၀က်ဟမ်းကိုနိုင်ပြီးနောက် အာဆင်နယ်ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ အိုဇေးလ်

photo internet

မနေ့ညကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် 16 လက်ကျန်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဝက်ဟမ်းအသင်းကို 3 ဂိုး 1 ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အဆင့် 9 ကိုပြန်ရသွားခဲ့ပါပြီ။ ဒီလိုအနိုင်ရခဲ့တဲ့အပေါ် အိုဇေးလ်က ပရိသတ်တွေကို သတင်းစကားပါးလိုက်ပါတယ်။ သူပြောလိုက်တာကတော့ “ရှေ့ဆက်ပြီးလုပ်စရာတွေရှိပါသေး တယ်” ဆိုတဲ့စကားဖြစ်ပါတယ်။

photo internet

ဒါ့အပြင် ဒီလိုအနိုင်ရရှိတာဟာထိုက်တန်တဲ့အနိုင်ရရှိမှုမျိုးဖြစ်တယ်လို့ အိုဇေးလ်က ပြောပါသေးတယ်။ အိုဇေးလ်က အခုလိုအနိုင်ရတဲ့အပေါ်ပျော်ရွှင်ပေမယ့် ဆက်လက်ပြီးအသင်းအနေနဲ့ရှေ့ဆက်ယှဉ်ပြိုင်ရမယ့် ကိစ္စတွေရှိသေးတယ်ဆိုတာကို သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ “ဒုတိယပိုင်းမှာကျွန်တော်တို့အနေနဲ့ ယုံယုံ ကြည်ကြည် နဲ့ဘာတွေလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ပျော်ရပါတယ်။ ကျွန်တော့်ရဲ့ပရိသတ်တွေလည်းပျော်ရမယ်လို့ထင်ပါတယ်”လို့ အိုဇေးလ်က အင်တာဗျူးမှာဖြေဆိုထားပါတယ်။

photo internet

အိုဇေးလ်က လူမှုကွန်ရက်ပေါ်မှာတော့ “နောက်ဆုံးတော့ကျွန်တော်တို့အနေနဲ့ ပြုံးပျော်ဖို့ အတွက်အကြောင်းပြချက်ရခဲ့ပါပြီ။ အနိုင်ရတဲ့အခါခံစားရတဲ့ခံစားချက်ကိုပြန်လည်ရရှိခဲ့ပါပြီ။ကျွန်တော်တို့ဟာ အဲဒီခံစားချက်ကိုဘယ်လောက်တောင်လွမ်းနေတယ်ဆိုတာပြောမပြတတ်အောင်ပါပဲ။ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီးလုပ်စရာတွေရှိသေးတယ်ဆိုတာသိထားကြပါတယ်”လို့ရေးသားထားပါတယ်။

photo internet

အိုဇေးလ်တို့အသင်းဟာ အဲဒီပွဲမှာဒုတိယပိုင်းကျမှသာ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 10မိနစ်အတွင်း 3ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဝက်ဟမ်းကိုအနိုင်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များစွာမှာ နိုင်ပွဲပျောက်ဆုံးနေတဲ့အနေအထားကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုဇေးလ်ဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် 7 ပွဲကစားပေးထားပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားကာ၊ သွင်းဂိုးတော့မရှိသေးပါဘူး။

photo internet

(Zawgyi Version)

၀က္ဟမ္းကိုႏိုင္ၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြကို သတင္းစကားပါးလိုက္တဲ့ အိုေဇးလ္

မေန႔ညကကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ 16 လက္က်န္ပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ ၀က္ဟမ္းအသင္းကို 3 ဂိုး 1 ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ အဆင့္ 9 ကိုျပန္ရသြားခဲ့ပါၿပီ။ ဒီလုိအႏိုင္ရခဲ့တဲ့အေပၚ အိုေဇးလ္က ပရိသတ္ေတြကို သတင္းစကားပါးလိုက္ပါတယ္။ သူေျပာလိုက္တာကေတာ့ “ေရွ႕ဆက္ၿပီးလုပ္စရာေတြရိွပါေသး တယ္” ဆိုတဲ့စကားျဖစ္ပါတယ္။

ဒါ့အျပင္ ဒီလုိအႏိုင္ရရိွတာဟာထိုက္တန္တဲ့အႏိုင္ရရိွမႈမ်ဳိးျဖစ္တယ္လို႔ အိုေဇးလ္က ေျပာပါေသးတယ္။ အိုေဇးလ္က အခုလိုအႏိုင္ရတဲ့အေပၚေပ်ာ္ရႊင္ေပမယ့္ ဆက္လက္ၿပီးအသင္းအေနနဲ႔ေရွ႕ဆက္ယွဥ္ၿပိဳင္ရမယ့္ ကိစၥေတြရိွေသးတယ္ဆုိတာကို သတိေပးစကားဆိုလိုက္တာျဖစ္ပါတယ္။ “ဒုတိယပိုင္းမွာကၽြန္ေတာ္တို႔အေနနဲ႔ယုံယုံၾကည္ၾကည္နဲ႔ဘာေတြလုပ္ႏိုင္တယ္ဆုိတာကို ျပသခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔အႏိုင္ရလဒ္နဲ႔ထိုက္တန္ပါတယ္။ ကၽြန္ေတာ္တို႔ေပ်ာ္ရပါတယ္။ ကၽြန္ေတာ့္ရဲ႕ပရိသတ္ေတြလည္းေပ်ာ္ရမယ္လို႔ထင္ပါတယ္”လို႔ အိုေဇးလ္က အင္တာဗ်ဴးမွာေျဖဆိုထားပါတယ္။

အိုေဇးလ္က လူမႈကြန္ရက္ေပၚမွာေတာ့ “ေနာက္ဆုံးေတာ့ကၽြန္ေတာ္တို႔အေနနဲ႔ ၿပဳံးေပ်ာ္ဖုိ႔ အတြက္အေၾကာင္းျပခ်က္ရခဲ့ပါၿပီ။ အႏိုင္ရတဲ့အခါခံစားရတဲ့ခံစားခ်က္ကိုျပန္လည္ရရိွခဲ့ပါၿပီ။ကၽြန္ေတာ္တို႔ဟာ အဲဒီခံစားခ်က္ကိုဘယ္ေလာက္ေတာင္လြမ္းေနတယ္ဆိုတာေျပာမျပတတ္ေအာင္ပါပဲ။ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔အေနနဲ႔ေရွ႕ဆက္ၿပီးလုပ္စရာေတြရိွေသးတယ္ဆိုတာသိထားၾကပါတယ္”လို႔ေရးသားထားပါတယ္။

အိုေဇးလ္တို႔အသင္းဟာ အဲဒီပြဲမွာဒုတိယပိုင္းက်မွသာ အႏိုင္ဂိုးေတြသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ 10မိနစ္အတြင္း 3ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ ၀က္ဟမ္းကိုအႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္မ်ားစြာမွာ ႏိုင္ပြဲေပ်ာက္ဆုံးေနတဲ့အေနအထားကို အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အိုေဇးလ္ဟာ အခုရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ 7 ပြဲကစားေပးထားၿပီး ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ထားကာ၊ သြင္းဂိုးေတာ့မရိွေသးပါဘူး။