ေျပာင္းခ်င္တဲ့သူ၊ မေခၚႏိုင္တဲ့အသင္းနဲ႔ ဇာတ္ရႈပ္ေနတဲ့ လူကာကူ၊ နီကုိလပ္စ္ပီပီ၊ အင္တာမီလန္၊ မန္ယူ

Photo Credit-Getty

ျဖစ္ခ်င္တုိင္း ျဖစ္လို႔မရတဲ့ေလာက ထဲမွာ ေဘာလုံးေလာကလည္းပါပါတယ္။ ကစားသမားေတြက ေျပာင္းခ်င္ေပမယ့္ ႏွစ္ဖက္အသင္းညိွႏိႈင္းလို႔ မရဘူးဆိုရင္ ေျပာင္းေရႊ႕ေရးအဆင္မေျပပါဘူး။ အခုလည္း ရိုမီရို လူကာကူအေနနဲ႔ အသင္းေျပာင္းခ်င္ေပမယ့္ ေစ်းႏႈန္းအေနအထားေတြေၾကာင့္ အဆင္မေျပျဖစ္ေနပါတယ္။

Photo Credit-getty

မန္ယူအေနနဲ႔ လူကာကူကို ေပါင္ 75သန္းအထက္ရမွေရာင္းခ်င္ေပမယ့္ တစ္ဖက္က အင္တာမီလန္ကလည္း အဲဒီပမာဏနဲ႔မေခၚယူခ်င္ျဖစ္ေနပါတယ္။ “လူကာကူဟာ ကၽြန္ေတာ္သေဘာက်တဲ့ေဘာလုံးသမားျဖစ္ပါတယ္။ သူ႔ကို အသင္းကိုေခၚယူခ်င္တာကေတာ့ သူသာအသင္းကိုေရာက္လာမယ္ဆုိရင္ အသင္းအေနအထားပို ေကာင္းသြား မယ္ထင္လုိ႔ပါ”လို႔ အင္တာသူေဌးကေျပာပါတယ္။

Photo Credit-goalcom

တစ္ဖက္မွာလည္း မန္ယူအေနနဲ႔ နီကိုလပ္စ္ပီပီကို ၀ယ္ခ်င္ေနပါတယ္။ဒါေပမယ့္ သူ႔ကို၀ယ္ယူဖုိ႔အတြက္လည္း ေစ်းကျမင့္တဲ့အေနအထားရိွတာေၾကာင့္ မန္ယူအေနနဲ႔ လူကာကူကိုေရာင္းထုတ္ၿပီး ပီပီကို ၀ယ္ရမွာျဖစ္ပါ တယ္။ ဒါေၾကာင့္ လူကာကူက ပထမအေရးျဖစ္ၿပီး ပီပီက ဒုတိယဦးစားေပးျဖစ္ေနပါတယ္။

Photo Credit-telegraph

အခုအခ်ိန္မွာအေရးႀကီးတာက လူကာကူျဖစ္ပါတယ္။ အသက္ 26 ႏွစ္အရြယ္ လူကာကူကိုအသင္းႀကီးအခ်ဳိ႕က မႀကိဳက္ၾကပါဘူး။ဒါေၾကာင့္ ေရာင္းခ်ဖုိ႔ ရွားပါးတဲ့အေနအထားမွာ မန္ယူအေနနဲ႔ ေမွ်ာ္လင့္ခ်က္ရိွသေလာက္ အင္တာမီလန္ဆီတြန္းပို႔ေနတာျဖစ္ပါတယ္။ ပီပီကေတာ့ အသက္ငယ္ေသးတာေၾကာင့္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ ေစ်းပုိေကာင္းၿပီး၊ အသင္းႀကီးေတြဆီေရာက္ႏိုင္ပါတယ္။

Photo Credit-the sun

အင္တာသူေဌးဘက္ကေတာ့ မၾကာမီအေၾကာင္းျပန္မယ္လို႔ၾကားထားပါတယ္။ အေျပာင္းအေရႊ႕၊ အေရာင္းအ၀ယ္ ကာလကလည္းမၾကာမီပိတ္မွာျဖစ္တာေၾကာင့္ ဘယ္သူဘယ္အသင္းကိုေရာက္မလဲ ဒါမွမဟုတ္ ဒုံရင္းအတုိင္းပဲ ဆက္ရိွမွာလားဆုိတာ ပရိသတ္ေတြအတြက္စိတ္၀င္စားစရာပါ။ ညာေတာင္ပံေဘာလုံးသမား ပီပီကေတာ့ မန္ယူ အတြက္တကယ္အေရးပါတဲ့ အေနအထားေတာ့ရိွပါတယ္။

