ျမင့္မားတဲ့ တစ္ပတ္လုပ္ခလစာေပါင္ ၁၉၀၀၀၀ က ဆန္ခ်ဳိကို တန္ေၾကးအျမင့္ဆံုးလူငယ္ကစားသမားစာရင္းမွာထိပ္ဆံုးကဦးေဆာင္ေစခဲ့

Photo Credit

Photo Credit ; EPA

စေပါ့ေမးလ္သတင္းစာရဲ႕အဆိုအရ ေဒါ့မြန္ၾကယ္ပြင့္ ေဂ်ာ္ဒန္ဆန္ခ်ုိဳကို အသင္းတာဝန္ရွိသူေတြက ျမင့္မားတဲ့လုပ္ခလစာ တစ္ပတ္လုပ္ခေပါင္ ၁၉၀၀၀၀နဲ႔ စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလုိက္ၿပီးေနာက္ တျခားဆယ္ေက်ာ္သက္ကစားသမားေတြရဲ႕လုပ္ခလစာေတြကိုလည္း ေရးသားေဖာ္ျပသြားပါတယ္။ ဆန္ခ်ိဳလိုပဲတျခားေသာဘယ္လူငယ္ကစားသမား ၁၀ ဦးက လစာအမ်ားဆံုးကစားသမားေတြ ျဖစ္မလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit ; Getty Images

အသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္သားဟာ ေဒါ့မြန္အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး သူ႔ရဲ႕လစာက တစ္ႏွစ္ေပါင္ ၁၀ သန္းဝန္းက်င္ ရရွိမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က CIES ေဘာလံုးစစ္တမ္းေကာက္ယူသူေတြရဲ႕ထုတ္ျပန္မႈမွာလည္း ဆန္ခ်ဳိက ေပါင္ ၁၄၅ သန္းနဲ႔ ကမၻာ့တန္ဖုိးအႀကီးဆုံးကစားသမားစာရင္းမွာ အဆင့္ ၅ ေနရာရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Reuters

ဆန္ခ်ဳိရဲ႕ယခင္စာခ်ဳပ္က ၂၀၂၂ ခုႏွစ္အထိသက္တမ္းက်န္႐ွိေနေသးတာ ျဖစ္ၿပီး တစ္ပတ္လုပ္ခလစာေပါင္ ၇၅၀၀၀ ခန္႔သာရရွိတာ ျဖစ္ပါတယ္။ ဆန္ခ်ဳိရဲ႕စာခ်ဳပ္သစ္မွာေတာ့ တစ္ပတ္လုပ္ခေပါင္ ၁၉၀၀၀၀ ရရွိမွာ ျဖစ္ၿပီး လစာအမ်ားဆံုးရရွိတဲ့ လူငယ္ကစားသမားစာရင္းမွာအဂၤလန္သားကနံပါတ္ ၁ ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ရီးရဲလ္မက္ဒရစ္ လူငယ္ကစားသမားဗင္နီဆီးယပ္စ္ဂ်ဴနီယာကလည္း တစ္ပတ္လုပ္ခေပါင္ ၁၉၀၀၀၀ ရရွိေနၿပီး နံပါတ္ ၂ ေနရာမွာရပ္တည္ေနပါတယ္။ ဗင္နီဆီးယပ္စ္ရဲ႕တစ္ႏွစ္လုပ္ခလစာကေတာ့ ေပါင္ ၆.၈၅ သန္းခန္႔ ရရွိေနပါတယ္။

Photo Credit ; Getty Images

ရီးရဲလ္မက္ဒရစ္အသင္းက လူငယ္ကစားသမားေတြကို လစာမ်ားမ်ားစားစားေပးတဲ့ အသင္းျဖစ္ၿပီး ေနာက္ထပ္လူငယ္ကစားသမားတစ္ဦးျဖစ္တဲ့႐ိုဒရီဂိုကလည္း တစ္ပတ္လုပ္ခေပါင္ ၇၆၀၀၀ နဲ႔ နံပါတ္ ၃ ေနရာမွာရပ္တည္ေနပါတယ္။

Photo Credit ; BPI / REX

ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕ ေနာက္ဆံုးေန႔မွာ စပါးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ဆက္ဆီႏြန္က တစ္ပတ္လုပ္ခေပါင္ ၇၀၀၀၀ နဲ႔ နံပါတ္ ၄၊ အက္သလက္တီကိုက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူခဲ့တဲ့ တိုက္စစ္မ်ဴးဂ်ာအိုဖီးလစ္က တစ္ပတ္လုပ္ခေပါင္ ၅၈၀၀၀နဲ႔ နံပါတ္ ၅ ေနရာမွာ အသီးသီးရပ္တည္ခဲ့ပါတယ္။

