၀က်စ်ဘရွန်းနဲ့ပွဲမှာ ပွဲမစခင် ဒူးမထောက်ဘဲ မတ်တတ်ရပ်နေခဲ့တဲ့ ဇာဟာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲမစခင် နှစ်ဖက်ကစားသမား၊ နည်းပြတွေနဲ့ ဒိုင်လူကြီးတွေဟာ ထုံးစံအတိုင်း ဒူးထောက်ပြီး လူမျိုးရေးခွဲခြားတာတွေကို ဆန့်ကျင်တဲ့အထိမ်းအမှတ်ပြုလုပ်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း တောင်ပံကစားသမားဇာဟာကတော့ ဒူးမထောက်ဘဲ မတ်တပ်ရပ်နေခဲ့ပါတယ်။

ဇာဟာက လူမျိုးရေးခွဲခြားမှုနဲ့ အသားအရောင်ခွဲခြားတာကို ဆန့်ကျင်တဲ့အနေနဲ့ ပွဲမစခင် ဒူးထောက်တဲ့အပြုအမူက သူ့လိုမျိုး လူမည်းကစားသမားတစ်ဦးအတွက် သိမ်ငယ်စရာကောင်းတဲ့အပြုအမူလို့ ယူဆပြီး သူဟာ အဲဒီလိုမျိုး ပြုမူမှာမဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့လကတည်းက လူသိရှင်ကြားဖွင့်ဟပြောဆိုခဲ့သူပါ။

ဒါပေမဲ့ ဇာဟာဟာ ဖေဖော်ဝါရီလမှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး အခု ပဲလေ့စ်အသင်းအတွက် ပြန်လည်ကစားနိုင်ချိန်မှာတော့ သူပြောခဲ့တဲ့စကားအတိုင်းပဲ ဒူးမထောက်ဘဲ မတ်တတ်ရပ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဇာဟာက”ပွဲမစခင် မတ်တတ်ရပ်တဲ့အပြုအမူအပေါ် ကျွန်တော့်ရဲ့သဘောထားကို အရင်ရက်တွေကတည်းက လူသိရှင်ကြားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က မှားတယ်လို့ သတ်မှတ်လို့ မရသလို မှန်တယ်လို့ပြောလို့လည်း မရပါဘူး။

ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ အခုလို ဒူးထောက်တာက ပွဲမစခင်လုပ်နေကျထုံးစံအတိုင်း ပြုမူတာပဲဖြစ်ပြီး ကျွန်တော်တို့လို လူမည်းကစားသမားတချို့ဟာ လူမျိုးရေးခွဲခြားတာတွေကို ခံနေရတဲ့အတွက် ဒူးထောက်သည်ဖြစ်စေ၊ မတ်တတ်ရပ်နေသည်ဖြစ်စေ ဘာမှမထူးပါဘူး။

