ေျခစြမ္းနဲ႔တင္မဟုတ္ဘဲ စကားလုံးနဲ႔လည္း ၿပိဳင္ဘက္ကို ဆြံ႕အသြားေစတဲ့ မက္ဆီ

Photo Credit

Photo Credit

ဘာစီလုိနာအသင္းတုိက္စစ္မွဴး မက္ဆီဟာ သူ႕ရဲ႕ေမွာ္၀င္တဲ့ေျခစြမ္းနဲ႔အတူ ၿပိဳင္ဘက္ေတြကို ပါးစပ္အေဟာင္းသားျဖစ္ေစႏုိင္တာ လူသိမ်ားတဲ့အေၾကာင္းအရာျဖစ္ေပမယ့္ မာေဆးလ္အသင္းေနာက္ခံလူသစ္ အယ္လ္ဗာ႐ိုဂြန္ဇာလက္ဇ္ကေတာ့ မက္ဆီဟာ စကားလုံးေတြနဲ႔လည္း ၿပိဳင္ဘက္ေတြကို ဆြံ႕အေစႏိုင္စြမ္းရွိေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Photo Credit

အက္စပန္ညိဳအသင္း ေနာက္ခံလူေဟာင္း ဂြန္ဇာလတ္ဇ္က RMC သတင္းကို မက္ဆီနဲ႔ စကားစျမည္ ေျပာခဲ့ဖူးေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ကၽြန္ေတာ္တိ႔ု ႀကီးက်ယ္တဲ့ ဒါဘီပြဲစဥ္ယွဥ္ၿပိဳင္မႈေတြအျဖစ္ အက္စပန္ညိဳနဲ႔ ဘာစီလိုနာတိ႔ု ၃ ႀကိမ္ဆက္တိုက္ ထိပ္တိုက္ ေတြ႔ဆံုကစားခဲ့ဖူးပါတယ္။ ကၽြန္ေတာ္ ” သူ႔ရဲ႔ အရပ္အေမာင္းကို ေလွာင္ေျပာင္ခဲ့တယ္”

Photo Credit

”ဒါေပမဲ့ ရံႈးနိမ့္ေနတဲ့ အေနအထားကေန အသင္းနဲ႔အတူ မက္ဆီရဲ႕ျပန္လာႏိုင္မႈေတြကိုေတာ့ အံ့ၾသမွင္သက္မိရပါတယ္။ ဒါက ရီစရာ ပံုျပင္တစ္ပုဒ္လိုပါပဲ။ ကၽြန္ေတာ္တိ႔ု တစ္ေယာက္နဲ႔ တစ္ေယာက္ မၾကာခဏ က်ီစား ေနာက္ေျပာင္ခ့ဲၾကပါတယ္။ ကၽြန္ေတာ္သူ႔ကို ေျပာခဲ့တယ္”

Photo Credit

“မင္းက အရမ္း လူေကာင္ေသးတယ္” သူ ကၽြန္ေတာ့္ကို ၾကည့္လိုက္တယ္၊ ၿပီးေတာ့ ျပန္ေျပာတယ္ “မင္း .. မင္းကေတာ့ ေဘာလံုးကစားတာ အေတာ္ကို ဆိုးရြားတယ္”လို႔ ျပန္ေျပာပါတယ္။ “ဟုတ္တယ္၊ ငါတိ႔ု ၂ ေယာက္လံုး မွန္တယ္ကြ”လို႔ ကၽြန္ေတာ္ျပန္ေျပာလိုက္တယ္”

Photo Credit

”ၿပီးေတာ့ ၂ ေယာက္လံုး ၿပိဳင္တူ ရယ္လိုက္ၾကတယ္ ။ ဒီျဖစ္ရပ္က စပိန္ျပည္ရဲ႕ေဘာလံုးခ်စ္ပရိသတ္ေတြကို ၿပံဳးရႊင္ေစတဲ့ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။ ထင္ရွားတဲ့ ေနာက္ခံလူ တစ္ဦးျဖစ္တဲ့ အယ္ဗာ႐ိုဟာ ဒီေႏြရာသီမွာ ဗီလာရီးရဲလ္ကေန မာေဆးလ္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။

Photo Credit

အငွားနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ စာခ်ဳပ္မွာ အၿပီးသတ္ဝယ္ယူႏိုင္တဲ့ အခ်က္လည္း ပါဝင္ပါတယ္။ မာေဆးလ္အသင္းဟာ လီဂူးဝမ္း ပြဲစဥ္ ၄ ပြဲ ကစားၿပီးခ်ိန္မွာ ၂ ပြဲႏိုင္ ၊ ၁ ပြဲသေရ၊ ၁ ပြဲ ႐ံႈးနိမ့္ထားၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနပါတယ္။

