ေျခစြမ္းက်ဆင္းလာတာမဟုတ္ဘဲ ရလဒ္သာဆုိးရြားလာတာလုိ႔ ဆုိးလ္ရွား ေျပာ

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ေနာက္ထပ္စိတ္ပ်က္ဖြယ္ရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ တိုက္စစ္ပိုင္းက ယခုထက္အဆံုးသတ္ပိုမိုေသခ်ာဖို႔ လိုအပ္လာၿပီျဖစ္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

Photo Credit ; Reuters

ဆိုးလ္ရွားက စေနေန႔မွာ ေဆာက္သမ္တန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့လုိ႔ ေနာက္ဆံုး ၃ပြဲဆက္ႏိုင္ပြဲ ေပ်ာက္ေနရေပမယ့္ ေျခစြမ္းပိုင္း က်ဆင္းသြားျခင္းမ်ိဳးမဟုတ္ဘဲ ရလဒ္ပိုင္းသာ ဆိုးရြားေနျခင္းျဖစ္တယ္လုိ႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images / AFP

ယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာ၊ ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္တို႔ကို ေခၚယူခဲ့ေပမယ့္ ရလဒ္ဆိုးေတြထဲကေန ႐ုန္းမထြက္ႏိုင္ေသးဘဲ အဖြင့္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးကို ၄-ဝ ဂိုးနဲ႔ အႏိုင္ရၿပီးေနာက္ ႏိုင္ပြဲဆက္တိုက္ေပ်ာက္ဆံုးေနပါတယ္။

Photo Credit

”နည္းနည္းထူးဆန္းတာတစ္ခုက ကြ်န္ေတာ္တို႔အႏိုင္မရခဲ့တဲ့အဲဒီ ၃ပြဲမွာ အသင္းရဲ႕ကစားပံုက ခ်ဲလ္ဆီးကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲထက္ ေျခစြမ္းပိုေကာင္းတယ္ဆိုတဲ့အခ်က္ပါပဲ။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ၿပိဳင္ဘက္က ကြ်န္ေတာ္တို႔ကို ဖိအားေပးကစားခဲ့ၿပီး ကၽြန္ေတာ္တို႔ကလည္း တန္ျပန္တိုက္စစ္ဆင္ကစားခဲ့ပါတယ္”

Photo Credit

”က်န္ ၃ပြဲမွာေတာ့ ကၽြန္ေတာ္တို႔အသင္း ၿပိဳင္ဘက္ကို လႊမ္းမိုးကစားႏိုင္ခဲ့ပါတယ္။ အဲဒီပြဲေတြမွာ အမွတ္ျပည့္ရဖို႔ လံုေလာက္တဲ့အခြင့္အေရးေတြဖန္တီးႏိုင္ခဲ့ေပမယ့္ အဆံုးသတ္မေသခ်ာလို႔ အမွတ္ေတြေလ်ာ့က်ခဲ့ရတာပါ။ ပင္နယ္တီေတြလြဲတယ္။ ၿပီးေတာ့ အပိုင္အခြင့္အေရးေတြလည္း လြဲေခ်ာ္ခဲ့တယ္”

Photo Credit ; Reuters

”ဒီပြဲမွာလည္း ကၽြန္ေတာ္တို႔အသင္း အႏိုင္ရခဲ့သင့္ပါတယ္။ ေျခစြမ္းက်ဆင္းသြားတာမဟုတ္ဘဲ ရလဒ္ပိုင္းသာ ဆိုးရြားေနတာပါ။ ဒါက လံုးဝကို ေသခ်ာပါတယ္”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

Photo Credit

Unicode

ခြေစွမ်းကျဆင်းလာတာမဟုတ်ဘဲ ရလဒ်သာဆိုးရွားလာတာလို့ ဆိုးလ်ရှား ပြော

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက နောက်ထပ်စိတ်ပျက်ဖွယ်ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် တိုက်စစ်ပိုင်းက ယခုထက်အဆုံးသတ်ပိုမိုသေချာဖို့ လိုအပ်လာပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
ဆိုးလ်ရှားက စနေနေ့မှာ ဆောက်သမ်တန်နဲ့ ၁-၁ ဂိုးသရေကျခဲ့လို့ နောက်ဆုံး ၃ပွဲဆက်နိုင်ပွဲ ပျောက်နေရပေမယ့် ခြေစွမ်းပိုင်း ကျဆင်းသွားခြင်းမျိုးမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွားနေခြင်းဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ၊ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်တို့ကို ခေါ်ယူခဲ့ပေမယ့် ရလဒ်ဆိုးတွေထဲကနေ ရုန်းမထွက်နိုင်သေးဘဲ အဖွင့်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို ၄-ဝ ဂိုးနဲ့ အနိုင်ရပြီးနောက် နိုင်ပွဲဆက်တိုက်ပျောက်ဆုံးနေပါတယ်။
”နည်းနည်းထူးဆန်းတာတစ်ခုက ကျွန်တော်တို့အနိုင်မရခဲ့တဲ့အဲဒီ ၃ပွဲမှာ အသင်းရဲ့ကစားပုံက ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲထက် ခြေစွမ်းပိုကောင်းတယ်ဆိုတဲ့အချက်ပါပဲ။ ချဲလ်ဆီးနဲ့ပွဲမှာ ပြိုင်ဘက်က ကျွန်တော်တို့ကို ဖိအားပေးကစားခဲ့ပြီး ကျွန်တော်တို့ကလည်း တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ပါတယ်”
”ကျန် ၃ပွဲမှာတော့ ကျွန်တော်တို့အသင်း ပြိုင်ဘက်ကို လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲတွေမှာ အမှတ်ပြည့်ရဖို့ လုံလောက်တဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာလို့ အမှတ်တွေလျော့ကျခဲ့ရတာပါ။ ပင်နယ်တီတွေလွဲတယ်။ ပြီးတော့ အပိုင်အခွင့်အရေးတွေလည်း လွဲချော်ခဲ့တယ်”
”ဒီပွဲမှာလည်း ကျွန်တော်တို့အသင်း အနိုင်ရခဲ့သင့်ပါတယ်။ ခြေစွမ်းကျဆင်းသွားတာမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွားနေတာပါ။ ဒါက လုံးဝကို သေချာပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။