
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စကိုင်းအီတလီရဲ့ ဖော်ပြချက်အရ အီတလီသားဟာ ပရီးမီးယားလိဂ်နောက်တစ်သင်းကို ထပ်မံကိုင်တွယ်ရန် အတော်လေး နီးစပ်နေပြီဟု သိရပါတယ်။
လက်စတာ စီးတီးအသင်းလို တန်းတက်အသင်းငယ် တစ်သင်းကို အသင်းကြီး ၆သင်းနဲ့ ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့တဲ့ ဝါရင့်နည်းပြကြီး ရာရီနေးရီ ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် ပြန်လည် ရောက်ရှိလာတော့မှာပါ။
ဝက်ဖို့ဒ်အသင်းဟာ မူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ရာရီနေးရီကို တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး ရာရီနေးရီကလည်း အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့်
သူ အောင်မြင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဝက်ဖို့ဒ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံတော့မှာပါ။
ဝက်ဖို့ဒ်အခြေစိုက်သတင်းတွေအရ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာ ရာရီနေးရီ ကို ခေါ်ယူဖို့အပြီးသတ်ခဲ့ပြီ ဖြစ်ပြီး စာချုပ်က လာမယ့်ရာသီအကုန်အထိ ဖြစ်တယ်လို့သိရပါတယ်။
ရာရီနေးရီ ရဲ့ သမိုင်းမှာ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ဗလန်စီယာ၊အင်တာမီလန်၊ရိုးမား၊ ဖူလ်ဟမ် အစရှိတဲ့ အသင်းတွေကို တာဝန်ယူခဲ့ပါတယ်။
လက်ရှိ ဝက်ဖို့ဒ်အသင်းဟာ စနေညက လိဒ်စ်ကို ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၇ မှတ်သာ ရထားကာ အဆင့်၁၅နေရာမှာ ရပ်တည်နေပါတယ်။
အခြေအနေက အဆိုးရွားကြီး မဟုတ်သော်လည်း ဝက်ဖို့ဒ်အသင်းဟာ နည်းပြ ဇစ်ကို ရုတ်တရက် ထုတ်ပယ်ခဲ့ပြီး ၁၀နှစ်အတွင်း ၁၆ ယောက်မြောက် နည်းပြခန့်အပ်ရန် ကြိုးပမ်းလျက် ရှိနေတာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၀က္ဖို႔ဒ္ နည္းျပသစ္ ျဖစ္လာေတာ့မယ့္ ဝါရင့္နည္းျပႀကီးရာရီေနးရီ
စကိုင္းအီတလီရဲ႕ ေဖာ္ျပခ်က္အရ အီတလီသားဟာ ပရီးမီးယားလိဂ္ေနာက္တစ္သင္းကို ထပ္မံကိုင္တြယ္ရန္ အေတာ္ေလး နီးစပ္ေနၿပီဟု သိရပါတယ္။
လက္စတာ စီးတီးအသင္းလို တန္းတက္အသင္းငယ္ တစ္သင္းကို အသင္းႀကီး ၆သင္းနဲ႔ ယွဥ္ၿပိဳင္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ရရွိေအာင္ ဦးေဆာင္ လမ္းျပေပးႏိုင္ခဲ့တဲ့ ဝါရင့္နည္းျပႀကီး ရာရီေနးရီ ဟာ အဂၤလန္ ပရီးမီးယားလိဂ္ဆီ တစ္ေက်ာ့ျပန္ ျပန္လည္ ေရာက္ရွိလာေတာ့မွာပါ။
ဝက္ဖို႔ဒ္အသင္းဟာ မူေနာ့ဇ္ကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ရာရီေနးရီကို တိုက္႐ိုက္ ဆက္သြယ္ခဲ့ၿပီး ရာရီေနးရီကလည္း အျခားအသင္းေတြရဲ႕ ကမ္းလွမ္းမႈေတြကို ရရွိထားေပမယ့္ သူ ေအာင္ျမင္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ဆီသာ ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဝက္ဖို႔ဒ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံေတာ့မွာပါ။
ဝက္ဖို႔ဒ္အေျခစိုက္သတင္းေတြအရ ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းမွာ ရာရီေနးရီ ကို ေခၚယူဖို႔အၿပီးသတ္ခဲ့ၿပီ ျဖစ္ၿပီး စာခ်ဳပ္က လာမယ့္ရာသီအကုန္အထိ ျဖစ္တယ္လို႔သိရပါတယ္။
ရာရီေနးရီ ရဲ႕ သမိုင္းမွာ ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကို၊ဗလန္စီယာ၊အင္တာမီလန္၊႐ိုးမား၊ ဖူလ္ဟမ္ အစရွိတဲ့ အသင္းေတြကို တာဝန္ယူခဲ့ပါတယ္။ လက္ရွိ ဝက္ဖို႔ဒ္အသင္းဟာ စေနညက လိဒ္စ္ကို ရႈံးနိမ့္ခဲ့ၿပီး ရမွတ္ ၇ မွတ္သာ ရထားကာ အဆင့္၁၅ေနရာမွာ ရပ္တည္ေနပါတယ္။
အေျခအေနက အဆိုး႐ြားႀကီး မဟုတ္ေသာ္လည္း ဝက္ဖို႔ဒ္အသင္းဟာ နည္းျပ ဇစ္ကို ႐ုတ္တရက္ ထုတ္ပယ္ခဲ့ၿပီး ၁၀ႏွစ္အတြင္း ၁၆ ေယာက္ေျမာက္ နည္းျပခန႔္အပ္ရန္ ႀကိဳးပမ္းလ်က္ ရွိေနတာပါ။