ေလ့က်င့္ေရးကြင္းမွာ ရီးရဲလ္အသင္းေဖာ္ေတြကို အေပ်ာ္တမ္းကစားသမားေတြျဖစ္သြားေစတဲ့ ကူဘို

Photo Credit

Photo Credit

ရီးရဲလ္မက္ဒရစ္လူငယ္ကစားသမားေလး ကူဘိုဟာ အခုမွ အသက္ ၁၈ႏွစ္ပဲရွိေသးေပမယ့္ အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္သစ္ေတြကို အေပ်ာ္တမ္းကစားသမားေတြျဖစ္သြားေစတယ္လုိ႔ မီဒီယာေတြက ခ်ီးက်ဴးေနၾကၿပီး အြန္လုိင္းမွာထြက္ေပၚလာတဲ့ သူ႕ရဲ႕ေလ့က်င့္ေရးကြင္းကေလ့က်င့္ခန္းဆင္းေနတဲ့ ဗီဒီယိုမွတ္တမ္းလည္း ထြက္ေပၚလာပါတယ္။ ရီးရဲလ္ဟာ ကူဘိုကို ေပါင္ ၁.၇၈သန္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေခၚယူခဲ့တာျဖစ္ၿပီး ရာသီသစ္အတြက္ ဘီအသင္းမွာ စာရင္းထည့္သြင္းထားပါတယ္။

Photo Credit

ဒါေပမဲ့ ဂ်ပန္မက္ဆီလုိ႔ ေက်ာ္ၾကားေနတဲ့ ကူဘုိဟာ ေလ့က်င့္ေရးကြင္းမွာ နည္းျပအဖြဲ႕၀င္ေတြ သေဘာက်ေစတဲ့အထိ ေျခစြမ္းျပေနလို႔ ေမွ်ာ္လင့္ထားတာထက္ ပိုမိုေစာစီးစြာ နည္းျပဇီဒန္းရဲ႕အသင္းႀကီးမွာ ျမင္ေတြ႕ရဖုိ႔ မ်ားေနပါတယ္။ ေလ့က်င့္ေရးကြင္းမွာ သူ႕ရဲ႕တစ္ဦးခ်င္းထူးခၽြန္မႈစြမ္းရည္အရ ပထမအသင္းမွာ ပါ၀င္ခြင့္ရဖို႔ သိပ္မၾကာေတာ့ဘူးလုိ႔ နည္းျပေတြက မွတ္ခ်က္ေပးေနပါတယ္။

Photo Credit

လာမာစီယာမွာ ၄ႏွစ္ၾကာက်င္လည္ခဲ့တဲ့ ကူဘုိဟာ လူငယ္ကစားသမားေတြကို ေခၚယူမႈနဲ႔ပတ္သက္လုိ႔ ဘာစီလိုနာအသင္း ဖီဖာရဲ႕အေျပာင္းအေရႊ႕ပိတ္ပင္ျခင္းခံခဲ့ရၿပီးေနာက္ ႏူးကမ့္အေျခစိုက္အသင္းနဲ႔လမ္းခြဲကာ ဂ်ပန္ကို ျပန္ေရာက္သြားခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ဘာစီလုိနာကေန ထြက္ခြာသြားၿပီးေနာက္ သူဟာ ဂ်ပန္မွာ ေျခစြမ္းပိုင္းပိုမိုတုိးတက္လာၿပီး အခုေတာ့ ရီးရဲလ္နဲ႔အတူ စပိန္ကို ျပန္ေရာက္လာသလုိ ဘာစီလုိနာလူငယ္အသင္းနည္းျပ ယိုအန္ဗီလာက အသင္းေဟာင္းအေနနဲ႔ ႀကီးမားတဲ့အမွားက်ဴးလြန္ခဲ့မိတာလုိ႔ ၀န္ခံပါတယ္။

Photo Credit

”ကူဘုိကို အသင္းကေန ထြက္ခြာခြင့္ေပးၿပီး ရီးရဲလ္ကို ေျပာင္းေရႊ႕ခြင့္ေပးခဲ့တာက ဒီႏွစ္ပိုင္းအတြင္း ဘာစီလုိနာရဲ႕အႀကီးမားဆုံးအမွားျဖစ္ပါတယ္”ပူယိုးလ္နဲ႔ ဇာဗီတုိ႔ကို အေရာင္တင္ေပးခဲ့တဲ့ ဗီလာက ေျပာပါတယ္။ ေနာက္နည္းျပတစ္ဦးကလည္း ”ကူဘိုဟာ အလုပ္ႀကိဳးစားသလုိ စည္းကမ္းပိုင္းလည္းေကာင္းၿပီး ပင္ကိုပါရမီလည္း ထက္သန္သူျဖစ္လုိ႔ မၾကာခင္ ပထမအသင္းမွာ ပါ၀င္ခြင့္ရမွာေသခ်ာပါတယ္”လုိ႔ ကူဘိုနဲ႔ပတ္သက္လုိ႔ သူ႕အျမင္ကို ေျပာပါတယ္။

