ေအးဂ်င့္ေလာကထဲ၀င္ေတာ့မယ့္ဘက္ခမ္း မန္ယူလူငယ္ၾကယ္ပြင့္ဂရင္း၀ုဒ္ကိုပစ္မွတ္ထား

photo-gettyimages

photo-gettyimages

မန္ယူ၊ရီးရဲဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီ၊အယ္လ္ေအဂလက္ဆီနဲ႔အဂၤလန္ၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ေဒးဗစ္ဘက္ခမ္းဟာ ေအးဂ်င့္ေလာကထဲကို ၀င္ေရာက္ေတာ့မွာပါ။ အသက္ ၄၄ ႏွစ္အရြယ္ ဘက္ခမ္းဟာ ေမဂ်ာလိဂ္အသင္းသစ္အင္တာမီယာမီထူေထာင္ေရးအတြက္ အလုပ္ရႈပ္ေနသလို သူ႔ရဲ႕၉၂ မန္ယူအသင္းေဟာင္းေတြနဲ႔လည္း အဂၤလန္ေအာက္တန္းကလပ္ဆဲလ္ဖုိ႔ဒ္စီးတီးမွာ ရွယ္ယာ၀င္ထားတာပါ။ အခုလည္း ဘက္ခမ္းဟာ ရင္းႏွီးတဲ့မိတ္ေဆြႏွစ္ေယာက္နဲ႔အတူ Footwork Management Limited လုိ႔အမည္ရတဲ့ကစားသမားေအးဂ်င့္ကုမၸဏီကို တည္ေထာင္ေတာ့မွာပါ။

photo-gettyimages

၂၀၁၃ မွာ ကစားသမားဘ၀က အနားယူခဲ့တဲ့ဘက္ခမ္းဟာ လိုင္စင္ရေအးဂ်င့္တစ္ေယာက္မဟုတ္ေပမယ့္ စပ္တူလုပ္ကိုင္မယ့္ေဒ့ဗ္ဂတ္ဒနာကေတာ့ အက္ဖ္ေအရဲ႕ေအးဂ်င့္စာရင္းထဲမွာ ပါ၀င္သူပါ။ ဘက္ခမ္းနဲ႔သူ႔ရဲ႕မိတ္ေဆြႏွစ္ေယာက္ဟာ ထိပ္တန္းကစားသမားေအးဂ်င့္တစ္ခုျဖစ္လာေအာင္အထိ ရည္မွန္းေနၾကတာျဖစ္ၿပီး အဲဒီအတြက္ ဒီရာသီမန္ယူနဲ႔အတူ ေတာက္ပလာတဲ့ လူငယ္ၾကယ္ပြင့္တုိက္စစ္မႈးေလးေမဆင္ဂရင္း၀ုဒ္ဟာ သူတုိ႔ရဲ႕ထိပ္တန္းပစ္မွတ္ျဖစ္ေနပါတယ္။

photo-social media

အးဂ်င့္အျဖစ္လုပ္ကိုင္ေနတဲ့ ေနာ္တင္ဟမ္တုိက္စစ္မႈးေဟာင္းေဒးဗစ္ဂၽြန္ဆင္ဟာလည္း ဘက္ခမး္တုိ႔ရဲ႕ေအးဂ်င့္ကုမၸဏီမွာ ပူးေပါင္းပါ၀င္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေလာေလာဆယ္ေတာ့ ေဒးဗစ္ဂၽြန္ဆင္ရဲ႕သားျဖစ္သူ ဆယ္ေက်ာ္သက္ကစားသမားေလးဘရန္နန္ဟာ ေနာ္တင္ဟမ္အသင္းနဲ႔စာခ်ဳပ္သစ္မခ်ဳပ္ခင္ ရက္ပိုင္းအလုိမွာ ဘက္ခမ္းနဲ႔တြဲရိုက္ထားတဲ့ပုံကို ဆုိရွယ္မီဒီယာေပၚတင္ခဲ့ပါတယ္။ ဆဲလ္ဖို႔ဒ္အသင္းရဲ႕ပူးတြဲပိုင္ရွင္ျဖစ္ေနတာေၾကာင့္ တင္းက်ပ္တဲ့အက္ဖ္ေအစည္းမ်ဥ္းအရ ဘက္ခမ္းဟာ သူတုိယ္တိုင္ေတာ့ ေအးဂ်င့္လုိင္စင္ရႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ၾကားခံအဖြဲ႔အစည္းကလုပ္ေဆာင္ၿပီး လိုင္စင္ရေအးဂ်င့္ေတြက အဆုံးသတ္ေပးတဲ့အေျပာင္းအေရႊ႕ေတြကေတာ့ ျမင္ေနက်ပါပဲ။

