ေရွာခေရာ႔စ္ေျခေထာက္က်ဳိးသြားတာ ၀ဋ္လည္တာလို႔ အာဆင္နယ္ပရိသတ္ေတြဆို

စတုတ္စီးတီးအသင္းေနာက္ခံလူ ရြိဳင္ယန္ေရွာခေရာ႔စ္ဟာ လက္စတာနဲ႔ေျခစမ္းခဲ့တဲ႔ ပြဲမွာဘယ္ဘက္ေျခေထာက္က်ဳိးသြားခဲ့ၿပီးေနာက္ ဒါဟာ ရမး္ေဆးကိုမတရားဖ်က္ထုတ္ခဲ့မႈေၾကာင့္ ၀ဋ္ျပန္လည္တာဆိုၿပီး အာဆင္နယ္ပရိသတ္ေတြယူဆေနၾကပါတယ္။

ဒီပြဲရဲ႕ပထမပိုင္းၿပီးကာနီးမွာ လက္စတာေတာင္ပံကစားသမား မက္အယ္လ္ဘရုိက္တန္ကို ဖ်က္ထုတ္မႈကေနတစ္ဆင့္ ေရွာခေရာ႔စ္ေျခေထာက္က်ဳိးသြားတာျဖစ္ပါတယ္။သူဖ်က္ထုတလိုက္မႈဟာ ေဘာလုံးကိုရခဲ့ေပမယ္႔ က်န္ခဲ့တဲ႔ေျခေထာက္က ပုံစံမမွန္ဘဲျဖစ္ခဲ့လို႔ ေျခခ်င္း၀တ္အထက္နားကေန လုံး၀ကိုက်ဳိးထြက္သြားတာျဖစ္ပါတယ္။

ဒါေၾကာင့္ ကစားေဖာ္ေတြကေဆးအဖြဲ႔ကိုအျမန္ေခၚယူခဲ့ၾကၿပီး နာက်င္တာသက္သာဖို႔အတြက္ ေအာက္ဆီေပးခဲ့ရတဲ႔အထိျဖစ္ခဲ့ရတာပါ။ သူဟာဒီဒဏ္ရာေၾကာင့္ လာမယ္႔ရာသီတစ္ခုလုံးနီးပါးကိုလြဲေခ်ာ္ဖို႔မ်ားတယ္လို႔လည္း စတုတ္နည္းျပ နသန္ဂ်ဳံးစ္က ေျပာခဲ့ပါတယ္။

ေရွာခေရာ႔စ္ဟာၿပီးခဲ့တဲ႔ ၉ ႏွစ္တုန္းျဖစ္တဲ႔ ၂၀၁၀ ေဖေဖၚ၀ါရီလတုန္းက အာဆင္နယ္ကြင္းလယ္လူ ရမး္ေဆးကိုျပင္းထန္စြာဖ်က္ထုတ္ခဲ့သူျဖစ္ၿပီး အဲဒီတုန္းက ရမး္ေဆးဟာေျခေထာက္အရိုး ၂ ေခ်ာင္းစလုံးက်ဳိးသြားလို႔ တစ္ႏွစ္ေက်ာ္ၾကာနားခဲ့ရပါတယ္။ အဲဒီတုန္းက အာဆင္နယ္နည္းျပ အာစင္၀င္းဂါးနဲ႔ စတုတ္နည္းျပ တိုနီပူလစ္တို႔အၾကား အျငင္းပြားမႈကေနတစ္ဆင့္ ကြင္းထဲမွာၾကမး္တမ္းတဲ႔အထိျဖစ္ကုန္ၾကတာလို႔ ယူဆသူေတြရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္း  ေရွာခေရာ႔စ္ရဲ႕သတင္းၾကားၿပီးခ်ိန္မွာ အာဆင္နယ္ပရိသတ္အခ်ဳိ႕က သူ႔ကိုတြစ္တာေပၚကေနေ၀ဖန္ခဲ့ၾကၿပီး ရမ္းေဆးအတြက္တရားမွ်တမႈျပန္ရတာလို႔ ဆိုၾကသလို တစ္ခ်ဳိ႕ကလည္း ၀ဋ္လည္တာလို႔ အသီးသီးေရးသားခဲ့ၾကပါတယ္။

