ေလာင္းစတပ္ဖ္အတြက္ ေပါင္သန္း ၅၀သတ္မွတ္မႈေၾကာင့္ ယူႏုိက္တက္ ေရွာ့ခ္ျဖစ္သြား

Photo Credit

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းဟာ သူတုိ႔ေခၚယူဖုိ႔ စိတ္၀င္စားေနတဲ့ လူငယ္ကြင္းလယ္လူ ေလာင္းစတပ္ဖ္အတြက္ နယူးကာဆယ္အသင္းက ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၅၀အထိ သတ္မွတ္ထားမႈအေပၚ အံ့အားသင့္တုန္လႈပ္လ်က္ရွိေၾကာင္း သိရပါတယ္။ ယူႏုိက္တက္အသင္းအမႈေဆာင္အရာရွိခ်ဳပ္ ၀ုဒ္၀က္ဒ္က ၿပီးခဲဲ့တဲ့ရက္သတၱပတ္အကုန္မွာ နယူးကာဆယ္အသင္းမန္ေနးဂ်င္းဒါ႐ိုက္တာ လီခ်န္ေလးနဲ႔ ေလာင္းစတပ္ဖ္ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေဆြးေႏြးခဲ့ရာမွာ နယူးကာဆယ္အသင္းက အံ့အားသင့္ဖြယ္အျဖစ္ ေပါင္သန္း ၅၀အထိ သတ္မွတ္ထားတယ္ဆုိတဲ့အေၾကာင္း ယူႏုိက္တက္ကို အသိေပးခဲ့တာပါ။

Photo Credit ; Getty Images

ေလာင္းစတပ္ဖ္ဟာ ဒီဇင္ဘာလေရာက္မွ သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲကစားခဲ့ရသလုိ အသင္းအတြက္ စုစုေပါင္း ၁၆ပဲြပဲကစားထားရေသးေပမယ့္ နယူးကာဆယ္အသင္းကေတာ့ ပဲေလ့စ္ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာအတြက္ ယူႏုိက္တက္အသင္း သုံးစြဲခဲ့ရတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ယွဥ္ကာ ေလာင္းစတပ္ဖ္ရဲ႕တန္ဖိုးကို ျမင့္မားစြာသတ္မွတ္လုိက္တာျဖစ္ပါတယ္။ ယူႏုိက္တက္က ေလာင္းစတပ္ဖ္အတြက္ အျမင့္ဆုံးေပါင္သန္း ၂၀သာ သုံးစြဲလိုၿပီး ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးက ကြာျခားလြန္းေနလို႔ အေျပာင္းအေရႊ႕က ျဖစ္ေပၚလာဖို႔ ရာခုိင္ႏႈန္းအေတာ္ေလးနည္းေနပါတယ္။

Photo Credit ; Getty Images

အသက္ ၂၁ႏွစ္အရြယ္ရွိ ေလာင္းစတပ္ဖ္ဟာ ၿပီးခဲ့တဲ့မတ္လက နယူးကာဆယ္အသင္းတာ၀န္ရွိသူေတြနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကိစၥအဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနေပမယ့္ ႏွစ္သင္းၾကားေဆြးေႏြးမႈေတြကေတာ့ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖုိ႔ ေ၀းကြာေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အဂၤလန္ေနာက္ခံလူ မက္ဂြိဳင္းယားရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ လက္စတာအသင္းနဲ႔ ေဆြးေႏြးညႇိဳႏိႈင္းမႈကလည္း အဆင္မေျပေသးဘဲ နည္းျပဆုိးလ္ရွားကလည္း မိမိတို႔အသင္းအေနနဲ႔ ကစားသမားေတြကို သူတုိ႔ရဲ႕တန္ေၾကးထက္ပိုၿပီးေပးေခ်မွာမဟုတ္ေၾကာင္း ရွင္းလင္းေျပာၾကားထားပါတယ္။

Photo Credit

Unicode

လောင်းစတပ်ဖ်အတွက် ပေါင်သန်း ၅၀သတ်မှတ်မှုကြောင့် ယူနိုက်တက် ရှော့ခ်ဖြစ်သွား

ယူနိုက်တက်အသင်းဟာ သူတို့ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လူငယ်ကွင်းလယ်လူ လောင်းစတပ်ဖ်အတွက် နယူးကာဆယ်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀အထိ သတ်မှတ်ထားမှုအပေါ် အံ့အားသင့်တုန်လှုပ်လျက်ရှိကြောင်း သိရပါတယ်။ ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဝုဒ်ဝက်ဒ်က ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ နယူးကာဆယ်အသင်းမန်နေးဂျင်းဒါရိုက်တာ လီချန်လေးနဲ့ လောင်းစတပ်ဖ်ရဲ့ပြောင်းရွှေ့ကြေးကို ဆွေးနွေးခဲ့ရာမှာ နယူးကာဆယ်အသင်းက အံ့အားသင့်ဖွယ်အဖြစ် ပေါင်သန်း ၅၀အထိ သတ်မှတ်ထားတယ်ဆိုတဲ့အကြောင်း ယူနိုက်တက်ကို အသိပေးခဲ့တာပါ။
လောင်းစတပ်ဖ်ဟာ ဒီဇင်ဘာလရောက်မှ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲကစားခဲ့ရသလို အသင်းအတွက် စုစုပေါင်း ၁၆ပွဲပဲကစားထားရသေးပေမယ့် နယူးကာဆယ်အသင်းကတော့ ပဲလေ့စ်ညာနောက်ခံလူ ဝမ်ဘစ်ဆာကာအတွက် ယူနိုက်တက်အသင်း သုံးစွဲခဲ့ရတဲ့ပြောင်းရွှေ့ကြေးနဲ့ယှဉ်ကာ လောင်းစတပ်ဖ်ရဲ့တန်ဖိုးကို မြင့်မားစွာသတ်မှတ်လိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်က လောင်းစတပ်ဖ်အတွက် အမြင့်ဆုံးပေါင်သန်း ၂၀သာ သုံးစွဲလိုပြီး နှစ်သင်းကြား ပြောင်းရွှေ့ကြေးက ကွာခြားလွန်းနေလို့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းအတော်လေးနည်းနေပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ လောင်းစတပ်ဖ်ဟာ ပြီးခဲ့တဲ့မတ်လက နယူးကာဆယ်အသင်းတာဝန်ရှိသူတွေနဲ့ စာချုပ်သစ်ချုပ်ဆိုရေးကိစ္စအဆင်မပြေဖြစ်ခဲ့ရပြီးနောက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် နှစ်သင်းကြားဆွေးနွေးမှုတွေကတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဝေးကွာနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားရဲ့ပြောင်းရွှေ့ကြေးအတွက် လက်စတာအသင်းနဲ့ ဆွေးနွေးညှိုနှိုင်းမှုကလည်း အဆင်မပြေသေးဘဲ နည်းပြဆိုးလ်ရှားကလည်း မိမိတို့အသင်းအနေနဲ့ ကစားသမားတွေကို သူတို့ရဲ့တန်ကြေးထက်ပိုပြီးပေးချေမှာမဟုတ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။