ေအစီမီလန္မွာတတိယေျမာက္ မာလ္ဒီနီမ်ဳိးဆက္ေပၚထြက္ လာျပန္

ေအစီမီလန္က ဘိုင္ယန္ုျမဴ းနစ္ကို ၁-၀ နဲ႔ရႈံးခဲ့တဲ႔ ပြဲစဥ္မွာ ေအစီမီလန္ရဲ႕တတိယေျမာက္ မာလ္ဒီနီမ်ဳိးဆက္ေပၚထြက္လာတာကိုျမင္ေတြ႔ခဲ့ရတယ္လို႔ သိရပါတယ္။ သူကေတာ႔ ဒန္နီရယ္မာလ္ဒီနီျဖစ္ၿပီး ကလပ္ရဲ႕ဂႏၳ၀င္ျဖစ္တဲ႔ ေပၚလိုမာလ္ဒီနီရဲ႕သားျဖစ္ပါတယ္။

ဒန္နီရယ္ဟာပြဲခ်ိန္ ၅၈ မိနစ္မွာ ကူထရိုနီအစား လူစား၀င္ကစားၿပီး ေအစီမွာတတိယေျမာက္ မာလ္ဒီနီမ်ဳိးဆက္ရွိေနတယ္ဆိုတာကို အသိေပးလိုက္တာပါ။ သူ႔အဖိုး ဆီဆာရီမာလ္ဒီနီဟာ ေအစီမီလန္မွာ ၁၉၅၄ ကေန ၁၉၆၆ အထိ ၁၂ ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီး နည္းျပအျဖစ္လည္း ၂ ႀကိမ္တာ၀န္ယူခဲ့ဘူးပါတယ္။

ဒန္နီရယ္ရဲကဖခင္ ေပၚလိုဟာ ၁၉၈၅ ကေန ၂၀၀၉ အထိ ၂၄ ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီး သူ႔ကစားသမားဘ၀တစ္ေလွ်ာက္လုံးကိုလည္း ေအစီနဲ႔ဘဲလက္တဲြခဲ့သူျဖစ္ပါတယ္။ အသက္ ၅၁ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပၚလိုမာလ္ဒီနီဟာ လက္ရွိမွာေအစီမီလန္ရဲ႕နည္းစနစ္ဒါရိုက္တာလည္းျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ဒန္နီရယ္ဟာ သူ႔အဖိုးနဲ႔သူ႔ဖခင္တို႔လို ေနာက္ခံလူေတာ႔မဟုတ္ဘဲ ေတာင္ပံကစားသမားျဖစ္ပါတယ္။ ဒန္နီရယ္ဟာေအစီအကယ္ဒမီကေနထြက္ေပၚလာသူျဖစ္ၿပီး လူငယ္အသင္းမွာေျခစြမ္းျပၿပီးေနာက္ အီတလီယူ-၁၈ အသင္းမွာလည္းေရြးခ်ယ္ခံခဲ့ရသလို ေအစီမီလန္စီနီယာအသင္းႀကီးအတြက္လည္း ဘိုင္ယန္နဲ႔ေျခစမ္းပြဲမွာ ပြဲဦးထြက္ပါ၀င္ကစားသြားတာျဖစ္ပါတယ္။

ေပၚလိုရဲ႕သားႀကီးျဖစ္ၿပီး ဒန္နီရယ္ရဲ႕အစ္ကိုျဖစ္တဲ႔ ခရစၥတီယန္ဟာ ေအစီရဲ႕အကယ္ဒမီကေနဘဲထြက္ေပၚလာသူျဖစ္ေပမယ္႔ သူကေတာ႔ေျခစြမ္းမျပႏိုင္လို႔ အခုဆိုရင္ စီးရီး စီအသင္းတစ္ခုျဖစ္တဲ႔ ဖာႏိုမွာသြားေရာက္ကစားေနရပါတယ္။ ဒန္နီရယ္ဟာ ေအစီမီလန္ရဲ႕အလားအလာေကာင္းသူလူငယ္တစ္ဦးအျဖစ္သတ္မွတ္ခံထားရပါတယ္။