Photo Credit ; BPI / REX

ဂ်ဴဗင္တပ္စ္အသင္းကေန အဲဗာတန္အသင္း ေခၚယူခဲ့တဲ့ တုိက္စစ္မွဴးမြိဳက္စ္ကိန္းက ေပါင္ ၅၃၀၀၀ နဲ႔ နံပါတ္ ၆၊ မန္စီးတီးအသင္းရဲ႕ လူငယ္ကစားသမားဖိုဒန္နဲ႔ အာဆင္နယ္အသင္းရဲ႕နယ္လ္ဆင္တို႔က တစ္ပတ္လုပ္ခေပါင္ ၃၀၀၀၀ စီအသီးသီးရရွိေနၿပီး နံပါတ္ ၇ နဲ႔ ၈ တို႔မွာရပ္တည္ေနပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းေတာင္ပံကစားသမားဟက္ဆန္အိုဒိြဳင္းက ေပါင္ ၂၂၀၀၀ နဲ႔ နံပါတ္ ၉ေနရာမွာ ရပ္တည္ေနေပမယ့္ မၾကာခင္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖြယ္ရွိေနလုိ႔ လစာလည္း ျမင့္မားလာမွာေသခ်ာပါတယ္။ ဂ်ပန္မက္ဆီလို႔ ေက်ာ္ၾကားေနတဲ့ရီးရဲလ္မက္ဒရစ္တုိက္စစ္မွဴး ကူဘိုက တစ္ပတ္လုပ္ခေပါင္ ၁၇၁၁၅ နဲ႔ နံပါတ္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။

Photo Credit ; Getty Images

Unicode

မြင့်မားတဲ့ တစ်ပတ်လုပ်ခလစာပေါင် ၁၉၀၀၀၀ က ဆန်ချိုကို တန်ကြေးအမြင့်ဆုံးလူငယ်ကစားသမားစာရင်းမှာထိပ်ဆုံးကဦးဆောင်စေခဲ့

စပေါ့မေးလ်သတင်းစာရဲ့အဆိုအရ ဒေါ့မွန်ကြယ်ပွင့် ဂျော်ဒန်ဆန်ချိုကို အသင်းတာဝန်ရှိသူတွေက မြင့်မားတဲ့လုပ်ခလစာ တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀နဲ့ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီးနောက် တခြားဆယ်ကျော်သက်ကစားသမားတွေရဲ့လုပ်ခလစာတွေကိုလည်း ရေးသားဖော်ပြသွားပါတယ်။ ဆန်ချိုလိုပဲတခြားသောဘယ်လူငယ်ကစားသမား ၁၀ ဦးက လစာအများဆုံးကစားသမားတွေ ဖြစ်မလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ် အင်္ဂလန်သားဟာ ဒေါ့မွန်အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့လစာက တစ်နှစ်ပေါင် ၁၀ သန်းဝန်းကျင် ရရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က CIES ဘောလုံးစစ်တမ်းကောက်ယူသူတွေရဲ့ထုတ်ပြန်မှုမှာလည်း ဆန်ချိုက ပေါင် ၁၄၅ သန်းနဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းမှာ အဆင့် ၅ နေရာရပ်တည်နိုင်ခဲ့ပါတယ်။
ဆန်ချိုရဲ့ယခင်စာချုပ်က ၂၀၂၂ ခုနှစ်အထိသက်တမ်းကျန်ရှိနေသေးတာ ဖြစ်ပြီး တစ်ပတ်လုပ်ခလစာပေါင် ၇၅၀၀၀ ခန့်သာရရှိတာ ဖြစ်ပါတယ်။ ဆန်ချိုရဲ့စာချုပ်သစ်မှာတော့ တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ရရှိမှာ ဖြစ်ပြီး လစာအများဆုံးရရှိတဲ့ လူငယ်ကစားသမားစာရင်းမှာအင်္ဂလန်သားကနံပါတ် ၁ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် လူငယ်ကစားသမားဗင်နီဆီးယပ်စ်ဂျူနီယာကလည်း တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ရရှိနေပြီး နံပါတ် ၂ နေရာမှာရပ်တည်နေပါတယ်။ ဗင်နီဆီးယပ်စ်ရဲ့တစ်နှစ်လုပ်ခလစာကတော့ ပေါင် ၆.၈၅ သန်းခန့် ရရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက လူငယ်ကစားသမားတွေကို လစာများများစားစားပေးတဲ့ အသင်းဖြစ်ပြီး နောက်ထပ်လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ရိုဒရီဂိုကလည်း တစ်ပတ်လုပ်ခပေါင် ၇၆၀၀၀ နဲ့ နံပါတ် ၃ နေရာမှာရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဆက်ဆီနွန်က တစ်ပတ်လုပ်ခပေါင် ၇၀၀၀၀ နဲ့ နံပါတ် ၄၊ အက်သလက်တီကိုက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မျူးဂျာအိုဖီးလစ်က တစ်ပတ်လုပ်ခပေါင် ၅၈၀၀၀နဲ့ နံပါတ် ၅ နေရာမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းကနေ အဲဗာတန်အသင်း ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးမွိုက်စ်ကိန်းက ပေါင် ၅၃၀၀၀ နဲ့ နံပါတ် ၆၊ မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမားဖိုဒန်နဲ့ အာဆင်နယ်အသင်းရဲ့နယ်လ်ဆင်တို့က တစ်ပတ်လုပ်ခပေါင် ၃၀၀၀၀ စီအသီးသီးရရှိနေပြီး နံပါတ် ၇ နဲ့ ၈ တို့မှာရပ်တည်နေပါတယ်။
ချဲလ်ဆီးအသင်းတောင်ပံကစားသမားဟက်ဆန်အိုဒွိုင်းက ပေါင် ၂၂၀၀၀ နဲ့ နံပါတ် ၉နေရာမှာ ရပ်တည်နေပေမယ့် မကြာခင်စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေလို့ လစာလည်း မြင့်မားလာမှာသေချာပါတယ်။
ဂျပန်မက်ဆီလို့ ကျော်ကြားနေတဲ့ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကူဘိုက တစ်ပတ်လုပ်ခပေါင် ၁၇၁၁၅ နဲ့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။