္မက္ဆီမပါတဲ့ သူတို႔ရဲ႕ေနာက္ဆုံး ၈ ပြဲမွာ ၁ ပြဲသာႏိုင္ခဲ့တဲ့ ဘာစီလိုနာ

photo-gettyimages

photo-AFP

ဘာစီလုိနာဟာ စေနညက ကစားခဲ့တဲဲ့ တန္းတက္အသင္းငယ္ေလးအိုဆာဆူနာနဲ႔အေ၀းကြင္းပြဲစဥ္မွာ သေရသာရခဲ့ၿပီးေနာက္ လာလီဂါရာသီတာထြက္ ၃ ပြဲမွာ ၄ မွတ္သာရယူႏိုင္ခဲ့လုိ႔ ၂၀၀၈-၀၉ ရာသီေနာက္ပိုင္း အဆုိးဆုံးလာလီဂါတာထြက္နဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဘီလ္ဘာအိုနဲ႔ လာလီဂါအဖြင့္ပြဲစဥ္မွာ မထင္မွတ္တဲ့အရႈံးနဲ႔ရင္ဆိုင္ခဲ့ရတဲ့ဘာစီလုိနာဟာ ဘက္တစ္နဲ႔ အိမ္ကြင္းက ဒုတိယပြဲစဥ္မွာ ဂိုးျပတ္ႏိုင္ပြဲယူႏိုင္ခဲ့ေပမယ့္ မေန႔ညက တန္းတက္အသင္းငယ္ကိုမွ ေနာက္က်ပင္နယ္တီေပးခဲ့ရၿပီး သေရသြားက်ပါတယ္။ အဲဒီ ၃ ပြဲစလုံးမွာ မက္ဆီမပါႏိုင္ခဲ့ပါဘူး။

photo-gettyimages

မက္ဆီဟာ ကိုပါအေမရိကမွာ အာဂ်င္တီးနားအတြက္ ကစားေပးခဲ့လုိ႔  ဘာစီလုိနာကို ေနာက္က်မွေရာက္လာခဲ့သလုိ ေရာက္လာလာခ်င္း ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာပဲ ရရွိခဲ့တဲ့ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္ နားေနရခဲ့ရကာ ဘီလ္ဘာအုိနဲ႔ပြဲလြဲခဲ့ၿပီး ဘက္တစ္နဲ႔ပြဲမွာလည္း ျပန္ပါမလိုျဖစ္ခဲ့ေပမယ့္ မပါႏိုင္ခဲ့ဘဲ အုိဆာဆူနာနဲ႔ပြဲကိုသာ ဆက္လြဲခဲ့တာပါ။ ဒီအတိုင္းဆုိရင္ မက္ဆီဟာ ၾကားျဖတ္၀င္လာတဲ့ႏိုင္ငံတကာပြဲေတြအၿပီးမွသာ ျပန္ကစားႏိုင္ေတာ့မယ့္ပုံပါ။ ဒါေတာင္ မက္ဆီဘယ္ေတာ့ျပန္ကစားႏိုင္မလဲဆုိတာ ဘာစီလုိနာလည္္း အတိအက်မထုတ္ျပန္ႏိုင္ျဖစ္ေနပါတယ္။ တကယ္လုိ႔ မက္ဆီသာ ျပန္မကစားႏိုင္ေသးရင္ ဘာစီလုိနာဟာ လာလီဂါမွာ ဆက္လက္ရုန္းကန္ရႏိုင္ပါတယ္။

photo-gettyimages

အသင္းတစ္သင္းအတြက္ အေရးပါတဲ့ ဂိုးရေရးမွာေရာ ဂိုးဖန္တီးမႈမွာပါ ဘာစီလုိုနာဟာ မက္ဆီတစ္ေယာက္တည္းအေပၚ အလြန္အမင္း မွီခိုအားကိုးခဲ့ပါတယ္။ ဒါေၾကာင့္မို႔လည္း မက္ဆီမပါတဲ့ပြဲေတြမွာ ဘာစီလိုနာဟာ ရလဒ္ပိုင္းအရ ရုန္းကန္ရတတ္တာပါ။ ဘယ္္ေလာက္ထိလဲဆုိရင္ သူတို႔အေနန႔ဲ မက္ဆီမပါတဲ့ ၿပိဳင္ပြဲအသြင္ေနာက္ဆုံး ၈ ပြဲမွာ ၁ ပြဲသာႏိုင္ခဲ့တဲ့အထိပါပဲ။ အဲဒါေၾကာင့္ မက္ဆီမကစားႏိုင္ေတာ့တဲ့တစ္ေန႔ ဘာစီလုိနာရဲ႕အေျခအေနဟာ မေတြး၀ံ့စရာပါ။ မက္ဆီအက္ဖ္စီလို႔ ေခၚရမလုိျဖစ္ေနၿပီလား။

မက္ဆီမပါတဲ့ ဘာစီလုိနာရဲ႕ေနာက္ဆုံး ၈ ပြဲ

အင္တာမီလန္ ၁-၁ ဘာစီလုိနာ(၂၀၁၈ ႏို၀င္ဘာ ၁၆)

လီဗန္ေတး ၂-၁ ဘာစီလုိနာ(၂၀၁၉ ဇန္န၀ါရီ ၁၀)

ဆီဗီလာ ၂-၀ ဘာစီလိုနာ(၂၀၁၉ ဇန္န၀ါရီ ၂၃)

ဟူစကာ ၀-၀ ဘာစီလုိနာ(၂၀၁၉ ဧၿပီ ၁၃)

ဆယ္တာဗီဂို ၂-၀ ဘာစီလုိနာ(၂၀၁၉ ေမ ၄)