Unicode

ရှောခရော့စ်ခြေထောက်ကျိုးသွားတာ ဝဋ်လည်တာလို့ အာဆင်နယ်ပရိသတ်တွေဆို
စတုတ်စီးတီးအသင်းနောက်ခံလူ ရွိုင်ယန်ရှောခရော့စ်ဟာ လက်စတာနဲ့ခြေစမ်းခဲ့တဲ့ ပွဲမှာဘယ်ဘက်ခြေထောက်ကျိုးသွားခဲ့ပြီးနောက် ဒါဟာ ရမ်းဆေးကိုမတရားဖျက်ထုတ်ခဲ့မှုကြောင့် ဝဋ်ပြန်လည်တာဆိုပြီး အာဆင်နယ်ပရိသတ်တွေယူဆနေကြပါတယ်။

ဒီပွဲရဲ့ပထမပိုင်းပြီးကာနီးမှာ လက်စတာတောင်ပံကစားသမား မက်အယ်လ်ဘရိုက်တန်ကို ဖျက်ထုတ်မှုကနေတစ်ဆင့် ရှောခရော့စ်ခြေထောက်ကျိုးသွားတာဖြစ်ပါတယ်။သူဖျက်ထုတလိုက်မှုဟာ ဘောလုံးကိုရခဲ့ပေမယ့် ကျန်ခဲ့တဲ့ခြေထောက်က ပုံစံမမှန်ဘဲဖြစ်ခဲ့လို့ ခြေချင်းဝတ်အထက်နားကနေ လုံးဝကိုကျိုးထွက်သွားတာဖြစ်ပါတယ်။

ဒါကြောင့် ကစားဖော်တွေကဆေးအဖွဲ့ကိုအမြန်ခေါ်ယူခဲ့ကြပြီး နာကျင်တာသက်သာဖို့အတွက် အောက်ဆီပေးခဲ့ရတဲ့အထိဖြစ်ခဲ့ရတာပါ။ သူဟာဒီဒဏ်ရာကြောင့် လာမယ့်ရာသီတစ်ခုလုံးနီးပါးကိုလွဲချော်ဖို့များတယ်လို့လည်း စတုတ်နည်းပြ နသန်ဂျုံးစ်က ပြောခဲ့ပါတယ်။

ရှောခရော့စ်ဟာပြီးခဲ့တဲ့ ၉ နှစ်တုန်းဖြစ်တဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလတုန်းက အာဆင်နယ်ကွင်းလယ်လူ ရမ်းဆေးကိုပြင်းထန်စွာဖျက်ထုတ်ခဲ့သူဖြစ်ပြီး အဲဒီတုန်းက ရမ်းဆေးဟာခြေထောက်အရိုး ၂ ချောင်းစလုံးကျိုးသွားလို့ တစ်နှစ်ကျော်ကြာနားခဲ့ရပါတယ်။ အဲဒီတုန်းက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနဲ့ စတုတ်နည်းပြ တိုနီပူလစ်တို့အကြား အငြင်းပွားမှုကနေတစ်ဆင့် ကွင်းထဲမှာကြမ်းတမ်းတဲ့အထိဖြစ်ကုန်ကြတာလို့ ယူဆသူတွေရှိခဲ့ပါတယ်။

ဒါကြောင့်လည်း  ရှောခရော့စ်ရဲ့သတင်းကြားပြီးချိန်မှာ အာဆင်နယ်ပရိသတ်အချို့က သူ့ကိုတွစ်တာပေါ်ကနေဝေဖန်ခဲ့ကြပြီး ရမ်းဆေးအတွက်တရားမျှတမှုပြန်ရတာလို့ ဆိုကြသလို တစ်ချို့ကလည်း ဝဋ်လည်တာလို့ အသီးသီးရေးသားခဲ့ကြပါတယ်။