Photo Credit
Photo Credit
ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ရော့ခ်ျဒေးလ်အသင်းနဲ့ပွဲစဉ်မှာသိသိသာသာဆိုရွားခဲ့ပြီး ရုန်းကန်ခဲ့ရတာကြောင့် လိဂ် ၁ အသင်းတစ်သင်းဖြစ်တဲ့ ဝိုကွမ်ဘီအသင်းက သူတို့ဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့အသင်းလို့ လှောင်ပြောင်လိုက်ပါတယ်။
Photo Credit
Photo Credit
Photo Credit
Photo Credit
ဝိုင်ကွမ်ဘီအသင်းပို့စ် တင်ခဲ့သလို အမှတ်တကယ်ပဲယူနိုက်တက်ဟာ ကြားရက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ရော့ခ်ျဒေးလ်အသင်းနဲ့ပွဲစဉ်မှာရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit
အသင်းလူစာရင်းမှာ အာရွန် ဝမ်ဘစ်ဆာကာနဲ့ ပေါလ်ပေါ့ဂ်ဘာတို့ ပါဝင်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ရော့ခ်ျဒေးလ်အသင်းကို ၁-၁ စီသရေကျနေခဲ့တာကြောင့် ပင်နယ်တီထိရှေ့ဆက်ခဲ့ရပြီးပင်နယ်တီမှာအနိုင်ရရှိလို့သာ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တာပါ။
Photo Credit
Photo Credit
Unicode
အောက်တန်းလိဂ်ကအသင်းတွေကတောင် ယူနိုက်တက်ကို မခန့်တော့လား… ဝိုင်ကွမ်ဘီအသင်းရဲ့ ပျစ်ပျစ်နှစ်နှစ် လှောင်ပြောင်တာခံလိုက်ရတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ရော့ချ်ဒေးလ်အသင်းနဲ့ပွဲစဉ်မှာသိသိသာသာဆိုရွားခဲ့ပြီး ရုန်းကန်ခဲ့ရတာကြောင့် လိဂ် ၁ အသင်းတစ်သင်းဖြစ်တဲ့ ဝိုကွမ်ဘီအသင်းက သူတို့ဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့အသင်းလို့ လှောင်ပြောင်လိုက်ပါတယ်။
ရော့ချ်ဒေးလ်အသင်းဟာ ဝိုင်ကွမ်ဘီအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပေမယ့် ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ယူနိုက်တက်ကိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာထွက်ပေါ်ခဲ့တဲ့ရလဒ်ကြောင့် ဝိုင်ကွမ်ဘီအသင်းက ပရီးမီးယားလိဂ်အသင်းကိုဟာသလုပ်လိုက်တာပါ။
လိဂ် ၁ အသင်းဟာ ရော့ခ်ျဒေးလ်အသင်းကို အဝေးကွင်းသွားရောက် ကစားခဲ့ပြီး ၃-ဝနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်ကတော့ ပင်နယ်တီအထိရောက်ရှိအောင် ယှဉ်ပြိုင်ခဲ့ရပြီးကံကောင်းလို့သာအနိုင်ရရှိခဲ့တာပါ။ ဝိုင်ကွမ်ဘီအသင်းက တွစ်တာမှာ” OFFICIAL ; ကျွန်တော်တို့အသင်းဟာ မန်ယူထက်ပိုကောင်းပါတယ်”လို့ တင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အောင်မြင်မှုအကြီးမားဆုံးအသင်းကို Tag တွဲခဲ့ပါတယ်။
အဆိုပါ ဝိုင်ကွမ်ဘီရဲ့ တွစ်တာပို့စ်ဟာ Retweets ၅၀၀၀ကျော်ရှိခဲ့ပြီး၊ Like – 22K ရှိခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတွေကတော့ “ကျွန်တေ်ာတို့ ဝိုင်ကွမ်ဘီနဲ့ ပေါင်းစည်းသင့်တယ်၊ ကြည့်ပါဦး ယူနိုက်တက်က ဝိုင်ကွမ်ဘီဝေဖန်တာခံနေရတယ်၊ Wow.ဝိုင်ကွမ်ဘီကပြောတာဆိုတာ ခံနေရတာပဲ။ ဘုရားသခင်၊ ယူနိုက်တက်လူစာရင်းမှာ ဝိုင်ကွမ်ဘီတိုက်စစ်မှူး အကင်ဖန်ဝါကိုထည့်သင့်တယ်” စသည်ဖြင့် ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။
ဝိုင်ကွမ်ဘီအသင်းပို့စ် တင်ခဲ့သလို အမှတ်တကယ်ပဲယူနိုက်တက်ဟာ ကြားရက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ရော့ချ်ဒေးလ်အသင်းနဲ့ပွဲစဉ်မှာရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းလူစာရင်းမှာ အာရွန် ဝမ်ဘစ်ဆာကာနဲ့ ပေါလ်ပေါ့ဂ်ဘာတို့ ပါဝင်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ရော့ခ်ျဒေးလ်အသင်းကို ၁-၁ စီသရေကျနေခဲ့တာကြောင့် ပင်နယ်တီထိရှေ့ဆက်ခဲ့ရပြီးပင်နယ်တီမှာအနိုင်ရရှိလု့ိသာ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကိုင်တွယ်နေတဲ့ လက်ရှိရာသီအစမှာလည်း ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီးမနက်ဖြန်ညမှာတော့ အာဆင်နယ်အသင်းက အိုးထရက်ဖို့ဒ်မှာဧည့်သည်အဖြစ် လာရောက်ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။