Photo Credit-evening-standard

(Unicode Version)

ပြောင်းချင်တဲ့သူ၊ မခေါ်နိုင်တဲ့အသင်းနဲ့ ဇာတ်ရှုပ်နေတဲ့ လူကာကူ၊ နီကိုလပ်စ်ပီပီ၊ အင်တာမီလန်၊ မန်ယူ

ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့လောက ထဲမှာ ဘောလုံးလောကလည်းပါပါတယ်။ ကစားသမားတွေက ပြောင်းချင်ပေမယ့် နှစ်ဖက်အသင်းညှိနှိုင်းလို့ မရဘူးဆိုရင် ပြောင်းရွှေ့ရေးအဆင်မပြေပါဘူး။ အခုလည်း ရိုမီရို လူကာကူအနေနဲ့အသင်းပြောင်းချင်ပေမယ့် ဈေးနှုန်းအနေအထားတွေကြောင့် အဆင်မပြေဖြစ်နေပါတယ်။

မန်ယူအနေနဲ့ လူကာကူကို ပေါင် 75သန်းအထက်ရမှရောင်းချင်ပေမယ့် တစ်ဖက်က အင်တာမီလန်ကလည်း အဲဒီပမာဏနဲ့မခေါ်ယူချင်ဖြစ်နေပါတယ်။ “လူကာကူဟာ ကျွန်တော်သဘောကျတဲ့ဘောလုံးသမားဖြစ်ပါတယ်။ သူ့ကို အသင်းကိုခေါ်ယူချင်တာကတော့ သူသာအသင်းကိုရောက်လာမယ်ဆိုရင် အသင်းအနေအထားပို ကောင်းသွားမယ်ထင်လို့ပါ”လို့ အင်တာသူဌေးကပြောပါတယ်။

တစ်ဖက်မှာလည်း မန်ယူအနေနဲ့ နီကိုလပ်စ်ပီပီကို ဝယ်ချင်နေပါတယ်။ဒါပေမယ့် သူ့ကိုဝယ်ယူဖို့အတွက်လည်း ဈေးကမြင့်တဲ့အနေအထားရှိတာကြောင့် မန်ယူအနေနဲ့ လူကာကူကိုရောင်းထုတ်ပြီး ပီပီကို ဝယ်ရမှာဖြစ်ပါ တယ်။ ဒါကြောင့် လူကာကူက ပထမအရေးဖြစ်ပြီး ပီပီက ဒုတိယဦးစားပေးဖြစ်နေပါတယ်။

အခုအချိန်မှာအရေးကြီးတာက လူကာကူဖြစ်ပါတယ်။ အသက် 26 နှစ်အရွယ် လူကာကူကိုအသင်းကြီးအချို့က မကြိုက်ကြပါဘူး။ဒါကြောင့် ရောင်းချဖို့ ရှားပါးတဲ့အနေအထားမှာ မန်ယူအနေနဲ့ မျှော်လင့်ချက်ရှိသလောက် အင်တာမီလန်ဆီတွန်းပို့နေတာဖြစ်ပါတယ်။ ပီပီကတော့ အသက်ငယ်သေးတာကြောင့် တစ်ချိန်မဟုတ် တစ်ချိန်တော့ ဈေးပိုကောင်းပြီး၊ အသင်းကြီးတွေဆီရောက်နိုင်ပါတယ်။

အင်တာသူဌေးဘက်ကတော့ မကြာမီအကြောင်းပြန်မယ်လို့ကြားထားပါတယ်။ အပြောင်းအရွှေ့၊ အရောင်းအဝယ် ကာလကလည်းမကြာမီပိတ်မှာဖြစ်တာကြောင့် ဘယ်သူဘယ်အသင်းကိုရောက်မလဲ ဒါမှမဟုတ် ဒုံရင်းအတိုင်းပဲဆက်ရှိမှာလားဆိုတာ ပရိသတ်တွေအတွက်စိတ်ဝင်စားစရာပါ။ ညာတောင်ပံဘောလုံးသမား ပီပီကတော့ မန်ယူအတွက်တကယ်အရေးပါတဲ့ အနေအထားတော့ရှိပါတယ်။