ေလလံပစ္မယ့္ ေသာ့ခတ္ထားတဲ့ႏႈတ္ခမ္းေတြ

PC ; Internet

ဖီဖာတစ္ႏွစ္တာအေကာင္းဆံုးဆုဂယက္က အေတာ္ေလးရိုက္ခတ္ေနတယ္။မက္ဆီ၊စီေရာ္နယ္ဒိုနဲ႔ဗန္ဒိုက္။အားလံုးဟာ ပရိသတ္ကိုယ္စီရွိၾကတဲ့ ၾကယ္ပြင့္ကစားသမားေတြခ်ည္းပဲေလ။အေကာင္းဆံုးဆု ဘယ္သူပဲရရ အနည္းနဲ႔အမ်ားေတာ့ အသံထြက္မယ္ဆိုတာ ေသခ်ာပါတယ္။အခုေတာ့ မက္ဆီဆုရဖို႔ ဖီဖာကပဲ မဲလိမ္ခဲ့သလို သတင္းေတြထြက္ေနတာေၾကာင့္ ပိုၿပီးပြဲဆူခဲ့ရတာပါ။ဘာပဲျဖစ္ျဖစ္ ကမာၻ႔အေကာင္းဆံုးကစားသမား၊တစ္နည္းအားျဖင့္ ေဘာလံုးသမိုင္းရဲ႕ထာ၀ရအေကာင္းဆံုးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ယွဥ္ၿပိဳင္လာခဲ့ၾကတဲ့ မက္ဆီေရာ စီေရာ္နယ္ဒိုပါ ဒီသတင္းၾကားရင္ သိခ်င္စိတ္ျပင္းျပသြားၾကပါလိမ့္မယ္။ “ေသာ့ခတ္ထားတဲ့ႏႈတ္ခမ္းေတြ”။

PC ; Internet

ဒါဟာ စူပါၾကယ္ပြင့္ႏွစ္ဦးရဲ႕ အမုန္းတရားေတြကိုေျပၿငိမ္းေစဖို႔ရည္ရြယ္ပါလိမ့္မယ္။အာဂ်င္တီးနားသားနဲ႔ေပၚတူဂီတိုက္စစ္မွဴးဟာ မတ္တပ္ရပ္ၿပီး အနမ္းေတြဖလွယ္ေနၾကတယ္။မက္ဆီဆို ေျခဖ်ားေလးေတာင္ ေထာက္လို႔။ရန္သူေတာ္ႏွစ္ဦးကို တမင္ေလွာင္ေျပာင္လိုတဲ့သေဘာနဲ႔ ေရးဆြဲခဲ့တာလားဆိုတာေတာ့ ပန္းခ်ီဆရာဆယ္ဗာတိုရီဘန္နင္တန္ဒီသာ သိပါလိမ့္မယ္။လမ္းမေတြ၊တိုက္နံရံေတြ စတဲ့ လူျမင္ကြင္းေတြမွာ သူ႔ရဲ႕ပန္းခ်ီေဆးေရးအတတ္နဲ႔ေဖ်ာ္ေျဖတင္ဆက္တတ္တဲ့ ဘန္နင္တန္ဒီဟာ ဒီပံုကို ၂၀၁၇ ခုႏွစ္မွာ ဖန္တီးခဲ့တာပါ။

PC ; Internet

တိတိက်က်ေျပာရရင္ ဘာစီလိုနာနဲ႔ရီးရဲလ္တို႔ ကစားမယ့္ ၂၀၁၇ ဧၿပီ ၂၃ရက္ အယ္လ္ကလက္စီကိုပြဲစဥ္မတိုင္ခင္ေပါ့။ထူးျခားတာက အဲဒီေန႔ဟာ ကာတာလိုနီယာေဒသရဲ႕ သူေတာ္စင္စိန္႔ေဂ်ာ့ပြဲေတာ္ေန႔ ျဖစ္ေနတာပါပဲ။ဒါေၾကာင့္ ဘန္နင္တန္ဒီဟာ ဘာစီလိုနာၿမိဳ႔လယ္က ပက္စီယိုဒီဂရာစီယာလမ္းေပၚမွာ အျမင့္ ၁.၇မီတာ၊အက်ယ္ ၀.၆မီတာရွိတဲ့ ဒီပံုကို အပတ္တကုတ္ဖန္တီးျဖစ္ခဲ့တာပါ။

PC ; Internet

မက္ဆီနဲ႔စီေရာ္နယ္ဒိုရဲ႕ ဆန္းက်ယ္လြန္းတဲ့ပံုတူပန္းခ်ီဟာ ကမာၻ႔လွည့္ခရီးသြားေတြကိုေတာင္ ဆြဲေဆာင္ႏိုင္ခဲ့သလို ဘာစီလိုနာၿမိဳ႔႕ရဲ႕ျပယုဂ္တစ္ခုျဖစ္လာခဲ့ပါတယ္။နာမည္ေက်ာ္ျပင္သစ္ေဘာလံုးမဂဇင္းက သူတို႔မ်က္ႏွာဖံုးမွာ ယူသံုးရတဲ့အထိပါပဲ။အခုေတာ့ ဒီပံုတူပန္းခ်ီကားကို ေလလံပစ္ပါေတာ့မယ္။ကာယကံရွင္ရဲ႕ခြင့္ျပဳခ်က္ရထားၿပီျဖစ္သလို အြန္လိုင္းေလလံပြဲဟာ ေအာက္တိုဘာလ ၂၄ရက္ေန႔မွာအဆံုးသတ္မယ္လို႔ ဘာစီလိုနာၿမိဳ႔ေတာ္အာဏာပိုင္ေတြက ေၾကညာထားပါတယ္။ေလလံပြဲကရလာတဲ့ေငြေတြကို လူမႈအက်ိဳးျပဳလုပ္ငန္းေတြမွာ ရန္ပံုေငြအျဖစ္လွဴဒါန္းသြားမွာျဖစ္ပါသတဲ့။