လူမျိုးရေးခွဲခြားတာတွေ ပပျောက်ဖို့အတွက် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေရော တခြား အာဏာပိုင်အဖွဲ့အစည်းတွေက အကောင်းဆုံးကြိုးစားခဲ့ကြတဲ့အတွက် ကျွန်တော် သူတို့ကို လေးစားပါတယ်။ နောက်ပြီးတော့ ပွဲမစခင်အချိန်တိုင်း အမြဲဒူးထောက်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြတဲ့ ကျွန်တော့်အသင်းဖော်တွေ၊ တခြားအသင်းက ကစားသမားတွေကိုလည်း ကျွန်တော် လေးစားပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ကျွန်တော့်အမြင်ပြောရရင်တော့ ကျောင်းတွေမှာ လူမျိုးရေးခွဲခြားတာတွေကို ဆန့်ကျင်တာနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ လုပ်သင့်သလို၊ ဘောလုံးသမားတွေသာမဟုတ်ဘဲ တခြားသောလူမည်းတွေကို အွန်လိုင်းပေါ်မှာ လူမျိုးရေးခွဲခြားတာတွေရေးသားတဲ့သူတွေကိုလည်း ဆိုရှယ်မီဒီယာကုမ္ပဏီတွေက အခုထက် ပိုပြီးအရေးယူသင့်တယ်လို့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပွဲမစခင် ဆက်ပြီးမတ်တတ်ရပ်နေဦးမှာပါ”လို့ သူ့သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀၊ မေလတုန်းက လူမည်းတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဖလွိုက်ဒ်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အနိုင်ကျင့်စော်ကားမှုကြောင့် သေဆုံးခဲ့ရပြီးနောက်ပိုင်း အင်္ဂလန်မှာ “Black Lives Matter” လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး ပရီးမီးယားလိဂ်ပွဲတွေမှာ ပြီးခဲ့တဲ့နှစ်က၊ ပြိုင်ပွဲပြန်လည်စတင်ကျင်းပချိန်ကစလို့ ပွဲမစခင် ဒူးထောက်တဲ့အပြုအမူကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ် နာမည်ကျော်ကစားသမားတချို့အပါအဝင် လူမည်းကစားသမားတွေဟာ အွန်လိုင်းပေါ်မှာ လူမျိုးရေးခွဲခြားခံနေရဆဲဖြစ်တာကြောင့် ဇာဟာက ပွဲမစခင် ဒူးထောက်တဲ့အပြုအမူကို မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၀က္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပြဲမစခင္ ဒူးမေထာက္ဘဲ မတ္တတ္ရပ္ေနခဲ့တဲ့ ဇာဟာ

မေန႔က ခရစၥတယ္ပဲေလ့စ္နဲ႔ ဝက္စ္ဘ႐ြန္းအသင္းတို႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ပြဲမစခင္ ႏွစ္ဖက္ကစားသမား၊ နည္းျပေတြနဲ႔ ဒိုင္လူႀကီးေတြဟာ ထုံးစံအတိုင္း ဒူးေထာက္ၿပီး လူမ်ိဳးေရးခြဲျခားတာေတြကို ဆန႔္က်င္တဲ့အထိမ္းအမွတ္ျပဳလုပ္ခဲ့ေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္း ေတာင္ပံကစားသမားဇာဟာကေတာ့ ဒူးမေထာက္ဘဲ မတ္တပ္ရပ္ေနခဲ့ပါတယ္။ ဇာဟာက လူမ်ိဳးေရးခြဲျခားမႈနဲ႔ အသားအေရာင္ခြဲျခားတာကို ဆန႔္က်င္တဲ့အေနနဲ႔ ပြဲမစခင္ ဒူးေထာက္တဲ့အျပဳအမူက သူ႔လိုမ်ိဳး လူမည္းကစားသမားတစ္ဦးအတြက္ သိမ္ငယ္စရာေကာင္းတဲ့အျပဳအမူလို႔ ယူဆၿပီး သူဟာ အဲဒီလိုမ်ိဳး ျပဳမူမွာမဟုတ္ဘူးဆိုတာကို ၿပီးခဲ့တဲ့လကတည္းက လူသိရွင္ၾကားဖြင့္ဟေျပာဆိုခဲ့သူပါ။ ဒါေပမဲ့ ဇာဟာဟာ ေဖေဖာ္ဝါရီလမွာ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး အခု ပဲေလ့စ္အသင္းအတြက္ ျပန္လည္ကစားႏိုင္ခ်ိန္မွာေတာ့ သူေျပာခဲ့တဲ့စကားအတိုင္းပဲ ဒူးမေထာက္ဘဲ မတ္တတ္ရပ္ေနခဲ့တာျဖစ္ပါတယ္။

