ေလးစားစရာေကာင္းတဲ့ ကန္တီရဲ႕အျပဳအမူ…ခ်ဲလ္ဆီးပရိသတ္တစ္ဦးရဲ႕မဂၤလာပြဲကို ကန္တီ တက္ေရာက္

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ကန္တီဟာ ဒဏ္ရာျပႆနာေၾကာင့္ စေနေန႔က ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္ခဲ့ရေပမယ့္ အဲဒီအတြက္ေၾကာင့္ပဲ အရင္က တက္ေရာက္ဖို႔ ျငင္းဆန္ခဲ့တဲ့ ပရိသတ္တစ္ဦးရဲ႕မဂၤလာပြဲကို တက္ေရာက္ဂုဏ္ျပဳခဲ့ပါတယ္။

Photo Credit

ကန္တီဟာ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ရွက္ဖီးလ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရတာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ပဲ ျပင္သစ္အသင္းရဲ႕ႏိုင္ငံတကာပြဲစဥ္ေတြကိုပါ လြဲေခ်ာ္ခဲ့ရလို႔ မူလအစီအစဥ္ေတြကို ေျပာင္းလဲခြင့္ရရွိသြားခဲ့ပါတယ္။

Photo Credit

ကန္တီဟာ အေစာပိုင္းက ဟန္နာခါလစ္နဲ႔ ရာေဖးလ္မာလစ္တုိ႔ရဲ႕မဂၤလာပြဲကို တက္ေရာက္ဖုိ႔ ဖိတ္ၾကားခံထားရတာကို ျငင္းဆန္ထားေပမယ့္ ဒဏ္ရာေၾကာင့္ လက္ေရြးစင္အသင္းနဲ႔ မပူးေပါင္းရလုိ႔ အဆုံးသတ္မွာ အဲဒီမဂၤလာပြဲကို တက္ေရာက္ခဲ့ပါတယ္။ သူ႕ကို သတုိ႔သမီးရဲ႕ဖခင္ျဖစ္သူ ဖရန္႔ခါလစ္က ဖိတ္ၾကားခဲ့တာပါ။

Photo Credit

”သူငယ္ခ်င္းတစ္ေယာက္ရဲ႕မိတ္ဆက္ေပးမႈနဲ႔ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ စတင္ရင္းႏွီးခဲ့တာျဖစ္ၿပီး သူကလည္း ကၽြန္ေတာ့္ရဲ႕စားေသာက္ဆုိင္ကို လာေရာက္လည္ပတ္ခဲ့ပါတယ္။ ကၽြန္ေတာ့္သမီးရဲ႕မဂၤလာပြဲတက္ဖို႔ သူ႕ကို ဖိတ္ခဲ့ပါတယ္။ အေစာပိုင္းကေတာ့ သူက မအားဘူးလုိ႔ ေျပာပါတယ္”

Photo Credit

”ဘာျဖစ္လုိ႔လဲဆုိေတာ့ လက္ေရြးစင္အသင္းအတြက္ ကစားရမွာမို႔လုိ႔ပါ။ ဒါေပမဲ့ သူဒဏ္ရာေၾကာင့္ ျပင္သစ္အသင္းမွာ မပါလုိ႔ မဂၤလာပြဲကို လာေနၿပီလုိ႔ ကၽြန္ေတာ့္ဆီ သူ မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔တစ္မိသားစုလုံး ကန္တီနဲ႔အေတာ္ေလးရင္းႏွီးၿပီး ၂၀၁၈ ဧၿပီလက ကၽြန္ေတာ္ ခဲြစိတ္ကုသမႈခံယူေတာ့ အရင္ဆုံးသတင္းလာေမးသူက ကန္တီပါ”

Photo Credit

”သူက ၿပီးသြားတဲ့အထိ အနားမွာေနေပးၿပီး ေရာက္လာသူအားလုံးကိုလည္း ရည္ရည္မြန္မြန္ဆက္ဆံပါတယ္။ ၿပီးေတာ့ ေရာက္လာသူေတြကို လက္မွတ္ထိုးေပးတယ္။ သူတုိ႔နဲ႔လည္း အမွတ္တရဓာတ္ပုံေတြ႐ိုက္ခဲ့ပါတယ္”လုိ႔ ဖရန္႔ခါလစ္က ေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီး ခါလစ္က ”ကန္တီက မဂၤလာပြဲမွာ ေရာက္လာသမွ်လူတုိင္းက သူ႕ကို Selfie ဓာတ္ပုံအတူ႐ုိက္ဖုိ႔ ေတာင္းဆုိသမွ်ကို ၿပံဳးၿပံဳး ၿပံဳးၿပံဳးနဲ႔ ဓာတ္ပုံအ႐ုိက္ခံခဲ့ပါတယ္။ သူ႕ကို ကစားသမားတစ္ဦးအေနနဲ႔ ႀကိဳက္ႏွစ္သက္သလုိ တျခားလူေတြကို ဦးစားေပးတတ္သူအျဖစ္လည္း ေလးစားရပါတယ္”လုိ႔ ခ်ီးက်ဴးသြားပါတယ္။

