လေးနှစ်ကြာ မကျေနပ်ချက်တွေကို တစ်ခန်းရပ်လိုက်တဲ့ နေမာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာနှင့်နေမာတို့ဟာလေးနှစ်ကြာတရားရင်ဆိုင်လာမှုကို နှစ်ဦးသဘောတူအခင်အမင်မပျက်သဘောတူညီမှုရရှိကာအဆုံးသတ်လိုက်နိုင်ပြီဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၇ခုနှစ်နွေရာသီမှာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို-၂၂၂သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
နေမာအနေနဲ့နျူးကမ့်ကနေထွက်ခွါလာပေမယ့် လက်မှတ်ထိုးကြေး bonus တွေမရခဲ့ဘူးလို့ငြင်းဆိုခဲ့ပြီး ဘာစီလိုနာအသင်းကလည်း တရားရုံးမှာချေပခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဟာ၂၀၁၆ခုနှစ်တုန်းကစာချုပ်သစ်ချုပ်ဆိုစဉ်ကနေမာကိုပေးခဲ့ရတဲ့ပေါင်၈သန်းကိုပြန်လည်ရရှိရန်အတွက်တရားစွဲမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဇွန်လမှာတော့စပိန်တရားရုံးတစ်ခုကနေမာအနေနဲ့ ဘာစီလိုနာကိုပေါင်၆.၁သန်းပြန်ပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့်နေမာဟာတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ခဲ့ပြီးတရားစွဲဆိုမှုအသစ်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဘာစီလိုနာအသင်းရဲ့ထုတ်ပြန်ချက်အရ “ဘာစီလိုနာအသင်းအနေနဲ့ နေမာဒါဆေးဗားဆန်းတို့စ်ဂျူနီယာနဲ့ ရင်ဆိုင်ခဲ့တဲ့ အလုပ်သမားနဲ့တရားရေးရာအမှုတွေကို ငြိမ်းချမ်းစွာအဆုံးသတ်ခဲ့ကြောင်းကြေငြာလိုပါတယ်။
ဒါကြောင့် ကစားသမားနဲ့အသင်းကြား ဆိုင်းငံ့ထားတဲ့တရားရေးကိစ္စတွေကိုရပ်တန့်ဖို့ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။”
“နေမာဟာ ၂၀၁၃-၁၄ဘောလုံးရာသီကနေ ၂၀၁၆-၁၇ဘောလုံးရာသီအထိ ဘာစီလိုနာကစားသမားဖြစ်ခဲ့ပါတယ်။
မကြာခင်မှာပဲ သူလက်ရှိကစားနေတဲ့ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်” လို့ပါရှိပါတယ်။
လက်ရှိအချိန်တွင်၎င်းတို့အကြားမည်သို့သဘောတူညီမှုရယူခဲ့သလဲ ဆိုတာကိုတော့မသိရသေးပါဘူး။
အခုတော့နေမာရော ဘာစီလိုနာအသင်းပါ ၂၀၂၁-၂၂ဘောလုံးရာသီအတွက် အပြည့်အဝအာရုံစိုက်ဖို့ ပြင်ဆင်နေကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လေးနှစ်ကြာ မကျေနပ်ချက်တွေကို တစ်ခန်းရပ်လိုက်တဲ့ နေမာ