
Photo Credit
Photo Credit ; Getty Images
ဘိုင္ယန္ျမဴးနစ္ဂႏၳ၀င္ကစားသမား အာဂ်န္ေရာ္ဘင္က မိမိနဲ႔လက္တြဲခဲ့ဖူးတဲ့နည္းျပေတြအနက္ အေကာင္းဆုံးနည္းျပကို ေရြးထုတ္ခဲ့ရာ ဟိုေဆးေမာ္ရင္ညိဳနဲ႔ ကာလိုအန္ဆေလာ့တီတို႔ရဲ႕အထက္မွာ ဂြါဒီယိုလာကို အေကာင္းဆုံးနည္းျပအျဖစ္ သတ္မွတ္ခ့ဲေၾကာင္း သိရပါတယ္။
Photo Credit ; Reuters
အသက္ ၃၅ႏွစ္အရြယ္ရွိ နယ္သာလန္လက္ေရြးစင္ေဟာင္း ေရာ္ဘင္ဟာ ၿပီးခဲ့တဲ့ရာသီအကုန္က ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူသြားခဲ့သူျဖစ္ၿပီး ကစားသမားဘ၀ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။
Photo Credit ; Getty Images
၂၀၀၉ ခုႏွစ္က ဘိုင္ယန္ကို ေရာက္လာၿပီးေနာက္ ၁၀ႏွစ္ၾကာကစားခ့ဲတဲ့ ေရာ္ဘင္ဟာ ျမဴးနစ္အေျခစုိက္အသင္းကို မေရာက္ရွိခင္ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္တုိ႔မွာလည္း ကစားခဲ့ဖူးၿပီး ကမၻာ့အေကာင္းဆုံးနည္းျပေတြနဲ႔ လက္တြဲအလုပ္လုပ္ခြင့္ရရွိခဲ့ပါတယ္။
Photo Credit
”ကၽြန္ေတာ္နဲ႔လက္တြဲခဲ့ဖူးတ့ဲနည္းျပေတြအနက္ ဘယ္သူအေကာင္းဆုံးလဲဆုိတဲ့ေမးခြန္းက အေတာ္ေလးခက္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ကုိသာ ဒီေမးခြန္းေမးလာရင္ ဂြါဒီယိုလာလုိ႔ပဲ ေျဖခ်င္ပါတယ္။ ကၽြန္ေတာ္ဟာ ေဘာလုံးေလာကနဲ႔ပတ္သက္လုိ႔ သူနဲ႔လက္တြဲခဲ့တဲ့ကာလအတြင္း အမ်ားဆုံးေပ်ာ္ရႊင္ခဲ့ရပါတယ္”
Photo Credit ; Getty Images
”သူက ေဘာလုံးဉာဏ္ႀကီးရွင္ျဖစ္ၿပီး တကယ့္ကုိ အံ့အားသင့္စရာေကာင္းတဲ့နည္းျပျဖစ္ပါတယ္။ ဘုိင္ယန္ကို ဂြါဒီယိုလာ ေရာက္လာခ်ိန္မွာ ကၽြန္ေတာ္က အသက္ ၃၀ရွိေနပါၿပီ။ အဲဒီအသက္အရြယ္က ေျခစြမ္းတစ္သမတ္တည္းရွိဖို႔ပဲ ႀကိဳးစားရမယ့္အရြယ္ျဖစ္ေပမယ့္ သူေရာက္လာေတာ့ ကၽြန္ေတာ္ ပိုေကာင္းလာပါတယ္”
Photo Credit ; Reuters
”ၿပီးေတာ့ ကၽြန္ေတာ္တစ္ခါမွမေတြးဖူးတဲ့ေနရာေတြမွာလည္း ကစားခဲ့ရပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ သူက အေကာင္းဆုံးနည္းျပပါပဲ”လုိ႔ ေရာ္ဘင္က ေျပာၾကားခဲ့ပါတယ္။
Photo Credit
ဘိုင္ယန္ျမဴးနစ္ဟာ ဘာစီလုိနာကြင္းလယ္လူ ေကာ္တင္ညိဳကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ေခၚယူခဲ့ၿပီး ရာသီကုန္ခ်ိန္မွာ ယူ႐ိုသန္း ၁၂၀ နဲ႔ အၿပီးသတ္ေခၚယူခြင့္လည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။ ဘရာဇီးလက္ေရြးစင္ ေကာ္တင္ညိဳဟာ ဘုိင္ယန္မွာ ေရာ္ဘင္ရဲ႕ေက်ာနံပါတ္ ၁၀ အက်ႌ၀တ္ဆင္ကစားမွာျဖစ္ပါတယ္။
Photo Credit ; Reuters
”ေကာ္တင္ညိဳက ကမၻာ့အဆင့္ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကုိလည္း ကူညီေပးႏိုင္မွာေသခ်ာပါတယ္။ လုံး၀ကိုစူပါအေျပာင္းအေရႊ႕ပါပဲ။ သူ႕အေနနဲ႔ ပတ္၀န္းက်င္အသစ္မွာ အထုိင္က်ဖို႔ အခ်ိန္လိုႏိုင္ေပမယ့္ သူ႕စေကးနဲ႔ဆုိ အဆင္ေျပလာႏိုင္ပါတယ္”လုိ႔ ေရာ္ဘင္က ေျပာပါတယ္။