Photo Credit

ကူဘိုဟာ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္အျဖစ္ အသင္းသားေတြနဲ႔အတူ ကေနဒါကို လုိက္ပါသြားၿပီး ေႏြရာသီအတြင္း ခ်ဲလ္ဆီးကေန ေရာက္ရွိလာတဲ့ ဟာဇက္နဲ႔အတူ ေလ့က်င့္ခန္းဆင္းခြင့္ရေနျခင္းအေပၚ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။

Photo Credit

Unicode

လေ့ကျင့်ရေးကွင်းမှာ ရီးရဲလ်အသင်းဖော်တွေကို အပျော်တမ်းကစားသမားတွေဖြစ်သွားစေတဲ့ ကူဘို

ရီးရဲလ်မက်ဒရစ်လူငယ်ကစားသမားလေး ကူဘိုဟာ အခုမှ အသက် ၁၈နှစ်ပဲရှိသေးပေမယ့် အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်သစ်တွေကို အပျော်တမ်းကစားသမားတွေဖြစ်သွားစေတယ်လို့ မီဒီယာတွေက ချီးကျူးနေကြပြီး အွန်လိုင်းမှာထွက်ပေါ်လာတဲ့ သူ့ရဲ့လေ့ကျင့်ရေးကွင်းကလေ့ကျင့်ခန်းဆင်းနေတဲ့ ဗီဒီယိုမှတ်တမ်းလည်း ထွက်ပေါ်လာပါတယ်။ ရီးရဲလ်ဟာ ကူဘိုကို ပေါင် ၁.၇၈သန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာဖြစ်ပြီး ရာသီသစ်အတွက် ဘီအသင်းမှာ စာရင်းထည့်သွင်းထားပါတယ်။
ဒါပေမဲ့ ဂျပန်မက်ဆီလို့ ကျော်ကြားနေတဲ့ ကူဘိုဟာ လေ့ကျင့်ရေးကွင်းမှာ နည်းပြအဖွဲ့ဝင်တွေ သဘောကျစေတဲ့အထိ ခြေစွမ်းပြနေလို့ မျှော်လင့်ထားတာထက် ပိုမိုစောစီးစွာ နည်းပြဇီဒန်းရဲ့အသင်းကြီးမှာ မြင်တွေ့ရဖို့ များနေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့တစ်ဦးချင်းထူးချွန်မှုစွမ်းရည်အရ ပထမအသင်းမှာ ပါဝင်ခွင့်ရဖို့ သိပ်မကြာတော့ဘူးလို့ နည်းပြတွေက မှတ်ချက်ပေးနေပါတယ်။
လာမာစီယာမှာ ၄နှစ်ကြာကျင်လည်ခဲ့တဲ့ ကူဘိုဟာ လူငယ်ကစားသမားတွေကို ခေါ်ယူမှုနဲ့ပတ်သက်လို့ ဘာစီလိုနာအသင်း ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ပင်ခြင်းခံခဲ့ရပြီးနောက် နူးကမ့်အခြေစိုက်အသင်းနဲ့လမ်းခွဲကာ ဂျပန်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားပြီးနောက် သူဟာ ဂျပန်မှာ ခြေစွမ်းပိုင်းပိုမိုတိုးတက်လာပြီး အခုတော့ ရီးရဲလ်နဲ့အတူ စပိန်ကို ပြန်ရောက်လာသလို ဘာစီလိုနာလူငယ်အသင်းနည်းပြ ယိုအန်ဗီလာက အသင်းဟောင်းအနေနဲ့ ကြီးမားတဲ့အမှားကျူးလွန်ခဲ့မိတာလို့ ဝန်ခံပါတယ်။
”ကူဘိုကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီး ရီးရဲလ်ကို ပြောင်းရွှေ့ခွင့်ပေးခဲ့တာက ဒီနှစ်ပိုင်းအတွင်း ဘာစီလိုနာရဲ့အကြီးမားဆုံးအမှားဖြစ်ပါတယ်”ပူယိုးလ်နဲ့ ဇာဗီတို့ကို အရောင်တင်ပေးခဲ့တဲ့ ဗီလာက ပြောပါတယ်။ နောက်နည်းပြတစ်ဦးကလည်း ”ကူဘိုဟာ အလုပ်ကြိုးစားသလို စည်းကမ်းပိုင်းလည်းကောင်းပြီး ပင်ကိုပါရမီလည်း ထက်သန်သူဖြစ်လို့ မကြာခင် ပထမအသင်းမှာ ပါဝင်ခွင့်ရမှာသေချာပါတယ်”လို့ ကူဘိုနဲ့ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။
ကူဘိုဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အဖြစ် အသင်းသားတွေနဲ့အတူ ကနေဒါကို လိုက်ပါသွားပြီး နွေရာသီအတွင်း ချဲလ်ဆီးကနေ ရောက်ရှိလာတဲ့ ဟာဇက်နဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရနေခြင်းအပေါ် ပျော်ရွှင်ကျေနပ်နေပါတယ်။