ပြန်လည်တည်ဆောက်နေဆဲကာလမှာ အသင်းကို စိတ်ရှည်ပေးဖို့ ဆိုးလ်ရှား တိုက်တွန်း


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ပရိသတ်တွေအနေနဲ့ ပြန်လည်တည်ဆောက်နေဆဲကာလမှာ အသင်းကို စိတ်ရှည်ပေးဖို့ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ၄ နှစ်တာ အချိန်ကာလကိုထောက်ပြပြောဆိုလိုက်ပါတယ်။ နော်ဝေးသားက လီဗာပူးဟာ အခုလိုမျိုးဖြစ်လာဖို့အတွက် ကလော့ပ်ရဲ့လက်အောက်မှာ ၄ နှစ်အထိ အချိန်ယူခဲ့ရတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။


ဘန်လေအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ပြီးနောက် သတင်းထောက်တွေက ဆိုးလ်ရှားကို သူ့ရဲ့အနာဂတ်အကြောင်း မေးမြန်းရာမှာတော့ ဂျာမန်သားရဲ့အခြေအနေကို ထောက်ပြပြီး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အသင်းမှာ လုပ်စရာတွေများနေတယ်လို့လည်း ၀န်ခံပြောကြားခဲ့ပါတယ်။


“ကျွန်တော့်အတွက်တော့ အသင်းရဲ့ရလဒ်ပိုင်းနဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ဖို့က အဓိကပါ။ အသင်းကလည်း တဖြည်းဖြည်းတော့ တိုးတက်လာပါတယ်”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ ကလော့ပ်ကို ကြည့်လိုက်ပါ။ သူအသင်းကို တည်ဆောက်ဖို့အတွက် ၄ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ကျွန်တော်လည်း အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပို့ဖို့အတွက် အချိန်လိုပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။


နော်ဝေသားဟာ ယူနိုက်တက်ကို နည်းပြ မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေဆိုးဝါးနေတာကြောင့် ပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့စိတ်ပျက်မှုကိုလည်း နားလည်မိတယ်လို့ ဆိုလိုက်ပါတယ်။


“ကျွန်တော်ပရိသတ်တွေရဲ့ ဒေါသကို နားလည်ပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းဟာ တည်ဆောက်နေဆဲကာလဖြစ်တာကြောင့် အချိန်တစ်ခုတော့ ပေးဖို့လိုပါတယ်။ ကျွန်တော်လည်း အသင်းကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးသွားမှာပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘန်လေနဲ့ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေသေးတာ ဖြစ်ပါတယ်။
လက်ရှိယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး တနင်္ဂနွေနေ့မှာ ထရမ်မီရီအသင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။