ဝင်ငွေကောင်းပြီး အပျော်အပါးမက်သူတွေများတဲ့ လူငယ်ဘောလုံးသမားတွေကြားမှာ မေဆင်မောင့်ကတော့ နှလုံးလှလူငယ်ပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေဟာ တစ်ပတ်ကို လုပ်ခလစာ ပေါင်သောင်းချီသိန်းချီရနေပြီး သာမန်လူတွေထက် ပိုမိုမြင့်မားတဲ့ လစာဝင်ငွေကို ရရှိနေတဲ့သူတွေပါ။ သူတို့တွေဟာ ဘဝမှာ ဘောလုံးကစားခြင်းကရတဲ့ ဝင်ငွေကနေ ပြည့်ပြည့်စုံစုံနေနိုင်ပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့သူ တွေလည်းဖြစ်ပါတယ်။

အများစုအားကျခံရတဲ့ ဘောလုံးသမားဘဝမှာ လစာဝင်ငွေတွေကြောင့် ထင်တိုင်းကြဲပြီး အပျော်အပါးလိုက်စားတဲ့ ကစားသမားတွေရှိသလို မိသားစုဘဝနဲ့ ထိန်းထိန်းသိမ်းသမ်းနေပြီး အများစုရဲ့ စံပြကစားသမားတွေလည်းှရှိပါတယ်။ လူငယ်ခြေတက်ကစားသမားတွေအနေနဲ့ စီနီယာကစားသမားတွေထက်ပိုပြီး အပျော်အပါးပိုမက်တတ်တာ သဘာဝပါပဲ။

ဘောလုံးပါရမီရှိပေမယ့် အသုံးအဖြုန်းကြမ်းပြီး ကစားသမားဘဝနေချိန်မှာ ဘဝပျက်သွားတဲ့ ရော်နယ်ဒင်ဟို၊ ရော်ဘင်ဟို၊ အီဘိုယေးတို့လို ကစားသမားတွေရှိသလို အခု အင်္ဂလန်အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မေဆင်မောင့်တို့လို နှလုံးလှလူငယ်ကစားသမားတွေလည်းရှိပါတယ်။

ရက်ရှ်ဖို့ဒ်ဆိုရင် အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ကျောင်းတွေမှာ Sunday meal အစီအစဉ်ကို ဦးဆောင်ပြုလုပ်သလို ပရဟိတအလုပ်တွေကိုလည်း ကိုဗစ်ကာလ တစ်လျှောက်လုံးပြုလုပ်ခဲ့တဲ့အတွက် အင်္ဂလန်ဘုရင်မကြီးရဲ့ MBE သူကောင်းပြု ဘွဲ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အချီးမြင့်ခံထားရတဲ့သူပါ။

အခုဆိုရင် စီနီယာကစားသမား ရက်ရှ်ဖို့ဒ်လိုမျိုးပဲ ချဲလ်ဆီးက မေဆင်မောင့်ဟာ မွေးရာပါ ကြွက်သားလှုပ်ရှား မှုအားနည်းတဲ့ရောဂါ Duchenne Muscular Dystrophy DMD ခံစားနေရတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် အယ်လ်ဖီရဲ့ မိဘတွေဆီ ဖုန်းခေါ်ပြီး Video Call နဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

အယ်လ်ဖီရဲ့ မိသားစုဝင်တွေနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တဲ့ မေဆင်မောင့်ဟာ UK က ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Together for Short Lives အသင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဘဝသက်တမ်းမှာ ဘယ် လောက်မှမကျန်တော့တဲ့သူတွေကို ငွေကြေးထောက်ပံ့မှုနဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်မှုတွေ ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ အယ်လ်ဖီဟာ ဆရာဝန်တွေရဲ့ ခန့်မှန်းချက်အရ အများဆုံးအသက် ၂၀ အထိပဲ အသက်ရှင်နေထိုင်နိုင်မယ်လို့ သိရပါတယ်။

မေဆင်မောင့်က “အယ်လ်ဖီမိသားစုနဲ့ စကားပြောရတာ ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပြီး ကျွန်တော့်ကိုကျွန်တော်ပိုကောင်းတဲ့ လူသားတစ်ယောက်ဖြစ်လာစေတယ်လို့ ခံစားရပါတယ်။ သားဖြစ်သူရဲ့ ရောဂါဆိုး ကြောင့် သိထားတဲ့ သူတို့အဖြစ်ကိုတွေးကြည့်ရင် ဒီအခြေအနေဆိုးကြီးကို အကြာကြီး ရင်ဆိုင်ဖြတ်သန်းရမှာ ရင်မောစရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အပျော်အပါးမက်တဲ့ လူငယ်ဘောလုံးသမားတွေအတွက်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ မေ ဆင်မောင့်တို့လို ဘောလုံးသမားတွေဟာ အားကျအတုယူစရာကောင်းတဲ့ သူတွေပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝင္ေငြေကာင္းၿပီး အေပ်ာ္အပါးမက္သူေတြမ်ားတဲ့ လူငယ္ေဘာလံုးသမားေတြၾကားမွာ ေမဆင္ေမာင့္ကေတာ့ ႏွလံုးလွလူငယ္ပါ

ေဘာလံုးသမားေတြဟာ တစ္ပတ္ကို လုပ္ခလစာ ေပါင္ေသာင္းခ်ီသိန္းခ်ီရေနၿပီး သာမန္လူေတြထက္ ပိုမိုျမင့္မားတဲ့ လစာ၀င္ေငြကို ရရွိေနတဲ့သူေတြပါ။ သူတို႔ေတြဟာ ဘ၀မွာ ေဘာလံုးကစားျခင္းကရတဲ့ ၀င္ေငြကေန ျပည့္ျပည့္စံုစံုေနႏုိင္ၿပီး ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ေကာင္းတဲ့ဘ၀ကို ပိုင္ဆိုင္ထားတဲ့သူ ေတြလည္းျဖစ္ပါတယ္။

