၀က်စ်ဟမ်းပွဲက ဂိုးဖန်တီးမှုတွေနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ Assist King ဖြစ်လာတဲ့ အာနိုး

photo-gettyimages

photo-gettyimages

၀က်စ်ဟမ်းကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လီဗာပူးရဲ့မနေ့ညပရီးမီးယားလိဂ်နိုင်ပွဲမှာ Man of the Match ဖြစ်ခဲ့တာကတော့ ၂၁ နှစ်သာရှိသေးတဲ့ ညာနောက်ခံလူအာနိုးပါပဲ။ သူဟာ ဝစ်နယ်ဒမ်သွင်းခဲ့တဲ့ လီဗာပူးရဲ့အဖွင့်ဂိုးကို ဖြတ်တင်ဖန်တီးပေးခဲ့သလို တိုက်စစ်မှုးမာနီသွင်းယူခဲ့တဲ့ လီဗာပူးရဲ့နောက်ကျအနိုင်ဂိုးကိုလည်း ဂိုးသမားကိုကျော်ပြီး မတင်ဖန်တီးပေးခဲ့တာပါ။

photo-gettyimages

ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီစကတည်းကဆိုရင် ပရီးမီးယားလိဂ်မှာ အာနိုးရဲ့ဂိုးဖန်တီးနိုင်မှုဟာ ၂၄ ကြိမ်တောင်ရှိသွားခဲ့ပါပြီ။ အဲဒီကာလအတွင်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ပြီး ဘယ်ကစားသမားထက်မဆို ဂိုးဖန်တီးမှု ၆ ကြိမ်ပိုခဲ့ပါတယ်။ သူ့နောက်မှာ အသင်းဖော်ရောဘတ်ဆန်နဲ့ မန်စီးတီးကွင်းလယ်လူဒီဘရူနီတို့က ၁၈ ကြိမ်စီနဲ့ ရှိနေကြတာပါ။

photo-gettyimages

ဝက်စ်ဟမ်းနဲ့ပွဲက ဂိုးဖန်တီးမှု ၂ ကြိမ်ကြောင့် ဒီရာသီပရီးမီးယားလိဂ်မှာ အာနိုးရဲ့ဂိုးဖန်တီးမှုဟာ ၁၂ ကြိမ်ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ၁၂ ကြိမ်ဖြစ်လို့ သူ့ရဲ့အရင်စံချိန်ကိုကျော်နိုင်တော့မှာပါ။ ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ထက်ဂိုးဖန်တီးမှုများတာဆိုလို့ မန်စီးတီးက ဒီဘရူနီသာရှိတော့ပြီး ၁၆ ကြိမ်ဂိုးဖန်တီးပေးထားတာပါ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ နှစ်ရာသီပေါင်းဆိုရင်တော့ အာနိုးဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ Assist King ပါပဲ။ သူဟာ လီဗာပူးဂန္ထဝင်တွေဖြစ်ကြတဲ့ ဆာလာ၊ ဆွာရက်ဇ်နဲ့ အလွန်ဆိုတို့ထက် ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအကြိမ်ရေ ပိုများသွားပြီလည်း ဖြစ်ပါတယ်။

[Zawgyi]

၀က္စ္ဟမ္းပြဲက ဂိုးဖန္တီးမႈေတြနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ Assist King ျဖစ္လာတဲ့ အာႏိုး

၀က္စ္ဟမ္းကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ လီဗာပူးရဲ႕မေန႔ညပရီးမီးယားလိဂ္ႏိုင္ပြဲမွာ Man of the Match ျဖစ္ခဲ့တာကေတာ့ ၂၁ ႏွစ္သာရွိေသးတဲ့ ညာေနာက္ခံလူအာႏိုးပါပဲ။ သူဟာ ၀စ္နယ္ဒမ္သြင္းခဲ့တဲ့ လီဗာပူးရဲ႕အဖြင့္ဂိုးကို ျဖတ္တင္ဖန္တီးေပးခဲ့သလို တိုက္စစ္မႈးမာနီသြင္းယူခဲ့တဲ့ လီဗာပူးရဲ႕ေနာက္က်အႏိုင္ဂိုးကိုလည္း ဂိုးသမားကိုေက်ာ္ၿပီး မတင္ဖန္တီးေပးခဲ့တာပါ။

ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ရာသီစကတည္းကဆုိရင္ ပရီးမီးယားလိဂ္မွာ အာႏိုးရဲ႕ဂိုးဖန္တီးႏိုင္မႈဟာ ၂၄ ႀကိမ္ေတာင္ရွိသြားခဲ့ပါၿပီ။ အဲဒီကာလအတြင္း ပရီးမီးယားလိဂ္မွာ ဂုိးဖန္တီးမႈအမ်ားဆုံးကစားသမားျဖစ္ၿပီး ဘယ္ကစားသမားထက္မဆုိ ဂိုးဖန္တီးမႈ ၆ ႀကိမ္ပိုခ့ဲပါတယ္။ သူ႔ေနာက္မွာ အသင္းေဖာ္ေရာဘတ္ဆန္နဲ႔ မန္စီးတီးကြင္းလယ္လူဒီဘရူနီတို႔က ၁၈ ႀကိမ္စီနဲ႔ ရွိေနၾကတာပါ။

၀က္စ္ဟမ္းနဲ႔ပြဲက ဂိုးဖန္တီးမႈ ၂ ႀကိမ္ေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္မွာ အာႏိုးရဲ႕ဂိုးဖန္တီးမႈဟာ ၁၂ ႀကိမ္ျဖစ္သြားပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း ၁၂ ႀကိမ္ျဖစ္လုိ႔ သူ႔ရဲ႕အရင္စံခ်ိန္ကိုေက်ာ္ႏိုင္ေတာ့မွာပါ။ ဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ထက္ဂိုးဖန္တီးမႈမ်ားတာဆုိလုိ႔ မန္စီးတီးက ဒီဘရူနီသာရွိေတာ့ၿပီး ၁၆ ႀကိမ္ဂိုးဖန္တီးေပးထားတာပါ။ ဒါေပမဲ့ အေပၚမွာ ေျပာခဲ့သလုိပဲ ႏွစ္ရာသီေပါင္းဆုိရင္ေတာ့ အာႏုိးဟာ လက္ရွိပရီးမီးယားလိဂ္ရဲ႕ Assist King ပါပဲ။ သူဟာ လီဗာပူးဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ဆာလာ၊ ဆြာရက္ဇ္နဲ႔ အလြန္ဆုိတုိ႔ထက္ ပရီးမီးယားလိဂ္ဂိုးဖန္တီးမႈအႀကိမ္ေရ ပိုမ်ားသြားၿပီလည္း ျဖစ္ပါတယ္။