၀က်စ်ဟမ်းနဲ့ပွဲမှာ ပထမအဆုံးအကြိမ်ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့ရှိနေတဲ့ ဒီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်ပိုင်းဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုတနင်္ဂနွေနေ့(မြန်မာစံတော်ချိန် တနင်္လာမနက် ၁:၄၅မိနစ်)မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လူငယ်ကြယ်ပွင့်ကစားသမား ဒီယာလိုကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရဖို့ရှိနေပါပြီ။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အတ္တလန်တာအသင်းကနေ ပေါင်(၃၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဒီယာလိုဟာ အခုလောလောဆယ်အသင်းကြီးအတွက် (၃)ပွဲကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တစ်ခါမှ ကစားခွင့်မရသေးသလို၊ သူ ကစားခဲ့တဲ့(၃)ပွဲစလုံးဟာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့တာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့ အေစီမီလန်နဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲတုန်းက ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး ဦးဆောင်ဂိုးသွင်းယူခဲ့သူ ဒီယာလိုဟာ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်၊ ဂျော့ချ်ဘက်စ်တို့ပြီးရင် ယူနိုက်တက်အသင်းအတွက် ဥရောပပြိုင်ပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းခဲ့သူ၊ ယူနိုက်တက်အတွက် ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးအင်္ဂလန်ပြင်ပက ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒီယာလိုဟာ ပြီးခဲ့တဲ့လတုန်းက ဆိုစီဒက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့် ပထမအကျော့ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးပွဲအဖြစ် လူစားဝင်ကစားခွင့်ရခဲ့ပြီး နည်းပြဆိုးလ်ရှား စိတ်ကျေနပ်လောက်အောင် ကစားနိုင်ခဲ့တာကြောင့် အခုနောက်ပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာစီယဲလ်ဟာ အေစီမီလန်နဲ့ပွဲမှာ တင်ပါးဒဏ်ရာရရှိခဲ့ပြီး ကာဗာနီက ကြွက်သားဒဏ်ရာရှိနေသလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ခြေချင်းဝတ်ဒဏ်ရာရနေတာကြောင့် အနားယူနေရတာပါ။ တကယ်လို့ မာစီယဲလ်အနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် အချိန်မီ ကြံ့ခိုင်မှုပြည့်ဝလာဖို့မရှိဘူးဆိုရင်တော့ ဒီယာလိုဟာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲကို ပွဲဦးထွက်ကစားခွင့်ရဖို့ရှိနေပါပြီ။

နည်းပြဆိုးလ်ရှားအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲကို မာစီယဲလ်လွဲချော်ခဲ့ရင် တိုက်စစ်မှာ ဒန်နီယဲလ်ဂျိမ်းစ်၊ ဂရင်းဝုဒ်နဲ့ ဒီယာလိုတို့ကို တွဲဖက်အသုံးပြုသွားမယ့်အနေအထားပါပဲ။ ဂိုးသမားနေရာမှာတော့ ဟန်ဒါဆန်ပဲ ဆက်လက်ပွဲထွက်လာမှာဖြစ်ပြီး နောက်တန်းမှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ အလယ်တန်းမှာ ပုံမှန်အတိုင်း ဖရက်ဒ်၊ တွမ်မီနေး၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အသုံးပြုသွားဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၀က္စ္ဟမ္းနဲ႔ပြဲမွာ ပထမအဆုံးအႀကိမ္ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာဖို႔ရွိေနတဲ့ ဒီယာလို