အမ်ားစုအားက်ခံရတဲ့ ေဘာလံုးသမားဘ၀မွာ လစာ၀င္ေငြေတြေၾကာင့္ ထင္တုိင္းၾကဲၿပီး အေပ်ာ္အပါးလုိက္စားတဲ့ ကစားသမားေတြရွိသလို မိသားစုဘ၀နဲ႔ ထိန္းထိန္းသိမ္းသမ္းေနၿပီး အမ်ားစုရဲ႕ စံျပကစားသမားေတြလည္းွရွိပါတယ္။ လူငယ္ေျခတက္ကစားသမားေတြအေနနဲ႔ စီနီယာကစားသမားေတြထက္ပိုၿပီး အေပ်ာ္အပါးပိုမက္တတ္တာ သဘာ၀ပါပဲ။

ေဘာလံုးပါရမီရွိေပမယ့္ အသံုးအျဖဳန္းၾကမ္းၿပီး ကစားသမားဘ၀ေနခ်ိန္မွာ ဘ၀ပ်က္သြားတဲ့ ေရာ္နယ္ဒင္ဟို၊ ေရာ္ဘင္ဟို၊ အီဘုိေယးတို႔လို ကစားသမားေတြရွိသလို အခု အဂၤလန္အသင္းရဲ႕ လူငယ္ကစားသမားေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ေမဆင္ေမာင့္တို႔လို ႏွလံုးလွလူငယ္ကစားသမားေတြလည္းရွိပါတယ္။

ရက္ရွ္ဖို႔ဒ္ဆိုရင္ အဂၤလန္ႏိုင္ငံတစ္၀ွမ္းမွာရွိတဲ့ေက်ာင္းေတြမွာ Sunday meal အစီအစဥ္ကို ဦးေဆာင္ျပဳလုပ္သလို ပရဟိတအလုပ္ေတြကိုလည္း ကိုဗစ္ကာလ တစ္ေလွ်ာက္လံုးျပဳလုပ္ခဲ့တဲ့အတြက္ အဂၤလန္ဘုရင္မႀကီးရဲ႕ MBE သူေကာင္းျပဳ ဘြဲ႕ကို ငယ္ငယ္ရြယ္ရြယ္နဲ႔ အခ်ီးျမင့္ခံထားရတဲ့သူပါ။

အခုဆိုရင္ စီနီယာကစားသမား ရက္ရွ္ဖို႔ဒ္လိုမ်ဳိးပဲ ခ်ဲလ္ဆီးက ေမဆင္ေမာင့္ဟာ ေမြးရာပါ ၾကြက္သားလႈပ္ရွား မႈအားနည္းတဲ့ေရာဂါ Duchenne Muscular Dystrophy DMD ခံစားေနရတဲ့ အသက္ ၅ ႏွစ္အရြယ္ ကေလးငယ္ အယ္လ္ဖီရဲ႕ မိဘေတြဆီ ဖုန္းေခၚၿပီး Video Call နဲ႔ အားေပးစကားေတြ ေျပာၾကားခဲ့ပါတယ္။

အယ္လ္ဖီရဲ႕ မိသားစု၀င္ေတြနဲ႔ စကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့တဲ့ ေမဆင္ေမာင့္ဟာ UK က ပရဟိတအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Together for Short Lives အသင္း၀င္တစ္ေယာက္လည္းျဖစ္ပါတယ္။

ဒီအဖဲြ႕ဟာ ဘ၀သက္တမ္းမွာ ဘယ္ ေလာက္မွမက်န္ေတာ့တဲ့သူေတြကို ေငြေၾကးေထာက္ပံ့မႈနဲ႔ စိတ္ဓာတ္ခြန္အားျမင့္တင္မႈေတြ ျပဳလုပ္ေပးတဲ့ အဖြဲ႕အစည္းလည္းျဖစ္ပါတယ္။ အယ္လ္ဖီဟာ ဆရာ၀န္ေတြရဲ႕ ခန္႔မွန္းခ်က္အရ အမ်ားဆံုးအသက္ ၂၀ အထိပဲ အသက္ရွင္ေနထိုင္ႏိုင္မယ္လို႔ သိရပါတယ္။

ေမဆင္ေမာင့္က “အယ္လ္ဖီမိသားစုနဲ႔ စကားေျပာရတာ ကၽြန္ေတာ့္အတြက္ အဓိပၸာယ္အမ်ားႀကီးရွိၿပီး ကၽြန္ေတာ့္ကိုကၽြန္ေတာ္ပိုေကာင္းတဲ့ လူသားတစ္ေယာက္ျဖစ္လာေစတယ္လို႔ ခံစားရပါတယ္။ သားျဖစ္သူရဲ႕ ေရာဂါဆိုး ေၾကာင့္ သိထားတဲ့ သူတို႔အျဖစ္ကိုေတြးၾကည့္ရင္ ဒီအေျခအေနဆိုးႀကီးကို အၾကာႀကီး ရင္ဆိုင္ျဖတ္သန္းရမွာ ရင္ေမာစရာပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အေပ်ာ္အပါးမက္တဲ့ လူငယ္ေဘာလံုးသမားေတြအတြက္ကေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ ေမ ဆင္ေမာင့္တို႔လို ေဘာလံုးသမားေတြဟာ အားက်အတုယူစရာေကာင္းတဲ့ သူေတြပါပဲ။