ဘီလ္ဘာအို ၁-၀ ဘာစီလိုနာ(၂၀၁၉ ၾသဂုတ္ ၁၆)

ဘာစီလုိနာ ၅-၂ ဘက္တစ္(၂၀၁၉ ၾသဂုတ္ ၂၅)

အိုဆာဆူနာ ၂-၂ ဘာစီလိုနာ(၂၀၁၉ ၾသဂုတ္ ၃၁)

Unicode

ဘာစီလိုနာဟာ စနေညက ကစားခဲ့တဲ့ တန်းတက်အသင်းငယ်လေးအိုဆာဆူနာနဲ့အဝေးကွင်းပွဲစဉ်မှာ သရေသာရခဲ့ပြီးနောက် လာလီဂါရာသီတာထွက် ၃ ပွဲမှာ ၄ မှတ်သာရယူနိုင်ခဲ့လို့ ၂၀၀၈-၀၉ ရာသီနောက်ပိုင်း အဆိုးဆုံးလာလီဂါတာထွက်နဲ့ ကြုံတွေ့နေရပါတယ်။ ဘီလ်ဘာအိုနဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ မထင်မှတ်တဲ့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ဘာစီလိုနာဟာ ဘက်တစ်နဲ့ အိမ်ကွင်းက ဒုတိယပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲယူနိုင်ခဲ့ပေမယ့် မနေ့ညက တန်းတက်အသင်းငယ်ကိုမှ နောက်ကျပင်နယ်တီပေးခဲ့ရပြီး သရေသွားကျပါတယ်။ အဲဒီ ၃ ပွဲစလုံးမှာ မက်ဆီမပါနိုင်ခဲ့ပါဘူး။

မက်ဆီဟာ ကိုပါအမေရိကမှာ အာဂျင်တီးနားအတွက် ကစားပေးခဲ့လို့  ဘာစီလိုနာကို နောက်ကျမှရောက်လာခဲ့သလို ရောက်လာလာချင်း ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပဲ ရရှိခဲ့တဲ့ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နားနေရခဲ့ရကာ ဘီလ်ဘာအိုနဲ့ပွဲလွဲခဲ့ပြီး ဘက်တစ်နဲ့ပွဲမှာလည်း ပြန်ပါမလိုဖြစ်ခဲ့ပေမယ့် မပါနိုင်ခဲ့ဘဲ အိုဆာဆူနာနဲ့ပွဲကိုသာ ဆက်လွဲခဲ့တာပါ။ ဒီအတိုင်းဆိုရင် မက်ဆီဟာ ကြားဖြတ်ဝင်လာတဲ့နိုင်ငံတကာပွဲတွေအပြီးမှသာ ပြန်ကစားနိုင်တော့မယ့်ပုံပါ။ ဒါတောင် မက်ဆီဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာ ဘာစီလိုနာလည်း အတိအကျမထုတ်ပြန်နိုင်ဖြစ်နေပါတယ်။ တကယ်လို့ မက်ဆီသာ ပြန်မကစားနိုင်သေးရင် ဘာစီလိုနာဟာ လာလီဂါမှာ ဆက်လက်ရုန်းကန်ရနိုင်ပါတယ်။

အသင်းတစ်သင်းအတွက် အရေးပါတဲ့ ဂိုးရရေးမှာရော ဂိုးဖန်တီးမှုမှာပါ ဘာစီလိုနာဟာ မက်ဆီတစ်ယောက်တည်းအပေါ် အလွန်အမင်း မှီခိုအားကိုးခဲ့ပါတယ်။ ဒါကြောင့်မို့လည်း မက်ဆီမပါတဲ့ပွဲတွေမှာ ဘာစီလိုနာဟာ ရလဒ်ပိုင်းအရ ရုန်းကန်ရတတ်တာပါ။ ဘယ်လောက်ထိလဲဆိုရင် သူတို့အနေနဲ့ မက်ဆီမပါတဲ့ ပြိုင်ပွဲအသွင်နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့တဲ့အထိပါပဲ။ အဲဒါကြောင့် မက်ဆီမကစားနိုင်တော့တဲ့တစ်နေ့ ဘာစီလိုနာရဲ့အခြေအနေဟာ မတွေးဝံ့စရာပါ။ မက်ဆီအက်ဖ်စီလို့ ခေါ်ရမလိုဖြစ်နေပြီလား။

မက်ဆီမပါတဲ့ ဘာစီလိုနာရဲ့နောက်ဆုံး ၈ ပွဲ

အင်တာမီလန် ၁-၁ ဘာစီလိုနာ(၂၀၁၈ နိုဝင်ဘာ ၁၆)

လီဗန်တေး ၂-၁ ဘာစီလိုနာ(၂၀၁၉ ဇန်နဝါရီ ၁၀)

ဆီဗီလာ ၂-၀ ဘာစီလိုနာ(၂၀၁၉ ဇန်နဝါရီ ၂၃)

ဟူစကာ ဝ-၀ ဘာစီလိုနာ(၂၀၁၉ ဧပြီ ၁၃)

ဆယ်တာဗီဂို ၂-၀ ဘာစီလိုနာ(၂၀၁၉ မေ ၄)

ဘီလ်ဘာအို ၁-၀ ဘာစီလိုနာ(၂၀၁၉ သြဂုတ် ၁၆)

ဘာစီလိုနာ ၅-၂ ဘက်တစ်(၂၀၁၉ သြဂုတ် ၂၅)

အိုဆာဆူနာ ၂-၂ ဘာစီလိုနာ(၂၀၁၉ သြဂုတ် ၃၁)