အဲဒီလိုဆုံးျဖတ္ခဲ့တာနဲ႔ပတ္သက္ၿပီး ဇာဟာက”ပြဲမစခင္ မတ္တတ္ရပ္တဲ့အျပဳအမူအေပၚ ကြၽန္ေတာ့္ရဲ႕သေဘာထားကို အရင္ရက္ေတြကတည္းက လူသိရွင္ၾကားေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။ ဒီဆုံးျဖတ္ခ်က္က မွားတယ္လို႔ သတ္မွတ္လို႔ မရသလို မွန္တယ္လို႔ေျပာလို႔လည္း မရပါဘူး။ ကြၽန္ေတာ့္တစ္ဦးတည္းအျမင္ကေတာ့ အခုလို ဒူးေထာက္တာက ပြဲမစခင္လုပ္ေနက်ထုံးစံအတိုင္း ျပဳမူတာပဲျဖစ္ၿပီး ကြၽန္ေတာ္တို႔လို လူမည္းကစားသမားတခ်ိဳ႕ဟာ လူမ်ိဳးေရးခြဲျခားတာေတြကို ခံေနရတဲ့အတြက္ ဒူးေထာက္သည္ျဖစ္ေစ၊ မတ္တတ္ရပ္ေနသည္ျဖစ္ေစ ဘာမွမထူးပါဘူး။ လူမ်ိဳးေရးခြဲျခားတာေတြ ပေပ်ာက္ဖို႔အတြက္ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြေရာ တျခား အာဏာပိုင္အဖြဲ႕အစည္းေတြက အေကာင္းဆုံးႀကိဳးစားခဲ့ၾကတဲ့အတြက္ ကြၽန္ေတာ္ သူတို႔ကို ေလးစားပါတယ္။ ေနာက္ၿပီးေတာ့ ပြဲမစခင္အခ်ိန္တိုင္း အၿမဲဒူးေထာက္ၿပီး လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္ၾကတဲ့ ကြၽန္ေတာ့္အသင္းေဖာ္ေတြ၊ တျခားအသင္းက ကစားသမားေတြကိုလည္း ကြၽန္ေတာ္ ေလးစားပါတယ္။ လူ႔အဖြဲ႕အစည္းတစ္ခုလုံးအတြက္ ကြၽန္ေတာ့္အျမင္ေျပာရရင္ေတာ့ ေက်ာင္းေတြမွာ လူမ်ိဳးေရးခြဲျခားတာေတြကို ဆန႔္က်င္တာနဲ႔ပတ္သက္ၿပီး အသိပညာေပးတာေတြ လုပ္သင့္သလို၊ ေဘာလုံးသမားေတြသာမဟုတ္ဘဲ တျခားေသာလူမည္းေတြကို အြန္လိုင္းေပၚမွာ လူမ်ိဳးေရးခြဲျခားတာေတြေရးသားတဲ့သူေတြကိုလည္း ဆိုရွယ္မီဒီယာကုမၸဏီေတြက အခုထက္ ပိုၿပီးအေရးယူသင့္တယ္လို႔ ထင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ ပြဲမစခင္ ဆက္ၿပီးမတ္တတ္ရပ္ေနဦးမွာပါ”လို႔ သူ႔သေဘာထားကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၂၀၂၀၊ ေမလတုန္းက လူမည္းတစ္ဦးျဖစ္တဲ့ ေဂ်ာ့ခ်္ဖလြိဳက္ဒ္ဟာ ရဲတပ္ဖြဲ႕ဝင္တစ္ဦးရဲ႕ အႏိုင္က်င့္ေစာ္ကားမႈေၾကာင့္ ေသဆုံးခဲ့ရၿပီးေနာက္ပိုင္း အဂၤလန္မွာ “Black Lives Matter” လႈပ္ရွားမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ေနၿပီး ပရီးမီးယားလိဂ္ပြဲေတြမွာ ၿပီးခဲ့တဲ့ႏွစ္က၊ ၿပိဳင္ပြဲျပန္လည္စတင္က်င္းပခ်ိန္ကစလို႔ ပြဲမစခင္ ဒူးေထာက္တဲ့အျပဳအမူကို ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ကစားသမားတခ်ိဳ႕အပါအဝင္ လူမည္းကစားသမားေတြဟာ အြန္လိုင္းေပၚမွာ လူမ်ိဳးေရးခြဲျခားခံေနရဆဲျဖစ္တာေၾကာင့္ ဇာဟာက ပြဲမစခင္ ဒူးေထာက္တဲ့အျပဳအမူကို မလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။