[Unicode]

မန်ယူ၊ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီ၊အယ်လ်အေဂလက်ဆီနဲ့အင်္ဂလန်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ဒေးဗစ်ဘက်ခမ်းဟာ အေးဂျင့်လောကထဲကို ဝင်ရောက်တော့မှာပါ။ အသက် ၄၄ နှစ်အရွယ် ဘက်ခမ်းဟာ မေဂျာလိဂ်အသင်းသစ်အင်တာမီယာမီထူထောင်ရေးအတွက် အလုပ်ရှုပ်နေသလို သူ့ရဲ့၉၂ မန်ယူအသင်းဟောင်းတွေနဲ့လည်း အင်္ဂလန်အောက်တန်းကလပ်ဆဲလ်ဖို့ဒ်စီးတီးမှာ ရှယ်ယာဝင်ထားတာပါ။ အခုလည်း ဘက်ခမ်းဟာ ရင်းနှီးတဲ့မိတ်ဆွေနှစ်ယောက်နဲ့အတူ Footwork Management Limited လို့အမည်ရတဲ့ကစားသမားအေးဂျင့်ကုမ္ပဏီကို တည်ထောင်တော့မှာပါ။

၂၀၁၃ မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ဘက်ခမ်းဟာ လိုင်စင်ရအေးဂျင့်တစ်ယောက်မဟုတ်ပေမယ့် စပ်တူလုပ်ကိုင်မယ့်ဒေ့ဗ်ဂတ်ဒနာကတော့ အက်ဖ်အေရဲ့အေးဂျင့်စာရင်းထဲမှာ ပါဝင်သူပါ။ ဘက်ခမ်းနဲ့သူ့ရဲ့မိတ်ဆွေနှစ်ယောက်ဟာ ထိပ်တန်းကစားသမားအေးဂျင့်တစ်ခုဖြစ်လာအောင်အထိ ရည်မှန်းနေကြတာဖြစ်ပြီး အဲဒီအတွက် ဒီရာသီမန်ယူနဲ့အတူ တောက်ပလာတဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှုးလေးမေဆင်ဂရင်းဝုဒ်ဟာ သူတို့ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်နေပါတယ်။

အးဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ နော်တင်ဟမ်တိုက်စစ်မှုးဟောင်းဒေးဗစ်ဂျွန်ဆင်ဟာလည်း ဘက်ခမ်းတို့ရဲ့အေးဂျင့်ကုမ္ပဏီမှာ ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ်တော့ ဒေးဗစ်ဂျွန်ဆင်ရဲ့သားဖြစ်သူ ဆယ်ကျော်သက်ကစားသမားလေးဘရန်နန်ဟာ နော်တင်ဟမ်အသင်းနဲ့စာချုပ်သစ်မချုပ်ခင် ရက်ပိုင်းအလိုမှာ ဘက်ခမ်းနဲ့တွဲရိုက်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ ဆဲလ်ဖို့ဒ်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်နေတာကြောင့် တင်းကျပ်တဲ့အက်ဖ်အေစည်းမျဉ်းအရ ဘက်ခမ်းဟာ သူတိုယ်တိုင်တော့ အေးဂျင့်လိုင်စင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကြားခံအဖွဲ့အစည်းကလုပ်ဆောင်ပြီး လိုင်စင်ရအေးဂျင့်တွေက အဆုံးသတ်ပေးတဲ့အပြောင်းအရွှေ့တွေကတော့ မြင်နေကျပါပဲ။