၀က်စ်ဘရွန်းနဲ့ပွဲကို ပေါ့ဘာ လွဲချော်မှာဖြစ်ပြီး ဘာယီ ပါဝင်ကစားဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုတနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲကို ကွင်းလယ်လူ ပေ့ါဘာ လွဲချော်မှာဖြစ်ပေမယ့် နောက်ခံလူ ဘာယီကတော့ ပြန်လည်ပါဝင်လာဖို့ရှိပါတယ်။ ဘာယီဟာ ဦးခေါင်းဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းပွဲစဉ်တချို့ကို လွဲချော်ခဲ့ပြီး အခုအချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။

အဲဗာတန်နဲ့ (၃)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ပေါင်ဒဏ်ရာရရှိခဲ့တဲ့ ပေ့ါဘာကတော့ ရက်အနည်းငယ်ကြာအနားယူရမှာဖြစ်ပြီး ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ FA ဖလားပွဲကို လွဲချော်ခဲ့သလို အခုတစ်ပတ်ကစားမယ့် ဝက်စ်ဘရွန်းနဲ့ကိုပါ ထပ်မံလွဲချော်ဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ထူးထူးခြားခြားအဖြစ် လူငယ်အသင်းကစားသမား ရှိုရီတိုင်ယာ(၁၇နှစ်)ကို အသင်းကြီးအတွက် ခေါ်ယူထားပြီး နောက်ထပ်လူငယ်တစ်ဦးဖြစ်တဲ့ မက်ဂျ်ဘရီ(၁၈နှစ်)ဟာလည်း အသင်းကြီးနဲ့ ပူးပေါင်းသွားဖို့ရှိနေပါတယ်။

ဆိုးလ်ရှားက “ပေ့ါဘာဟာ ဒဏ်ရာကြောင့် ဆက်လက်အနားယူရမှာဖြစ်ပြီး ဘာယီကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်လို့ ကျွန်တော်တို့အတွက် ကျေနပ်စရာပါပဲ။ အခုလောလောဆယ်တော့ လူငယ်အသင်းက ရှိုရီတိုင်ယာကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ခေါ်ယူထားပြီး မက်ဂျ်ဘရီကိုလည်း ထပ်မံခေါ်ယူသွားမှာပါ။

အသင်းကြီးက ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရတာက သူတို့ရဲ့ ကစားသမားဘ၀ တိုးတက်ဖို့အတွက် ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။ လူငယ်အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းအရ သူတို့တွေဟာ အသင်းကြီးနဲ့ပူးပေါင်းဖို့ ထိုက်တန်တယ်လို့ပြောရမှာပါ”လို့ ဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာကြောင့် ကာလအတော်ကြာအနားယူနေရတဲ့ ဖီးလ်ဂျုံးစ်ကလည်း ဘောလုံးပြန်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ယူနိုက်တက်အသင်းအတွက် သတင်းကောင်းလို့သတ်မှတ်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုတနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည(၈:၃၀)အချိန်မှာ ဝက်စ်ဘရွန်းနဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လာမယ့်တစ်ပတ်ကြာသပတေးနေ့မှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆိုစီဒက်နဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ နယူးကာဆယ်၊ ဆိုစီဒက်တို့အပြင် ပရီးမီးယားလိဂ် အဝေးကွင်းပွဲကျပ်တွေအဖြစ် ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

Zawgyi

၀က္စ္ဘ႐ြန္းနဲ႔ပြဲကို ေပါ့ဘာ လြဲေခ်ာ္မွာျဖစ္ၿပီး ဘာယီ ပါဝင္ကစားဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုတနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝက္စ္ဘ႐ြန္းနဲ႔ အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲကို ကြင္းလယ္လူ ေပ့ါဘာ လြဲေခ်ာ္မွာျဖစ္ေပမယ့္ ေနာက္ခံလူ ဘာယီကေတာ့ ျပန္လည္ပါဝင္လာဖို႔ရွိပါတယ္။ ဘာယီဟာ ဦးေခါင္းဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ယူႏိုက္တက္အသင္းပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းေနပါၿပီ။ အဲဗာတန္နဲ႔ (၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက ေပါင္ဒဏ္ရာရရွိခဲ့တဲ့ ေပ့ါဘာကေတာ့ ရက္အနည္းငယ္ၾကာအနားယူရမွာျဖစ္ၿပီး ဝက္စ္ဟမ္းကိုအႏိုင္ရခဲ့တဲ့ FA ဖလားပြဲကို လြဲေခ်ာ္ခဲ့သလို အခုတစ္ပတ္ကစားမယ့္ ဝက္စ္ဘ႐ြန္းနဲ႔ကိုပါ ထပ္မံလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ထူးထူးျခားျခားအျဖစ္ လူငယ္အသင္းကစားသမား ရႈိရီတိုင္ယာ(၁၇ႏွစ္)ကို အသင္းႀကီးအတြက္ ေခၚယူထားၿပီး ေနာက္ထပ္လူငယ္တစ္ဦးျဖစ္တဲ့ မက္ဂ်္ဘရီ(၁၈ႏွစ္)ဟာလည္း အသင္းႀကီးနဲ႔ ပူးေပါင္းသြားဖို႔ရွိေနပါတယ္။

ဆိုးလ္ရွားက “ေပ့ါဘာဟာ ဒဏ္ရာေၾကာင့္ ဆက္လက္အနားယူရမွာျဖစ္ၿပီး ဘာယီကေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္လို႔ ကြၽန္ေတာ္တို႔အတြက္ ေက်နပ္စရာပါပဲ။ အခုေလာေလာဆယ္ေတာ့ လူငယ္အသင္းက ရႈိရီတိုင္ယာကို အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခန္းဆင္းဖို႔ ေခၚယူထားၿပီး မက္ဂ်္ဘရီကိုလည္း ထပ္မံေခၚယူသြားမွာပါ။ အသင္းႀကီးက ကစားသမားေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းရတာက သူတို႔ရဲ႕ ကစားသမားဘ၀ တိုးတက္ဖို႔အတြက္ ေျခလွမ္းတစ္ရပ္လည္းျဖစ္ပါတယ္။ လူငယ္အသင္းမွာ ျပသခဲ့တဲ့ေျခစြမ္းအရ သူတို႔ေတြဟာ အသင္းႀကီးနဲ႔ပူးေပါင္းဖို႔ ထိုက္တန္တယ္လို႔ေျပာရမွာပါ”လို႔ ဆိုခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာေၾကာင့္ ကာလအေတာ္ၾကာအနားယူေနရတဲ့ ဖီးလ္ဂ်ဳံးစ္ကလည္း ေဘာလုံးျပန္ကစားႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ သတင္းေကာင္းလို႔သတ္မွတ္ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုတနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည(၈:၃၀)အခ်ိန္မွာ ဝက္စ္ဘ႐ြန္းနဲ႔ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး လာမယ့္တစ္ပတ္ၾကာသပေတးေန႔မွာေတာ့ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ဆိုစီဒက္နဲ႔ အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အဲဒီေနာက္မွာ နယူးကာဆယ္၊ ဆိုစီဒက္တို႔အျပင္ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲက်ပ္ေတြအျဖစ္ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔နဲ႔ ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။