ေ၀ဖန္တဲ႔မွတ္ခ်က္ေၾကာင့္ မက္ဆီ ၂ ႏွစ္အထိပြဲပယ္ခံရႏိုင္

အာဂ်င္တီးနားအသင္းတိုက္စစ္မွဴ း မက္ဆီဟာ ကိုပါအေမရိကဖလား တတိယေနရာလုပြဲအၿပီး မွာဒိုင္လူႀကီးေတြနဲ႔ ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္ကို ေ၀ဖန္ခဲ့မႈေၾကာင့္ ၂ ႏွစ္အထိပြဲပယ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

ခ်ီလီနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ႔ တတိယေနရာလုပြဲမွာ မက္ဆီဟာ ၿပိဳင္ဘက္ကစားသမားမီဒဲလ္နဲ႔ ၿငိၿပီးသူတို႔ႏွစ္ဦးစလုံးထုတ္ပယ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ပြဲအၿပီးမွာမက္ဆီက ဆီမီးဖိုင္နယ္မွာ အိမ္ရွင္ဘရာဇီးကိုရႈံးခဲ့ေတာ႔ ဒိုင္ေတြရဲ႕အျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္ကိုပါထည့္ေျပာၿပီး သူ႔ရဲ႕မေက်နပ္ခ်က္ေတြကိုဖြင့္ဟခဲ့တာပါ။

Photo- talksport

မက္ဆီက ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္နဲ႔ ကိုပါအေမရိကၿပိဳင္ပြဲဟာ ျခစားမႈေတြျပည့္ႏွက္ေနၿပီး အိမ္ရွင္ဘရာဇီးဗုိလ္စြဲေအာင္ စီမံထားတဲ႔ၿပိဳင္ပြဲလို႔ ေ၀ဖန္သြားခဲ့တာပါ။ ဒါေၾကာင့္လည္းသူ႔ကို အဖြဲ႔ခ်ဳပ္တာ၀န္ရွိသူေတြက ျပန္လည္တုံ႔ျပန္ခဲ့ၾကၿပီး မက္ဆီအေနနဲ႔အရႈံးကုိလည္း လက္ခံႏိုင္ရမယ္႔ အေျခခံအခ်က္ကို နားလည္ထားရမယ္ လို႔ ဆိုခဲ့တာပါ။

Photo- Daily Mail

လက္ရွိမွာေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္ဟာ မက္ဆီကုိစြဲခ်က္တင္မႈေတြမလုပ္ေသးေပမယ္႔ AS သတင္းစာႀကီးကေတာ႔ အဲဒီဘာစီလိုနာတိုက္စစ္မွဴ း ဟာသူ႔ရဲ႕မွတ္ခ်က္စကားေၾကာင့္ ႏိုင္ငံတကာအဆင့္မွာ ၂ ႏွစ္အထိပြဲပယ္ခံရႏိုင္တယ္လို႔ေဖာ္ျပသြားခဲ့ပါတယ္။

Photo- Daily Mail

စည္းမ််ဥ္းေတြအရ ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္အျပင္ သူနဲ႔လက္တြဲလုပ္ေဆာင္ေနတဲ႔အဖြဲ႔အစည္းေတြ၊ လူေတြကို ေ၀ဖန္ျခင္းမျပဳရလို႔ သတ္မွတ္ထားၿပီး အျမင့္ဆုံးျပစ္ဒဏ္ဟာ ၂ ႏွစ္အထိပြဲပယ္ခံမယ္လို႔ သတ္မွတ္ထားပါတယ္။ အျခားသတင္းမွာလည္း ေတာင္အေမရိကအဖြဲ႔ခ်ဳပ္ဟာ မက္ဆီလိုနာမည္ေက်ာ္ကစားသမားကို ၂ ႏွစ္အထိပြဲပယ္ျပစ္ဒဏ္ေပးမွာကို မလိုလားလို႔ ဒဏ္ေငြေလာက္နဲ႔ဘဲအဆုံးသတ္ႏိုင္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။

Photo- Daily Mail

Unicode

ဝေဖန်တဲ့မှတ်ချက်ကြောင့် မက်ဆီ ၂ နှစ်အထိပွဲပယ်ခံရနိုင်
အာဂျင်တီးနားအသင်းတိုက်စစ်မှူ း မက်ဆီဟာ ကိုပါအမေရိကဖလား တတိယနေရာလုပွဲအပြီး မှာဒိုင်လူကြီးတွေနဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်ခဲ့မှုကြောင့် ၂ နှစ်အထိပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

ချီလီနဲ့ယှဉ်ပြိုင်ခဲ့တဲ့ တတိယနေရာလုပွဲမှာ မက်ဆီဟာ ပြိုင်ဘက်ကစားသမားမီဒဲလ်နဲ့ ငြိပြီးသူတို့နှစ်ဦးစလုံးထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာမက်ဆီက ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးကိုရှုံးခဲ့တော့ ဒိုင်တွေရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကိုပါထည့်ပြောပြီး သူ့ရဲ့မကျေနပ်ချက်တွေကိုဖွင့်ဟခဲ့တာပါ။

မက်ဆီက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နဲ့ ကိုပါအမေရိကပြိုင်ပွဲဟာ ခြစားမှုတွေပြည့်နှက်နေပြီး အိမ်ရှင်ဘရာဇီးဗိုလ်စွဲအောင် စီမံထားတဲ့ပြိုင်ပွဲလို့ ဝေဖန်သွားခဲ့တာပါ။ ဒါကြောင့်လည်းသူ့ကို အဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြန်လည်တုံ့ပြန်ခဲ့ကြပြီး မက်ဆီအနေနဲ့အရှုံးကိုလည်း လက်ခံနိုင်ရမယ့် အခြေခံအချက်ကို နားလည်ထားရမယ် လို့ ဆိုခဲ့တာပါ။

လက်ရှိမှာတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီကိုစွဲချက်တင်မှုတွေမလုပ်သေးပေမယ့် AS သတင်းစာကြီးကတော့ အဲဒီဘာစီလိုနာတိုက်စစ်မှူ း ဟာသူ့ရဲ့မှတ်ချက်စကားကြောင့် နိုင်ငံတကာအဆင့်မှာ ၂ နှစ်အထိပွဲပယ်ခံရနိုင်တယ်လို့ဖော်ပြသွားခဲ့ပါတယ်။

စည်းမျျဉ်းတွေအရ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်အပြင် သူနဲ့လက်တွဲလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေ၊ လူတွေကို ဝေဖန်ခြင်းမပြုရလို့ သတ်မှတ်ထားပြီး အမြင့်ဆုံးပြစ်ဒဏ်ဟာ ၂ နှစ်အထိပွဲပယ်ခံမယ်လို့ သတ်မှတ်ထားပါတယ်။ အခြားသတင်းမှာလည်း တောင်အမေရိကအဖွဲ့ချုပ်ဟာ မက်ဆီလိုနာမည်ကျော်ကစားသမားကို ၂ နှစ်အထိပွဲပယ်ပြစ်ဒဏ်ပေးမှာကို မလိုလားလို့ ဒဏ်ငွေလောက်နဲ့ဘဲအဆုံးသတ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။