၀က်ဟမ်းကို ယှဉ်ပြိုင်မယ့် ယူနိုက်တက် အသင်းမှာ အိုလေးအပြင် ဖာနန်ဒက်စ်ကပါ နည်းပြတာဝန် ယူလာမှာလား…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးအသင်းတစ်သင်းရဲ့ နည်းဗျူဟာအခင်းအကျင်းနဲ့ လူစားလဲတဲ့အလုပ် တွေကို အဓိကပြုလုပ်ရတာ နည်းပြတာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်ယူနဲ့ ပီအက်စ်ဂျီပွဲမှာတော့ ကွင်းထဲမှာရှိတဲ့ ဖာနန်ဒက်စ်က နည်းပြထိုင်ခုံမှာရှိတဲ့ ဆိုးလ် ရှားကို လူစားလဲမှုတွေ မြန်မြန်ပြုလုပ်ပေးဖို့ ကွင်းထဲကနေ လှမ်းအော်တောင်းဆို ခဲ့တာကို တွေ့ခဲ့ရမှာပါ။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က မန်ယူအသင်းကိုရောက်ရှိလာခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ အဓိကကစားသမား တစ်ဦးဖြစ်ခဲ့သလို ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့သူလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ မန်ယူပရိသတ်တွေဟာ ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေကို ဝေဖန်နေခဲ့ကြပြီး အထူး သဖြင့် ပထမပိုင်းမှာ တစ်ဝါထိထားတဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ဒုတိယ ပိုင်းမှာ လူစားမလဲဘဲ ဆက်ကစားခိုင်းခဲ့တဲ့အတွက် ဖရက်ဒ်တစ်ယောက် နောက် တစ်ဝါထိပြီး ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖရက်ဒ် ထုတ်ပယ်ခံခဲ့ရပြီး မန်ယူဟာ အလယ်တန်းကစားသမားတစ်ဦးလျော့သွားတဲ့အတွက် ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ကစားနေရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လုပ်အားနှုန်းချင်းယှဉ်ရင် အရမ်းသိသာတဲ့အနေအထားပါပဲ။

ဖာနန်ဒက်စ်ဟာ ပွဲချိန် ၇၃ မိနစ်မှာ အသင်းကွင်းလယ်ကနေ ဘောလုံးလိုက်လုဖို့ကြိုးစားနေရင်း မန်ယူနည်းပြနဲ့ ကစားသမားတွေရှိတဲ့နေရာကို နည်းပြအိုလေဂန်နာဆိုးလ်ရှားရဲ့ နာမည်ဖြစ်တဲ့ “Ole” ဆိုတဲ့ အမည်ကိုလှမ်းအော်ရင်း အမြန်ဆုံးလူစားလဲမှုတွေပြုလုပ်ဖို့ အဓိပ္ပာယ်ရတဲ့စကားလုံးတွေ လှမ်းအော်ပြောခဲ့တာကို ကွင်းအတွင်းမှာရှိတဲ့ ရုပ်သံ အသံဖမ်းစက်တွေကတစ်ဆင့် ကြားသိနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ် လှမ်းအော်ပြော ပြီး နောက်တစ်မိနစ်အကြာ ၇၄ မိနစ်မှာ ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ကို လူစားလဲမှုပြုလုပ်ခဲ့တဲ့အတွက် ဖာနန်ဒက်စ်လှမ်းအော်မှ ကတိုက်ကရိုက်လူစား လဲခဲ့တဲ့ ဆိုးလ်ရှားရဲ့လုပ်ရပ်ကို ဆိုရှယ်မီဒီယာမှာ မန်ယူပရိသတ်တွေက ပွက်လောရိုက်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးရဲ့မှတ်ချက်မှာဆိုရင် အိုလေကို ဖာနန်ဒက်စ်က ဆရာပြန်လုပ်သွားခဲ့တယ်လို့ အရွှမ်းဖောက်ခဲ့ပြီး နောက်ထပ် မန်ယူပရိသတ်တစ်ယောက်ကလည်း ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားက လူစားလဲမှုတွေမလုပ်လို့ ဒေါသထွက်နေခဲ့ပြီး ဆန်းဒေးလိဂ်လိုအပျော်တမ်းလိဂ်က မန်နေဂျာတစ်ယောက်ရဲ့ပုံစံမျိုး လှမ်းအော်ခဲ့တာလို့ မှတ်ချက်ရေးသားထားခဲ့ပါ တယ်။

ဖာနန်ဒက်စ် အခုလိုမျိုးလှမ်းအော်တဲ့ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ သွားခဲ့ပြီး နည်းပြဆိုးလ်ရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောပေမယ့် ဖရက်ဒ်ကို ပထမပိုင်းအပြီးမှာကတည်းက လူစားလဲခဲ့သင့်တယ်လို့ ဝန်ခံပြောကြား မှု ပြုလုပ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က ဒီလမှာ ယူနိုက်တက်အသင်းကပရိသတ်တွေရွေးချယ်ပေးတဲ့ တစ်လအတွင်းအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၀က္ဟမ္းကို ယွဥ္ျပိဳင္မယ္႕ ယူႏိုက္တက္ အသင္းမွာ အိုေလးအျပင္ ဖာနန္ဒက္စ္ကပါ နည္းျပတာ၀န္ ယူလာမွာလား…