Photo Credit

Unicode

လေးစားစရာကောင်းတဲ့ ကန်တီရဲ့အပြုအမူ…ချဲလ်ဆီးပရိသတ်တစ်ဦးရဲ့မင်္ဂလာပွဲကို ကန်တီ တက်ရောက်

ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တီဟာ ဒဏ်ရာပြဿနာကြောင့် စနေနေ့က ရှက်ဖီးလ်ယူနိုက်တက်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို လွဲချော်ခဲ့ရပေမယ့် အဲဒီအတွက်ကြောင့်ပဲ အရင်က တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
ကန်တီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရှက်ဖီးလ်နဲ့ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့်ပဲ ပြင်သစ်အသင်းရဲ့နိုင်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ရလို့ မူလအစီအစဉ်တွေကို ပြောင်းလဲခွင့်ရရှိသွားခဲ့ပါတယ်။
ကန်တီဟာ အစောပိုင်းက ဟန်နာခါလစ်နဲ့ ရာဖေးလ်မာလစ်တို့ရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတာကို ငြင်းဆန်ထားပေမယ့် ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းရလို့ အဆုံးသတ်မှာ အဲဒီမင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ သူ့ကို သတို့သမီးရဲ့ဖခင်ဖြစ်သူ ဖရန့်ခါလစ်က ဖိတ်ကြားခဲ့တာပါ။
”သူငယ်ချင်းတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ ကျွန်တော်တို့နှစ်ယောက် စတင်ရင်းနှီးခဲ့တာဖြစ်ပြီး သူကလည်း ကျွန်တော့်ရဲ့စားသောက်ဆိုင်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ကျွန်တော့်သမီးရဲ့မင်္ဂလာပွဲတက်ဖို့ သူ့ကို ဖိတ်ခဲ့ပါတယ်။ အစောပိုင်းကတော့ သူက မအားဘူးလို့ ပြောပါတယ်”
”ဘာဖြစ်လို့လဲဆိုတော့ လက်ရွေးစင်အသင်းအတွက် ကစားရမှာမို့လို့ပါ။ ဒါပေမဲ့ သူဒဏ်ရာကြောင့် ပြင်သစ်အသင်းမှာ မပါလို့ မင်္ဂလာပွဲကို လာနေပြီလို့ ကျွန်တော့်ဆီ သူ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ ကျွန်တော်တို့တစ်မိသားစုလုံး ကန်တီနဲ့အတော်လေးရင်းနှီးပြီး ၂၀၁၈ ဧပြီလက ကျွန်တော် ခွဲစိတ်ကုသမှုခံယူတော့ အရင်ဆုံးသတင်းလာမေးသူက ကန်တီပါ”
”သူက ပြီးသွားတဲ့အထိ အနားမှာနေပေးပြီး ရောက်လာသူအားလုံးကိုလည်း ရည်ရည်မွန်မွန်ဆက်ဆံပါတယ်။ ပြီးတော့ ရောက်လာသူတွေကို လက်မှတ်ထိုးပေးတယ်။ သူတို့နဲ့လည်း အမှတ်တရဓာတ်ပုံတွေရိုက်ခဲ့ပါတယ်”လို့ ဖရန့်ခါလစ်က ပြောပါတယ်။
ဆက်လက်ပြီး ခါလစ်က ”ကန်တီက မင်္ဂလာပွဲမှာ ရောက်လာသမျှလူတိုင်းက သူ့ကို Selfie ဓာတ်ပုံအတူရိုက်ဖို့ တောင်းဆိုသမျှကို ပြုံးပြုံး ပြုံးပြုံးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ ကြိုက်နှစ်သက်သလို တခြားလူတွေကို ဦးစားပေးတတ်သူအဖြစ်လည်း လေးစားရပါတယ်”လို့ ချီးကျူးသွားပါတယ်။