Photo Credit

မာေဆးလ္ဟာ တနဂၤေႏြေန႔မွာေတာ့ မိုနာကိုအသင္းနဲ႔ ပြဲက်ပ္တစ္ပြဲ ရင္ဆိုင္ကစားရဦးမွာ ျဖစ္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ အယ္လ္ဗာ႐ိုက ဒဏ္ရာျပႆနာေတြ မရွိခဲ့တာကို ေက်းဇူးတင္ရမွာျဖစ္ၿပီး မက္ဆီထက္ေတာ့ အဖြင့္ပြဲစဥ္ေတြမွာ တာထြက္လွခဲ့ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ကေတာ့ ယခုထိ ကလပ္အသင္းမွာေရာ ႏိုင္ငံအသင္းမွာပါ ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ကစားႏိုင္ျခင္း မရွိေသးပါဘူး။

Photo Credit

Unicode

ခြေစွမ်းနဲ့တင်မဟုတ်ဘဲ စကားလုံးနဲ့လည်း ပြိုင်ဘက်ကို ဆွံ့အသွားစေတဲ့ မက်ဆီ

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့မှော်ဝင်တဲ့ခြေစွမ်းနဲ့အတူ ပြိုင်ဘက်တွေကို ပါးစပ်အဟောင်းသားဖြစ်စေနိုင်တာ လူသိများတဲ့အကြောင်းအရာဖြစ်ပေမယ့် မာဆေးလ်အသင်းနောက်ခံလူသစ် အယ်လ်ဗာရိုဂွန်ဇာလက်ဇ်ကတော့ မက်ဆီဟာ စကားလုံးတွေနဲ့လည်း ပြိုင်ဘက်တွေကို ဆွံ့အစေနိုင်စွမ်းရှိကြောင်း ပြောကြားလိုက်ပါတယ်။
အက်စပန်ညိုအသင်း နောက်ခံလူဟောင်း ဂွန်ဇာလတ်ဇ်က RMC သတင်းကို မက်ဆီနဲ့ စကားစမြည် ပြောခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။ ကျွန်တော်တိ့ု ကြီးကျယ်တဲ့ ဒါဘီပွဲစဉ်ယှဉ်ပြိုင်မှုတွေအဖြစ် အက်စပန်ညိုနဲ့ ဘာစီလိုနာတိ့ု ၃ ကြိမ်ဆက်တိုက် ထိပ်တိုက် တွေ့ဆုံကစားခဲ့ဖူးပါတယ်။ ကျွန်တော် ” သူ့ရဲ့ အရပ်အမောင်းကို လှောင်ပြောင်ခဲ့တယ်”
”ဒါပေမဲ့ ရှုံးနိမ့်နေတဲ့ အနေအထားကနေ အသင်းနဲ့အတူ မက်ဆီရဲ့ပြန်လာနိုင်မှုတွေကိုတော့ အံ့သြမှင်သက်မိရပါတယ်။ ဒါက ရီစရာ ပုံပြင်တစ်ပုဒ်လိုပါပဲ။ ကျွန်တော်တိ့ု တစ်ယောက်နဲ့ တစ်ယောက် မကြာခဏ ကျီစား နောက်ပြောင်ခဲ့ကြပါတယ်။ ကျွန်တော်သူ့ကို ပြောခဲ့တယ်”
“မင်းက အရမ်း လူကောင်သေးတယ်” သူ ကျွန်တော့်ကို ကြည့်လိုက်တယ်၊ ပြီးတော့ ပြန်ပြောတယ် “မင်း .. မင်းကတော့ ဘောလုံးကစားတာ အတော်ကို ဆိုးရွားတယ်”လို့ ပြန်ပြောပါတယ်။ “ဟုတ်တယ်၊ ငါတိ့ု ၂ ယောက်လုံး မှန်တယ်ကွ”လို့ ကျွန်တော်ပြန်ပြောလိုက်တယ်”
”ပြီးတော့ ၂ ယောက်လုံး ပြိုင်တူ ရယ်လိုက်ကြတယ် ။ ဒီဖြစ်ရပ်က စပိန်ပြည်ရဲ့ဘောလုံးချစ်ပရိသတ်တွေကို ပြုံးရွှင်စေတဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ထင်ရှားတဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ အယ်ဗာရိုဟာ ဒီနွေရာသီမှာ ဗီလာရီးရဲလ်ကနေ မာဆေးလ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
အငှားနဲ့ ရောက်ရှိလာခဲ့ပေမယ့် စာချုပ်မှာ အပြီးသတ်ဝယ်ယူနိုင်တဲ့ အချက်လည်း ပါဝင်ပါတယ်။ မာဆေးလ်အသင်းဟာ လီဂူးဝမ်း ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင် ၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
မာဆေးလ်ဟာ တနင်္ဂနွေနေ့မှာတော့ မိုနာကိုအသင်းနဲ့ ပွဲကျပ်တစ်ပွဲ ရင်ဆိုင်ကစားရဦးမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ အယ်လ်ဗာရိုက ဒဏ်ရာပြဿနာတွေ မရှိခဲ့တာကို ကျေးဇူးတင်ရမှာဖြစ်ပြီး မက်ဆီထက်တော့ အဖွင့်ပွဲစဉ်တွေမှာ တာထွက်လှခဲ့ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်ကတော့ ယခုထိ ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။