ေဘာလံုးအသင္းတစ္သင္းရဲ႕ နည္းဗ်ဴဟာအခင္းအက်င္းနဲ႔ လူစားလဲတဲ့အလုပ္ ေတြကို အဓိကျပဳလုပ္ရတာ နည္းျပတာ၀န္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မန္ယူနဲ႔ ပီအက္စ္ဂ်ီပြဲမွာေတာ့ ကြင္းထဲမွာရွိတဲ့ ဖာနန္ဒက္စ္က နည္းျပထိုင္ခံုမွာရွိတဲ့ ဆိုးလ္ ရွားကို လူစားလဲမႈေတြ ျမန္ျမန္ျပဳလုပ္ေပးဖို႔ ကြင္းထဲကေန လွမ္းေအာ္ေတာင္းဆို ခဲ့တာကို ေတြ႕ခဲ့ရမွာပါ။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕က မန္ယူအသင္းကိုေရာက္ရွိလာခဲ့ၿပီး အသင္းရဲ႕အေရးပါတဲ့ အဓိကကစားသမား တစ္ဦးျဖစ္ခဲ့သလို ပံုမွန္ပြဲထြက္ခြင့္ရေနတဲ့သူလည္း ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ မန္ယူပရိသတ္ေတြဟာ ဆိုးလ္ရွားရဲ႕ လူစားလဲမႈေတြကို ေ၀ဖန္ေနခဲ့ၾကၿပီး အထူး သျဖင့္ ပထမပိုင္းမွာ တစ္၀ါထိထားတဲ့ ကြင္းလယ္ကစားသမား ဖရက္ဒ္ကို ဒုတိယ ပိုင္းမွာ လူစားမလဲဘဲ ဆက္ကစားခိုင္းခဲ့တဲ့အတြက္ ဖရက္ဒ္တစ္ေယာက္ ေနာက္ တစ္၀ါထိၿပီး ထုတ္ပယ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ဖရက္ဒ္ ထုတ္ပယ္ခံခဲ့ရၿပီး မန္ယူဟာ အလယ္တန္းကစားသမားတစ္ဦးေလ်ာ့သြားတဲ့အတြက္ ပီအက္စ္ဂ်ီလို အသင္းမ်ဳိးနဲ႔ကစားေနရတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ကြင္းလယ္လုပ္အားႏႈန္းခ်င္းယွဥ္ရင္ အရမ္းသိသာတဲ့အေနအထားပါပဲ။ ဖာနန္ဒက္စ္ဟာ ပြဲခ်ိန္ ၇၃ မိနစ္မွာ အသင္းကြင္းလယ္ကေန ေဘာလံုးလိုက္လုဖို႔ႀကိဳးစားေနရင္း မန္ယူနည္းျပနဲ႔ ကစားသမားေတြရွိတဲ့ေနရာကို နည္းျပအိုေလဂန္နာဆိုးလ္ရွားရဲ႕ နာမည္ျဖစ္တဲ့ “Ole” ဆိုတဲ့ အမည္ကိုလွမ္းေအာ္ရင္း အျမန္ဆံုးလူစားလဲမႈေတြျပဳလုပ္ဖို႔ အဓိပၸာယ္ရတဲ့စကားလံုးေတြ လွမ္းေအာ္ေျပာခဲ့တာကို ကြင္းအတြင္းမွာရွိတဲ့ ရုပ္သံ အသံဖမ္းစက္ေတြကတစ္ဆင့္ ၾကားသိႏိုင္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ လွမ္းေအာ္ေျပာ ၿပီး ေနာက္တစ္မိနစ္အၾကာ ၇၄ မိနစ္မွာ ဆိုးလ္ရွားဟာ ေပါ့ဂ္ဘာနဲ႔ ဂရင္း၀ုဒ္္တုိ႔ကို လူစားလဲမႈျပဳလုပ္ခဲ့တဲ့အတြက္ ဖာနန္ဒက္စ္လွမ္းေအာ္မွ ကတိုက္ကရိုက္လူစား လဲခဲ့တဲ့ ဆိုးလ္ရွားရဲ႕လုပ္ရပ္ကို ဆိုရွယ္မီဒီယာမွာ မန္ယူပရိသတ္ေတြက ပြက္ေလာရိုက္ခဲ့ၾကပါတယ္။

ပရိသတ္တစ္ဦးရဲ႕မွတ္ခ်က္မွာဆိုရင္ အိုေလကို ဖာနန္ဒက္စ္က ဆရာျပန္လုပ္သြားခဲ့တယ္လုိ႔ အရႊမ္းေဖာက္ခဲ့ၿပီး ေနာက္ထပ္ မန္ယူပရိသတ္တစ္ေယာက္ကလည္း ဖာနန္ဒက္စ္ဟာ ဆိုးလ္ရွားက လူစားလဲမႈေတြမလုပ္လို႔ ေဒါသထြက္ေနခဲ့ၿပီး ဆန္းေဒးလိဂ္လိုအေပ်ာ္တမ္းလိဂ္က မန္ေနဂ်ာတစ္ေယာက္ရဲ႕ပံုစံမ်ဳိး လွမ္းေအာ္ခဲ့တာလို႔ မွတ္ခ်က္ေရးသားထားခဲ့ပါ တယ္။

ဖာနန္ဒက္စ္ အခုလိုမ်ဳိးလွမ္းေအာ္တဲ့ဗီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ သြားခဲ့ၿပီး နည္းျပဆိုးလ္ရွားကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွမေျပာေပမယ့္ ဖရက္ဒ္ကို ပထမပိုင္းအၿပီးမွာကတည္းက လူစားလဲခဲ့သင့္တယ္လုိ႔ ၀န္ခံေျပာၾကား မႈ ျပဳလုပ္ခဲ့ပါတယ္။ ဖာနန္ဒက္စ္က ဒီလမွာ ယူႏိုက္တက္အသင္းကပရိသတ္ေတြေရြးခ်ယ္ေပးတဲ့ တစ္လအတြင္းအေကာင္းဆံုးကစားသမားဆုကိုရရွိခဲ့ပါတယ္။