၀က်စ်ဟမ်းနဲ့ပွဲမှာ ဒီယာလိုကို မသုံးခဲ့လို့ ဆိုးလ်ရှားကို ပရိသတ်တွေ ဒေါသပေါက်ကွဲ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ လူငယ်ကစားသမား ဒီယာလိုကို ထည့်သွင်းအသုံးမပြုခဲ့တဲ့ နည်းပြဆိုးလ်ရှားကို ဒေါသပေါက်ကွဲနေပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားမှုတွေလုပ်နေကြပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဒီယာလိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အတ္တလန်တာအသင်းက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အခုလောလောဆယ်တော့ လူငယ်အသင်းမှာသာ ကစားခွင့်ရရှိနေပါတယ်။ ဒီယာလိုဟာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကစားခွင့်တော့ မရခဲ့ပါဘူး။

FA ဖလားပြိုင်ပွဲရဲ့ စည်းမျဉ်းသစ်အရ အသင်းတစ်သင်းဟာ သာမန်ပွဲကစားချိန်အတွင်းမှာ လူစားလဲခွင့်(၅)ဦးအထိပြုလုပ်ခွင့်ရှိပြီး တကယ်လို့အချိန်ပိုရောက်သွားရင် နောက်ထပ်တစ်ဦး လူစားလဲခွင့်ရှိပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေး၊ ကာဗာနီ၊ ဘရန်ဒန်ဝီလီယံစ်၊ လုခ်ရှောစတဲ့ ကစားသမား(၅)ဦးကို လူစားထိုးအသုံးပြုခဲ့ပေမယ့် ဒီယာလိုကို မသုံးခဲ့တာကြောင့် ဒီယာလိုရဲ့ခြေစွမ်းကို မြင်ချင်တဲ့ ယူနိုက်တက်ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြတာပါ။

အဲဒီအတွက် ယူနိုက်တက်ပရိသတ်တစ်ဦးက “ဒီလိုပွဲမျိုးမှာ ဆိုးလ်ရှားက ဒီယာလိုကို ပွဲဦးထွက်ခွင့် မပေးခဲ့တာကတော့ ရာဇဝတ်မှုကျူးလွန်သလိုပဲ”လို့ Twitter မှာရေးသားခဲ့ပြီး တခြားပရိသတ်တွေကလည်း “မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ် ဒီယာလို ဝင်ကစားခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီပွဲကို ကြည့်ခဲ့တာလေကွာ”၊

“ဒီယာလိုကို မိနစ်နည်းနည်းလောက်တောင် ပေးမကစားတာက တကယ့်ကို ရယ်စရာပါပဲ”၊ “ဖာဂီသာဆိုရင် ကိုယ့်အသင်း ဂိုးရဖို့လိုနေချိန်မှာ ဒီယာလိုကို သေချာပေါက်ထည့်ကစားမှာပဲ”စသဖြင့် ဝေဖန်ရေးသားခဲ့ကြပါတယ်။

ဒီယာလိုဟာ ယူနိုက်တက် ယူ-၂၃အသင်းမှာ ခြေစွမ်းပြကစားနေပြီး ပြီးခဲ့တဲ့လက လီဗာပူးလ် ယူ-၂၃အသင်းကို (၆-၃)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်ပွဲဦးထွက်ကစားခွင့်ရခဲ့သလို (၂)ဂိုးသွင်းယူခဲ့ပါတယ်။

ဒ့ါအပြင် ဘလက်ဘန်း ယူ-၂၃အသင်းကို (၆-၄)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ ဒီယာလိုအနေနဲ့ အခုခြေစွမ်းကို ဆက်ထိန်းထားနိုင်ခဲ့ရင် မကြာခင်မှာ ယူနိုက်တက်အသင်းကြီးအတွက် ပွဲထွက်ခွင့်တစ်နေရာရဖို့ သိပ်မဝေးတော့ဘူးလို့ပဲ ပြောရမှာပါ။