Unicode

အေစီမီလန်မှာတတိယမြောက် မာလ်ဒီနီမျိုးဆက်ပေါ်ထွက် လာပြန်
အေစီမီလန်က ဘိုင်ယန်ုမြူ းနစ်ကို ၁-၀ နဲ့ရှုံးခဲ့တဲ့ ပွဲစဉ်မှာ အေစီမီလန်ရဲ့တတိယမြောက် မာလ်ဒီနီမျိုးဆက်ပေါ်ထွက်လာတာကိုမြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ သူကတော့ ဒန်နီရယ်မာလ်ဒီနီဖြစ်ပြီး ကလပ်ရဲ့ဂန္ထဝင်ဖြစ်တဲ့ ပေါ်လိုမာလ်ဒီနီရဲ့သားဖြစ်ပါတယ်။

ဒန်နီရယ်ဟာပွဲချိန် ၅၈ မိနစ်မှာ ကူထရိုနီအစား လူစားဝင်ကစားပြီး အေစီမှာတတိယမြောက် မာလ်ဒီနီမျိုးဆက်ရှိနေတယ်ဆိုတာကို အသိပေးလိုက်တာပါ။ သူ့အဖိုး ဆီဆာရီမာလ်ဒီနီဟာ အေစီမီလန်မှာ ၁၉၅၄ ကနေ ၁၉၆၆ အထိ ၁၂ နှစ်ကြာကစားခဲ့သူဖြစ်ပြီး နည်းပြအဖြစ်လည်း ၂ ကြိမ်တာဝန်ယူခဲ့ဘူးပါတယ်။

ဒန်နီရယ်ရဲကဖခင် ပေါ်လိုဟာ ၁၉၈၅ ကနေ ၂၀၀၉ အထိ ၂၄ နှစ်ကြာကစားခဲ့သူဖြစ်ပြီး သူ့ကစားသမားဘဝတစ်လျှောက်လုံးကိုလည်း အေစီနဲ့ဘဲလက်တွဲခဲ့သူဖြစ်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ပေါ်လိုမာလ်ဒီနီဟာ လက်ရှိမှာအေစီမီလန်ရဲ့နည်းစနစ်ဒါရိုက်တာလည်းဖြစ်ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဒန်နီရယ်ဟာ သူ့အဖိုးနဲ့သူ့ဖခင်တို့လို နောက်ခံလူတော့မဟုတ်ဘဲ တောင်ပံကစားသမားဖြစ်ပါတယ်။ ဒန်နီရယ်ဟာအေစီအကယ်ဒမီကနေထွက်ပေါ်လာသူဖြစ်ပြီး လူငယ်အသင်းမှာခြေစွမ်းပြပြီးနောက် အီတလီယူ-၁၈ အသင်းမှာလည်းရွေးချယ်ခံခဲ့ရသလို အေစီမီလန်စီနီယာအသင်းကြီးအတွက်လည်း ဘိုင်ယန်နဲ့ခြေစမ်းပွဲမှာ ပွဲဦးထွက်ပါဝင်ကစားသွားတာဖြစ်ပါတယ်။

ပေါ်လိုရဲ့သားကြီးဖြစ်ပြီး ဒန်နီရယ်ရဲ့အစ်ကိုဖြစ်တဲ့ ခရစ္စတီယန်ဟာ အေစီရဲ့အကယ်ဒမီကနေဘဲထွက်ပေါ်လာသူဖြစ်ပေမယ့် သူကတော့ခြေစွမ်းမပြနိုင်လို့ အခုဆိုရင် စီးရီး စီအသင်းတစ်ခုဖြစ်တဲ့ ဖာနိုမှာသွားရောက်ကစားနေရပါတယ်။ ဒန်နီရယ်ဟာ အေစီမီလန်ရဲ့အလားအလာကောင်းသူလူငယ်တစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။