ေအာင္ပြဲခံဓာတ္ပုံရိုက္ခ်ိန္မွာ အမ္ဘတ္ပီရဲ႕တြန္းထုတ္ျခင္းကိုခံလိုက္ရတဲ႔ ေနမာ

 

ျပင္သစ္စူပါဖလားရရွိခဲ့တဲ႔ ပီအက္စ္ဂ်ီအသင္းဟာ ဆုဖလားနဲ႔အတူေအာင္ပြဲခံဓာတ္ပုံရိုက္ဖို႔ ျပင္ဆင္ေနတုန္း ေနမာကိုတိုက္စစ္မွဴ း အမ္ဘတ္ပီက အသင္းဓာတ္ပုံမွာမပါ၀င္ေစဖို႔ တြန္းထုတ္လိုက္တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီဟာ ရန္းနက္စ္ကို ၂-၁ နဲ႔အႏိုင္ရၿပီး ဒီဖလားကို ၇ ႏွစ္ဆက္အျဖစ္စံခ်ိန္တင္ဆြတ္ခူးခဲ့တာပါ။

ေနမာဟာၿပီးခဲ့တဲ႔ရာသီက ျပင္သစ္ဖလားဗိုလ္လုပြဲမွာ ရန္းနက္စ္ကိုရႈံးနိမ့္ၿပီးေနာက္ ဆုတံဆိပ္လက္ခံရယူဖို႔ပြဲၾကည့္စင္ေပၚတက္ခ်ိန္မွာ ပရိသတ္တစ္ဦးကိုထိုးဖို႔ႀကံရြယ္ခဲ့လို႔ ပြဲပယ္ျပစ္ဒဏ္ခံခဲ့ရတာေၾကာင့္ ဒီပြဲမွာပါ၀င္ႏိုင္ျခင္းမရွိပါဘူး။

ဒီပြဲမွာ ရန္းနက္စ္ကဦးေဆာင္ဂိုးသြင္းခဲ့ေပမယ္႔ ပီအက္စ္ဂ်ီကအမ္ဘတ္ပီ၊ ဒီမာရီယာတို႔ရဲ႕ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ ၂-၁ နဲ႔အႏိုင္ရခဲ့ပါတယ္။ ဆုဖလားနဲ႔အတူ ေအာင္ပြဲခံခ်ိန္မွာဗာရက္တီကေနမာကို ဆြဲေခၚေအာင္ပြဲခံေစခဲ့ေပမယ္႔ အသင္းလိုက္ဓာတ္ပုံရိုက္ခ်ိန္မွာေတာ႔ အမ္ဘတ္ပီရဲ႕တြန္းထုတ္ျခင္းကိုခံလိုက္ရတာျဖစ္ပါတယ္။

အဲဒီပြဲမွာသူမပါလို႔ အသင္းဓာတ္ပုံမွာမပါေစခ်င္လို႔ အခုလိုလုပ္တာျဖစ္ႏိုင္သလို ေနမာအေပၚမေက်နပ္မႈကိုျပသတာလည္းျဖစ္ႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ေနမာဟာၿပီးခဲ့တဲ႔ ရာသီက ျပင္သစ္ဖလားဗိုလ္လုပြဲမွာ ရန္းနက္စ္ကိုရႈံးၿပီးေတာ႔ အမ္ဘတ္ပီကိုရည္ရြယ္ၿပီး ေ၀ဖန္ေျပာၾကားမႈေတြျပဳလုပ္ခဲ့ပါေသးတယ္။အဲဒီပြဲမွာ အမ္ဘတ္ပီထုတ္ပယ္ခံရတာကိုေနမာက ရည္ညႊန္းၿပီး ေ၀ဖန္ခဲ့တာပါ။

အခုလိုျဖစ္ခဲ့လို႔ ေနမာနဲ႔အမ္ဘတ္ပီအၾကားမွာ ဆက္ဆံေရးဆိုးရြားေနတယ္လို ထင္ရေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ သူတို႔ႏွစ္ေယာက္ဟာ ဓာတ္ပုံအတူတြဲရိုက္ခဲ့တာကို ေနမာက အင္စတာဂရမ္ေပၚတင္ခဲ့ၿပီး “ငါ့ညီအစ္ကို အမ္ဘတ္ပီ” လို႔ ပုံစာေရးထိုးေဖာ္ျပသြားခဲ့ပါတယ္။

Unicode

အောင်ပွဲခံဓာတ်ပုံရိုက်ချိန်မှာ အမ်ဘတ်ပီရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရတဲ့ နေမာ
ပြင်သစ်စူပါဖလားရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဆုဖလားနဲ့အတူအောင်ပွဲခံဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတုန်း နေမာကိုတိုက်စစ်မှူ း အမ်ဘတ်ပီက အသင်းဓာတ်ပုံမှာမပါဝင်စေဖို့ တွန်းထုတ်လိုက်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ရန်းနက်စ်ကို ၂-၁ နဲ့အနိုင်ရပြီး ဒီဖလားကို ၇ နှစ်ဆက်အဖြစ်စံချိန်တင်ဆွတ်ခူးခဲ့တာပါ။

နေမာဟာပြီးခဲ့တဲ့ရာသီက ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ရန်းနက်စ်ကိုရှုံးနိမ့်ပြီးနောက် ဆုတံဆိပ်လက်ခံရယူဖို့ပွဲကြည့်စင်ပေါ်တက်ချိန်မှာ ပရိသတ်တစ်ဦးကိုထိုးဖို့ကြံရွယ်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတာကြောင့် ဒီပွဲမှာပါဝင်နိုင်ခြင်းမရှိပါဘူး။

ဒီပွဲမှာ ရန်းနက်စ်ကဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပီအက်စ်ဂျီကအမ်ဘတ်ပီ၊ ဒီမာရီယာတို့ရဲ့ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၂-၁ နဲ့အနိုင်ရခဲ့ပါတယ်။ ဆုဖလားနဲ့အတူ အောင်ပွဲခံချိန်မှာဗာရက်တီကနေမာကို ဆွဲခေါ်အောင်ပွဲခံစေခဲ့ပေမယ့် အသင်းလိုက်ဓာတ်ပုံရိုက်ချိန်မှာတော့ အမ်ဘတ်ပီရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီပွဲမှာသူမပါလို့ အသင်းဓာတ်ပုံမှာမပါစေချင်လို့ အခုလိုလုပ်တာဖြစ်နိုင်သလို နေမာအပေါ်မကျေနပ်မှုကိုပြသတာလည်းဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ နေမာဟာပြီးခဲ့တဲ့ ရာသီက ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ရန်းနက်စ်ကိုရှုံးပြီးတော့ အမ်ဘတ်ပီကိုရည်ရွယ်ပြီး ဝေဖန်ပြောကြားမှုတွေပြုလုပ်ခဲ့ပါသေးတယ်။အဲဒီပွဲမှာ အမ်ဘတ်ပီထုတ်ပယ်ခံရတာကိုနေမာက ရည်ညွှန်းပြီး ဝေဖန်ခဲ့တာပါ။

အခုလိုဖြစ်ခဲ့လို့ နေမာနဲ့အမ်ဘတ်ပီအကြားမှာ ဆက်ဆံရေးဆိုးရွားနေတယ်လို ထင်ရပေမယ့် နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ဓာတ်ပုံအတူတွဲရိုက်ခဲ့တာကို နေမာက အင်စတာဂရမ်ပေါ်တင်ခဲ့ပြီး “ငါ့ညီအစ်ကို အမ်ဘတ်ပီ” လို့ ပုံစာရေးထိုးဖော်ပြသွားခဲ့ပါတယ်။