(unicode)

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုဂယက်က အတော်လေးရိုက်ခတ်နေတယ်။မက်ဆီ၊စီရော်နယ်ဒိုနဲ့ဗန်ဒိုက်။အားလုံးဟာ ပရိသတ်ကိုယ်စီရှိကြတဲ့ ကြယ်ပွင့်ကစားသမားတွေချည်းပဲလေ။အကောင်းဆုံးဆု ဘယ်သူပဲရရ အနည်းနဲ့အများတော့ အသံထွက်မယ်ဆိုတာ သေချာပါတယ်။အခုတော့ မက်ဆီဆုရဖို့ ဖီဖာကပဲ မဲလိမ်ခဲ့သလို သတင်းတွေထွက်နေတာကြောင့် ပိုပြီးပွဲဆူခဲ့ရတာပါ။ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အကောင်းဆုံးကစားသမား၊တစ်နည်းအားဖြင့် ဘောလုံးသမိုင်းရဲ့ထာဝရအကောင်းဆုံးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆယ်စုနှစ်တစ်ခုကျော်ယှဉ်ပြိုင်လာခဲ့ကြတဲ့ မက်ဆီရော စီရော်နယ်ဒိုပါ ဒီသတင်းကြားရင် သိချင်စိတ်ပြင်းပြသွားကြပါလိမ့်မယ်။ “သော့ခတ်ထားတဲ့နှုတ်ခမ်းတွေ”။ဒါဟာ စူပါကြယ်ပွင့်နှစ်ဦးရဲ့ အမုန်းတရားတွေကိုပြေငြိမ်းစေဖို့ရည်ရွယ်ပါလိမ့်မယ်။အာဂျင်တီးနားသားနဲ့ပေါ်တူဂီတိုက်စစ်မှူးဟာ မတ်တပ်ရပ်ပြီး အနမ်းတွေဖလှယ်နေကြတယ်။မက်ဆီဆို ခြေဖျားလေးတောင် ထောက်လို့။ရန်သူတော်နှစ်ဦးကို တမင်လှောင်ပြောင်လိုတဲ့သဘောနဲ့ ရေးဆွဲခဲ့တာလားဆိုတာတော့ ပန်းချီဆရာဆယ်ဗာတိုရီဘန်နင်တန်ဒီသာ သိပါလိမ့်မယ်။လမ်းမတွေ၊တိုက်နံရံတွေ စတဲ့ လူမြင်ကွင်းတွေမှာ သူ့ရဲ့ပန်းချီဆေးရေးအတတ်နဲ့ဖျော်ဖြေတင်ဆက်တတ်တဲ့ ဘန်နင်တန်ဒီဟာ ဒီပုံကို ၂၀၁၇ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။တိတိကျကျပြောရရင် ဘာစီလိုနာနဲ့ရီးရဲလ်တို့ ကစားမယ့် ၂၀၁၇ ဧပြီ ၂၃ရက် အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင်ပေါ့။ထူးခြားတာက အဲဒီနေ့ဟာ ကာတာလိုနီယာဒေသရဲ့ သူတော်စင်စိန့်ဂျော့ပွဲတော်နေ့ ဖြစ်နေတာပါပဲ။ဒါကြောင့် ဘန်နင်တန်ဒီဟာ ဘာစီလိုနာမြို့လယ်က ပက်စီယိုဒီဂရာစီယာလမ်းပေါ်မှာ အမြင့် ၁.၇မီတာ၊အကျယ် ဝ.၆မီတာရှိတဲ့ ဒီပုံကို အပတ်တကုတ်ဖန်တီးဖြစ်ခဲ့တာပါ။မက်ဆီနဲ့စီရော်နယ်ဒိုရဲ့ ဆန်းကျယ်လွန်းတဲ့ပုံတူပန်းချီဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကိုတောင် ဆွဲဆောင်နိုင်ခဲ့သလို ဘာစီလိုနာမြို့ရဲ့ပြယုဂ်တစ်ခုဖြစ်လာခဲ့ပါတယ်။နာမည်ကျော်ပြင်သစ်ဘောလုံးမဂဇင်းက သူတို့မျက်နှာဖုံးမှာ ယူသုံးရတဲ့အထိပါပဲ။အခုတော့ ဒီပုံတူပန်းချီကားကို လေလံပစ်ပါတော့မယ်။ကာယကံရှင်ရဲ့ခွင့်ပြုချက်ရထားပြီဖြစ်သလို အွန်လိုင်းလေလံပွဲဟာ အောက်တိုဘာလ ၂၄ရက်နေ့မှာအဆုံးသတ်မယ်လို့ ဘာစီလိုနာမြို့တော်အာဏာပိုင်တွေက ကြေညာထားပါတယ်။လေလံပွဲကရလာတဲ့ငွေတွေကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ရန်ပုံငွေအဖြစ်လှူဒါန်းသွားမှာဖြစ်ပါသတဲ့။