Zawgyi

၀က္စ္ဟမ္းနဲ႔ပြဲမွာ ဒီယာလိုကို မသုံးခဲ့လို႔ ဆိုးလ္ရွားကို ပရိသတ္ေတြ ေဒါသေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြဟာ ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ FA ဖလား ပၪၥမအဆင့္ပြဲစဥ္မွာ လူငယ္ကစားသမား ဒီယာလိုကို ထည့္သြင္းအသုံးမျပဳခဲ့တဲ့ နည္းျပဆိုးလ္ရွားကို ေဒါသေပါက္ကြဲေနၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေဝဖန္ေရးသားမႈေတြလုပ္ေနၾကပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဒီယာလိုဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕တုန္းက အတၱလန္တာအသင္းက ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အခုေလာေလာဆယ္ေတာ့ လူငယ္အသင္းမွာသာ ကစားခြင့္ရရွိေနပါတယ္။ ဒီယာလိုဟာ ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္အတြက္ အသင္းလူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ ကစားခြင့္ေတာ့ မရခဲ့ပါဘူး။

FA ဖလားၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းသစ္အရ အသင္းတစ္သင္းဟာ သာမန္ပြဲကစားခ်ိန္အတြင္းမွာ လူစားလဲခြင့္(၅)ဦးအထိျပဳလုပ္ခြင့္ရွိၿပီး တကယ္လို႔အခ်ိန္ပိုေရာက္သြားရင္ ေနာက္ထပ္တစ္ဦး လူစားလဲခြင့္ရွိပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဆိုးလ္ရွားက ဘ႐ူႏိုဖာနန္ဒက္စ္၊ တြမ္မီေနး၊ ကာဗာနီ၊ ဘရန္ဒန္ဝီလီယံစ္၊ လုခ္ေရွာစတဲ့ ကစားသမား(၅)ဦးကို လူစားထိုးအသုံးျပဳခဲ့ေပမယ့္ ဒီယာလိုကို မသုံးခဲ့တာေၾကာင့္ ဒီယာလိုရဲ႕ေျခစြမ္းကို ျမင္ခ်င္တဲ့ ယူႏိုက္တက္ပရိသတ္ေတြ မေက်မနပ္ျဖစ္ေနၾကတာပါ။ အဲဒီအတြက္ ယူႏိုက္တက္ပရိသတ္တစ္ဦးက “ဒီလိုပြဲမ်ိဳးမွာ ဆိုးလ္ရွားက ဒီယာလိုကို ပြဲဦးထြက္ခြင့္ မေပးခဲ့တာကေတာ့ ရာဇဝတ္မႈက်ဴးလြန္သလိုပဲ”လို႔ Twitter မွာေရးသားခဲ့ၿပီး တျခားပရိသတ္ေတြကလည္း “မိနစ္ပိုင္းေလာက္ပဲျဖစ္ျဖစ္ ဒီယာလို ဝင္ကစားခြင့္ရမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဒီပြဲကို ၾကည့္ခဲ့တာေလကြာ”၊”ဒီယာလိုကို မိနစ္နည္းနည္းေလာက္ေတာင္ ေပးမကစားတာက တကယ့္ကို ရယ္စရာပါပဲ”၊ “ဖာဂီသာဆိုရင္ ကိုယ့္အသင္း ဂိုးရဖို႔လိုေနခ်ိန္မွာ ဒီယာလိုကို ေသခ်ာေပါက္ထည့္ကစားမွာပဲ”စသျဖင့္ ေဝဖန္ေရးသားခဲ့ၾကပါတယ္။

ဒီယာလိုဟာ ယူႏိုက္တက္ ယူ-၂၃အသင္းမွာ ေျခစြမ္းျပကစားေနၿပီး ၿပီးခဲ့တဲ့လက လီဗာပူးလ္ ယူ-၂၃အသင္းကို (၆-၃)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ပြဲဦးထြက္ကစားခြင့္ရခဲ့သလို (၂)ဂိုးသြင္းယူခဲ့ပါတယ္။ ဒ့ါအျပင္ ဘလက္ဘန္း ယူ-၂၃အသင္းကို (၆-၄)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ေပးခဲ့ပါတယ္။ ဒီယာလိုအေနနဲ႔ အခုေျခစြမ္းကို ဆက္ထိန္းထားႏိုင္ခဲ့ရင္ မၾကာခင္မွာ ယူႏိုက္တက္အသင္းႀကီးအတြက္ ပြဲထြက္ခြင့္တစ္ေနရာရဖို႔ သိပ္မေဝးေတာ့ဘူးလို႔ပဲ ေျပာရမွာပါ။