ကာဗာနီရဲ့ဒဏ်ရာအရမ်းကြီးမဆိုးဖို့ မျှော်လင့်ပါတယ်…ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှုးကာဗာနီကို လူစားလဲခဲ့ရတာဟာ ကစားသမားက ကြွက်သားဒဏ်ရာရသွားခဲ့လို့ဖြစ်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် ဆောက်သမ်တန်နဲ့ပွဲတုန်းက လူစားဝင်လာပြီး ၂ ဂိုးသွင်းခဲ့တဲ့ ကာဗာနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပရီးမီးယားလိဂ်ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ်ပါဝင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ကာဗာနီဟာ အခုတစ်ပတ်မှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းပြန်မစခင်မှာပဲ ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခံလိုက်ရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဆိုးလ်ရှား”ကြွက်သားဒဏ်ရာပြသနာတွေရှိခဲ့တာက ကံဆိုးတာပါပဲ။ အဲဒါကြောင့်ပဲ ကာဗာနီကို လူစားလဲလိုက်ရတာပါ။ သူ့ဒဏ်ရာက အရမ်းကြီးမဆိုးဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ နောက်ထပ်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ မာရှယ်ဟာလည်း ကာဗာနီလိုပဲ ကြွက်သားဒဏ်ရာရရှိသွားခဲ့ပါတယ်။

မာရှယ်ဟာ ဒုတိယပိုင်းရောက်တဲ့အချိန်ထိ ကစားနိုင်ခဲ့ပေမယ့် ၆၂ မိနစ်အရောက်မှာ မာတာနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ကွင်းလယ်လူဖာနန်ဒက်စ်ဟာလည်း ဆိုးလ်ရှားက အနားပေးလို့ ပွဲထွက်စာရင်းထဲမပါခဲ့ဲဘဲ ဒုတိယပိုင်းရောက်မှသာ ဗန်ဒီဘိခ်အစား လူစားဝင်ကစားခဲ့တာပါ။

ဖြစ်ချင်တော့ ဆိုးလ်ရှားရဲ့လူစားဝင် ၃ ယောက်စလုံးဟာ ပွဲအပေါ်သက်ရောက်မှုရှိခဲ့ပြီး ဖာနန်ဒက်စ်က ပေါ့ဂ်ဘာသွင်းတဲ့ မန်ယူရဲ့ချေပဂိုးကိုဖန်တီးပေးခဲ့ပြီး မာတာကလည်း ရက်ရှ်ဖို့ဒ်သွင်းတဲ့ တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီရဲ႕ ႔ဒဏ္ရာအရမ္းႀကီးမဆိုးဖို႔ ေမွ်ာ္လင့္ပါတယ္…ဆိုးလ္ရွား

ဝက္စ္ဟမ္းကိုအႏိုင္ရခဲ့တဲ့ပြဲမွာ တိုက္စစ္မႈးကာဗာနီကို လူစားလဲခဲ့ရတာဟာ ကစားသမားက ႂကြက္သားဒဏ္ရာရသြားခဲ့လို႔ျဖစ္ေၾကာင္း မန္ယူနည္းျပဆိုးလ္ရွားက ဖြင့္ဟလိုက္ပါတယ္။ ၿပီးခဲ့တဲ့အပတ္ ေဆာက္သမ္တန္နဲ႔ပြဲတုန္းက လူစားဝင္လာၿပီး ၂ ဂိုးသြင္းခဲ့တဲ့ ကာဗာနီဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ ပရီးမီးယားလိဂ္ပြဲထြက္စာရင္းထဲ ပထမဆုံးအႀကိမ္ပါဝင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ကာဗာနီဟာ အခုတစ္ပတ္မွာေတာ့ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဒုတိယပိုင္းျပန္မစခင္မွာပဲ ရက္ရွ္ဖို႔ဒ္နဲ႔ လူစားလဲခံလိုက္ရပါတယ္။ အဲဒါနဲ႔ပတ္သက္လို႔ ဆိုးလ္ရွား”ႂကြက္သားဒဏ္ရာျပသနာေတြရွိခဲ့တာက ကံဆိုးတာပါပဲ။ အဲဒါေၾကာင့္ပဲ ကာဗာနီကို လူစားလဲလိုက္ရတာပါ။ သူ႔ဒဏ္ရာက အရမ္းႀကီးမဆိုးဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဒီပြဲမွာ ေနာက္ထပ္တိုက္စစ္မႈးတစ္ေယာက္ျဖစ္တဲ့ မာရွယ္ဟာလည္း ကာဗာနီလိုပဲ ႂကြက္သားဒဏ္ရာရရွိသြားခဲ့ပါတယ္။ မာရွယ္ဟာ ဒုတိယပိုင္းေရာက္တဲ့အခ်ိန္ထိ ကစားႏိုင္ခဲ့ေပမယ့္ ၆၂ မိနစ္အေရာက္မွာ မာတာနဲ႔ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီပြဲမွာ ကြင္းလယ္လူဖာနန္ဒက္စ္ဟာလည္း ဆိုးလ္ရွားက အနားေပးလို႔ ပြဲထြက္စာရင္းထဲမပါခဲ့ဲဘဲ ဒုတိယပိုင္းေရာက္မွသာ ဗန္ဒီဘိခ္အစား လူစားဝင္ကစားခဲ့တာပါ။ ျဖစ္ခ်င္ေတာ့ ဆိုးလ္ရွားရဲ႕လူစားဝင္ ၃ ေယာက္စလုံးဟာ ပြဲအေပၚသက္ေရာက္မႈရွိခဲ့ၿပီး ဖာနန္ဒက္စ္က ေပါ့ဂ္ဘာသြင္းတဲ့ မန္ယူရဲ႕ေခ်ပဂိုးကိုဖန္တီးေပးခဲ့ၿပီး မာတာကလည္း ရက္ရွ္ဖို႔ဒ္သြင္းတဲ့ တတိယဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။