျန်တာတွေကို ကိုင်တွယ်ပေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

photo-social media

အာဂျင်တီးနားပြည်ထဲရေးဝန်ကြီးကလည်း အဲဒီဘာစီလိုနာတိုက်စစ်မှုးဟောင်းဟာ အကျဉ်းထောင်တစ်ခုနဲ့မတူတဲ့ ဟိုတယ်တစ်ခုနီးပါးနေရာတစ်ခုမှာ နေနေရတာလို့ ပြောခဲ့ပါတယ်။ အဲဒါကို ကူးဗက်စ်ကလည်း သဘောတူခဲ့ပြီး ရော်နယ်ဒင်ဟိုဟာ ထောင်ကျနေပေမယ့် အတော်လေးအနေအစားချောင်ကြောင်း ဆိုခဲ့ပါတယ်။ ”တခြားထာာင်ကျနေသူတွေနဲ့ယှဉ်ရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက သူနေနေကျမှ မဟုတ်တာဗျာ။ အခုသူ နေရတဲ့နေရာက ကျယ်ပြီး ဘောလုံးတောင် ကစားလို့ရနိုင်ပါတယ်။ သူနဲ့သူ့အစ်ကို အိပ်ယာနှစ်ခုနဲ့ တစ်ခန်းထဲမှာပါ”လို့ ကူးဗက်စ်က ပြောခဲ့ပါတယ်။

[Zawgyi]

၀မ္းနည္းေနတဲ့ ဒင္ဟိုရဲ႕ေထာင္တြင္းအေျခအေနကို ေျပာျပလာတဲ့ပါရာေဂြးတိုက္စစ္မႈးေဟာင္း

ေရာ္နယ္ဒင္ဟုိဟာ ေထာင္ထဲမွာ ၀မ္းနည္းေနေၾကာင္း အဲဒီဘရာဇီးဂႏၳ၀င္နဲ႔အတူ ေထာင္ထဲမွာ ဆယ္လ္ဖီဆြဲခဲ့တဲ့ ပါရာေဂြးတုိက္စစ္မႈးေဟာင္းက ေျပာၾကားလိုက္ပါတယ္။ အဲဒီပါရာေဂြးတိုက္စစ္မႈးေဟာင္းကပဲ ေရာ္နယ္ဒင္ဟိုရဲ႕ေထာင္တြင္းအေျခအေနကို ေျပာၾကားခဲ့ပါေသးတယ္။

ေရာ္နယ္ဒင္ဟိုဟာ ပက္စ္ပို႔အတုနဲ႔ ပါရာေဂြးႏိုင္ငံထဲ၀င္ေရာက္ခဲ့တာနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခံခဲ့ရကာ ေထာင္ထဲကေန တရားရင္ဆိုင္ေနရတာပါ။ အာဂ်င္တီးနားကလပ္ေရးဗားပလိတ္တိုက္စစ္မႈးေဟာင္းျဖစ္တဲ့နယ္လ္ဆင္ကူးဗက္စ္ဟာ အဲဒီေဘာလံုးအိုင္ကြန္ဆီကို သြားေရာက္လည္ပတ္ခဲ့ၿပီး အားေပးစကားေျပာခဲ့တာပါ။ အဲဒီေနာက္ အာဂ်င္တီးနားသတင္းစာတစ္ေစာင္နဲ႔ ေတြ႕ဆံုေမးျမန္းမႈမွာေတာ့ ကူးဗက္စ္က”သူ ၀မ္းနည္းေနတာပါ။ မၾကာခင္မွာ အဲဒီကေန သူထြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ လက္ရွိအေျခအေနအတြက္ သူ၀မ္းနည္းေနတာပါ။ သူ႔ေရွ႕ေနေတြကေတာ့ က်န္တာေတြကို ကိုင္တြယ္ေပးေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားျပည္ထဲေရး၀န္ႀကီးကလည္း အဲဒီဘာစီလုိနာတိုက္စစ္မႈးေဟာင္းဟာ အက်ဥ္းေထာင္တစ္ခုနဲ႔မတူတဲ့ ဟိုတယ္တစ္ခုနီးပါးေနရာတစ္ခုမွာ ေနေနရတာလို႔ ေျပာခဲ့ပါတယ္။ အဲဒါကို ကူးဗက္စ္ကလည္း သေဘာတူခဲ့ၿပီး ေရာ္နယ္ဒင္ဟိုဟာ ေထာင္က်ေနေပမယ့္ အေတာ္ေလးအေနအစားေခ်ာင္ေၾကာင္း ဆုိခဲ့ပါတယ္။ ”တျခားထာာင္က်ေနသူေတြနဲ႔ယွဥ္ရင္ေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ အဲဒါက သူေနေနက်မွ မဟုတ္တာဗ်ာ။ အခုသူ ေနရတဲ့ေနရာက က်ယ္ၿပီး ေဘာလုံးေတာင္ ကစားလုိ႔ရႏိုင္ပါတယ္။ သူနဲ႔သူ႔အစ္ကို အိပ္ယာႏွစ္ခုနဲ႔ တစ္ခန္းထဲမွာပါ”လို႔ ကူးဗက္စ္က ေျပာခဲ့ပါတယ္။