တိုက္စစ္ပိုင္းဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုတနဂၤေႏြေန႔(ျမန္မာစံေတာ္ခ်ိန္ တနလၤာမနက္ ၁:၄၅မိနစ္)မွာ ဝက္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး လူငယ္ၾကယ္ပြင့္ကစားသမား ဒီယာလိုကေတာ့ ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရဖို႔ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက အတၱလန္တာအသင္းကေန ေပါင္(၃၇)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ဒီယာလိုဟာ အခုေလာေလာဆယ္အသင္းႀကီးအတြက္ (၃)ပြဲကစားခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ တစ္ခါမွ ကစားခြင့္မရေသးသလို၊ သူ ကစားခဲ့တဲ့(၃)ပြဲစလုံးဟာ လူစားဝင္အျဖစ္သာ ကစားခြင့္ရခဲ့တာပါ။ ၿပီးခဲ့တဲ့ၾကာသပေတးေန႔ ေအစီမီလန္နဲ႔ (၁)ဂိုးစီသေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲတုန္းက ဒုတိယပိုင္းမွာ လူစားဝင္ကစားၿပီး ဦးေဆာင္ဂိုးသြင္းယူခဲ့သူ ဒီယာလိုဟာ ဂရင္းဝုဒ္၊ ရပ္ရွ္ဖို႔ဒ္၊ ေဂ်ာ့ခ်္ဘက္စ္တို႔ၿပီးရင္ ယူႏိုက္တက္အသင္းအတြက္ ဥေရာပၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးဂိုးသြင္းခဲ့သူ၊ ယူႏိုက္တက္အတြက္ ဥေရာပၿပိဳင္ပြဲမွာ ဂိုးသြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးအဂၤလန္ျပင္ပက ကစားသမားဆိုတဲ့ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဒီယာလိုဟာ ၿပီးခဲ့တဲ့လတုန္းက ဆိုစီဒက္နဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ရႈံးထြက္(၃၂)သင္းအဆင့္ ပထမအေက်ာ့ပြဲမွာ ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးပြဲအျဖစ္ လူစားဝင္ကစားခြင့္ရခဲ့ၿပီး နည္းျပဆိုးလ္ရွား စိတ္ေက်နပ္ေလာက္ေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ အခုေနာက္ပိုင္းမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခြင့္ရေနတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ မာစီယဲလ္ဟာ ေအစီမီလန္နဲ႔ပြဲမွာ တင္ပါးဒဏ္ရာရရွိခဲ့ၿပီး ကာဗာနီက ႂကြက္သားဒဏ္ရာရွိေနသလို၊ ရပ္ရွ္ဖို႔ဒ္ကလည္း ေျခခ်င္းဝတ္ဒဏ္ရာရေနတာေၾကာင့္ အနားယူေနရတာပါ။ တကယ္လို႔ မာစီယဲလ္အေနနဲ႔ ဝက္စ္ဟမ္းနဲ႔ပြဲမတိုင္ခင္ အခ်ိန္မီ ႀကံ့ခိုင္မႈျပည့္ဝလာဖို႔မရွိဘူးဆိုရင္ေတာ့ ဒီယာလိုဟာ ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ္ပြဲကို ပြဲဦးထြက္ကစားခြင့္ရဖို႔ရွိေနပါၿပီ။

နည္းျပဆိုးလ္ရွားအေနနဲ႔ ဝက္စ္ဟမ္းနဲ႔ပြဲကို မာစီယဲလ္လြဲေခ်ာ္ခဲ့ရင္ တိုက္စစ္မွာ ဒန္နီယဲလ္ဂ်ိမ္းစ္၊ ဂရင္းဝုဒ္နဲ႔ ဒီယာလိုတို႔ကို တြဲဖက္အသုံးျပဳသြားမယ့္အေနအထားပါပဲ။ ဂိုးသမားေနရာမွာေတာ့ ဟန္ဒါဆန္ပဲ ဆက္လက္ပြဲထြက္လာမွာျဖစ္ၿပီး ေနာက္တန္းမွာ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဘစ္ဆာကာ၊ အလယ္တန္းမွာ ပုံမွန္အတိုင္း ဖရက္ဒ္၊ တြမ္မီေနး၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို အသုံးျပဳသြားဖို႔ရွိေနပါတယ္။