Photo Credit ; Reuters
Unicode
ရော်ဘင်အတွက် အကောင်းဆုံးနည်းပြက မော်ရင်ညိုလား…ဂွါဒီယိုလာလား…
ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမား အာဂျန်ရော်ဘင်က မိမိနဲ့လက်တွဲခဲ့ဖူးတဲ့နည်းပြတွေအနက် အကောင်းဆုံးနည်းပြကို ရွေးထုတ်ခဲ့ရာ ဟိုဆေးမော်ရင်ညိုနဲ့ ကာလိုအန်ဆလော့တီတို့ရဲ့အထက်မှာ ဂွါဒီယိုလာကို အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
အသက် ၃၅နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်ဟောင်း ရော်ဘင်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဘိုင်ယန်မြူးနစ်အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားခဲ့သူဖြစ်ပြီး ကစားသမားဘ၀ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်က ဘိုင်ယန်ကို ရောက်လာပြီးနောက် ၁၀နှစ်ကြာကစားခဲ့တဲ့ ရော်ဘင်ဟာ မြူးနစ်အခြေစိုက်အသင်းကို မရောက်ရှိခင် ချဲလ်ဆီးနဲ့ ရီးရဲလ်တို့မှာလည်း ကစားခဲ့ဖူးပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတွေနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရရှိခဲ့ပါတယ်။
”ကျွန်တော်နဲ့လက်တွဲခဲ့ဖူးတဲ့နည်းပြတွေအနက် ဘယ်သူအကောင်းဆုံးလဲဆိုတဲ့မေးခွန်းက အတော်လေးခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုသာ ဒီမေးခွန်းမေးလာရင် ဂွါဒီယိုလာလို့ပဲ ဖြေချင်ပါတယ်။ ကျွန်တော်ဟာ ဘောလုံးလောကနဲ့ပတ်သက်လို့ သူနဲ့လက်တွဲခဲ့တဲ့ကာလအတွင်း အများဆုံးပျော်ရွှင်ခဲ့ရပါတယ်”
”သူက ဘောလုံးဉာဏ်ကြီးရှင်ဖြစ်ပြီး တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့နည်းပြဖြစ်ပါတယ်။ ဘိုင်ယန်ကို ဂွါဒီယိုလာ ရောက်လာချိန်မှာ ကျွန်တော်က အသက် ၃၀ရှိနေပါပြီ။ အဲဒီအသက်အရွယ်က ခြေစွမ်းတစ်သမတ်တည်းရှိဖို့ပဲ ကြိုးစားရမယ့်အရွယ်ဖြစ်ပေမယ့် သူရောက်လာတော့ ကျွန်တော် ပိုကောင်းလာပါတယ်”
”ပြီးတော့ ကျွန်တော်တစ်ခါမှမတွေးဖူးတဲ့နေရာတွေမှာလည်း ကစားခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော့ သူက အကောင်းဆုံးနည်းပြပါပဲ”လို့ ရော်ဘင်က ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ညိုကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်ချိန်မှာ ယူရိုသန်း ၁၂၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင် ကော်တင်ညိုဟာ ဘိုင်ယန်မှာ ရော်ဘင်ရဲ့ကျောနံပါတ် ၁၀ အင်္ကျီဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
”ကော်တင်ညိုက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုလည်း ကူညီပေးနိုင်မှာသေချာပါတယ်။ လုံးဝကိုစူပါအပြောင်းအရွှေ့ပါပဲ။ သူ့အနေနဲ့ ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ အချိန်လိုနိုင်ပေမယ့် သူ့စကေးနဲ့ဆို အဆင်ပြေလာနိုင်ပါတယ်”လို့ ရော်ဘင်က ပြောပါတယ်။