ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္ ကာလတစ္ခုအထိနားရေတာ့မယ့္ ဆြာရက္ဇ္

photo-gettyimages

photo-gettyimages

တိုက္စစ္မႈးဆြာရက္ဇ္ဟာ ဘီလ္ဘာအိုနဲ႔ကစားခဲ့တဲ့ ေသာၾကာညလာလီဂါအဖြင့္ပြဲစဥ္မွာ ရရွိခ့ဲတဲ့ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္ ကာလတစ္ခုအထိ နားရေတာ့မယ္လုိ႔ ဘာစီလိုနာအသင္းက အတည္ျပဳလိုက္ပါတယ္။ ၃၂ ႏွစ္အရြယ္ အဲဒီဥရုေဂြးတိုက္စစ္မႈးဟာ ဘီလ္ဘာအိုကိုရႈံးနိမ့္ခဲ့တဲ့ အဲဒီပြဲရဲ႕ပထမပိုင္းမွာ ဒဏ္ရာရၿပီး လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ အဓိကတုိက္စစ္မႈးမက္ဆီဟာလည္း ေျခသလုံးၾကြက္သားဒဏ္ရာရေနကာ ဘီလ္ဘာအိုနဲ႔ပဲြကို မပါႏိုင္ခဲ့ပါဘူး။

photo-gettyimages

ဘာစီလုိနာဟာ မက္ဆီမပါဘဲနဲ႔ လာလီဂါရာသီသစ္ကို စတင္ရတာ ၁၀ ႏွစ္အတြင္း ဒါပထမဆုံးအႀကိမ္ျဖစ္ၿပီး ဆြာရက္ဇ္ကလည္း ဒဏ္ရာရသြားတဲ့အတြက္ တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔ ရႈံးရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အဲဒီပြဲရဲ႕ ၃၇ မိနစ္မွာ ဒဏ္ရာေၾကာင့္ ရာဖင္ဟာနဲ႔ လူစားလဲျခင္းခံခဲ့ရတာပါ။ ဒါေၾကာင့္ ၂၀၁၄ မွာ လီဗာပူးက ေရာက္လာၿပီးေနာက္ပိုငး္ လာလီဂါပြဲစဥ္တစ္ပြဲရဲ႕ပထမပိုင္းမွာ ဆြာရက္ဇ္လူစားလဲခံရတာဟာ ဒါပထမဆုံးအႀကိမ္ ျဖစ္လာပါတယ္။

photo-gettyimages

ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဘာစီလိုနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၂၅ ဂိုးသြင္းေပးခဲ့ပါတယ္။ သူဟာ ဘာစီလုိနာတုိက္စစ္မွာ မက္ဆီနဲ႔အတြဲညီခဲ့သူလညး္ ျဖစ္ပါတယ္။ မက္ဆီေရာ သူပါ ကိုပါအေမရိကေၾကာင့္ ဘာစီလိုနာကို ေနာက္က်မွသာျပန္လာႏိုင္ခဲ့ၿပီး ရာသီအစပိုင္းမွာတင္ ေျခသလုံးၾကြက္သားဒဏ္ရာအသီးသီးရရွိေနၾကတာပါ။

[Unicode]

တိုက်စစ်မှုးဆွာရက်ဇ်ဟာ ဘီလ်ဘာအိုနဲ့ကစားခဲ့တဲ့ သောကြာညလာလီဂါအဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ကာလတစ်ခုအထိ နားရတော့မယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုလိုက်ပါတယ်။ ၃၂ နှစ်အရွယ် အဲဒီဥရုဂွေးတိုက်စစ်မှုးဟာ ဘီလ်ဘာအိုကိုရှုံးနိမ့်ခဲ့တဲ့ အဲဒီပွဲရဲ့ပထမပိုင်းမှာ ဒဏ်ရာရပြီး လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ အဓိကတိုက်စစ်မှုးမက်ဆီဟာလည်း ခြေသလုံးကြွက်သားဒဏ်ရာရနေကာ ဘီလ်ဘာအိုနဲ့ပွဲကို မပါနိုင်ခဲ့ပါဘူး။

ဘာစီလိုနာဟာ မက်ဆီမပါဘဲနဲ့ လာလီဂါရာသီသစ်ကို စတင်ရတာ ၁၀ နှစ်အတွင်း ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဆွာရက်ဇ်ကလည်း ဒဏ်ရာရသွားတဲ့အတွက် တစ်လုံးတည်းသောနောက်ကျဂိုးနဲ့ ရှုံးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အဲဒီပွဲရဲ့ ၃၇ မိနစ်မှာ ဒဏ်ရာကြောင့် ရာဖင်ဟာနဲ့ လူစားလဲခြင်းခံခဲ့ရတာပါ။ ဒါကြောင့် ၂၀၁၄ မှာ လီဗာပူးက ရောက်လာပြီးနောက်ပိုင်း လာလီဂါပွဲစဉ်တစ်ပွဲရဲ့ပထမပိုင်းမှာ ဆွာရက်ဇ်လူစားလဲခံရတာဟာ ဒါပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၂၅ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ဘာစီလိုနာတိုက်စစ်မှာ မက်ဆီနဲ့အတွဲညီခဲ့သူလည်း ဖြစ်ပါတယ်။ မက်ဆီရော သူပါ ကိုပါအမေရိကကြောင့် ဘာစီလိုနာကို နောက်ကျမှသာပြန်လာနိုင်ခဲ့ပြီး ရာသီအစပိုင်းမှာတင် ခြေသလုံးကြွက်သားဒဏ်ရာအသီးသီးရရှိနေကြတာပါ။